အခ်စ္ေရးမွာ ဆရာက်တဲ့သူေတြဆိုတာ ဒီလိုလူ (၃) မ်ိဳးစလံုးနဲ႔ ဆံုဖူးတဲ့သူေတြပါ….


Zawgyiျဖင့္ဖတ္ရန္

ဘဝမွာ လူေတြၾကံဳေတြ႕ရတဲ့ အခ်စ္အမ်ိဳးအစားေတြကို ခြဲျခမ္းစိတ္ျဖာလိုက္တဲ့အခါမွာ ေယဘုယ်အားျဖင့္ (၃) မ်ိဳးပဲ ရွိပါသတဲ့။ လူတစ္ေယာက္ရဲ႕ ဘဝမွာ ဒီလူ (၃) မ်ိဳးထဲက တစ္မ်ိဳးမ်ိဳးနဲ႔ေတာ့ မလြဲမေသြၾကံဳဆံုၾကပါတယ္။ ဒါေပမယ့္ (၃) မ်ိဳးစလံုးၾကံဳဖူးတဲ့သူေတြကေတာ့ အခ်စ္ေရးမွာ ဆရာက်တဲ့သူေတြလုိ႔ေျပာလုိ႔ရပါတယ္။ ဘယ္လိုလူမ်ိဳးေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။

(၁) ပံုျပင္ဆန္တဲ့အခ်စ္မ်ိဳး

ပံုျပင္ဆန္တဲ့ အခ်စ္မ်ိဳးဆိုတာ ဇာတ္လမ္းတြဲေတြထဲကလို၊ ဒရာမာဇာတ္ကားေတြထဲကလို ဒါမွမဟုတ္ ကိုယ့္ရဲ႕ စိတ္ကူးထဲကအတိုင္း ေတြ႕ဆံုရတဲ့ အခ်စ္ေရးမ်ိဳးျဖစ္ပါတယ္။ တီဗီထဲမွာေတာ့ ဒီလုိအခ်စ္ေရးမ်ိဳးဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အဆံုးသတ္ရေလ့ရွိေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ အဆံုးသတ္က ထင္သလိုမျဖစ္တတ္ပါဘူး။ ဇာတ္လမ္းထဲကလိုမဟုတ္ပဲ သင့္ရဲ႕ မင္းသားေလးဟာ အေယာင္အေဆာင္ေတြနဲ႔၊ မာယာေတြနဲ႔ ျပည့္ေနတဲ့သူမ်ိဳးလည္း ျဖစ္ေနတတ္ပါတယ္။ အေကာင္းဆံုးေမွ်ာ္လင့္ၾကိဳးစားခဲ့ေပမယ့္ အဆံုးသတ္က မလွမပနဲ႔ ဇာတ္သိမ္းရတာမ်ိဳးေပါ့။

(၂) နာက်င္ရတဲ့အခ်စ္မ်ိဳး

နာက်င္မႈေတြ ေပးတဲ့အခ်စ္မ်ိဳးဟာ ခံစားရအခက္ဆံုးျဖစ္ပါတယ္။ ဒါဟာ အဆိပ္ရည္ေန႔တိုင္းေသာက္ေနရတာနဲ႔ အလားတူပါတယ္။ ဒီလိုအခ်စ္ေရးမ်ိဳးကို ပို္င္ဆုိင္ထားတဲ့သင္ဟာ တစ္ေန႔ေန႕ေတာ့ အဆင္ေျပလာမွာပါ၊ ေကာင္းသြားမွာပါဆိုတဲ့ စိတ္မ်ိဳးနဲ႔ ၾကိတ္မွိတ္သည္းခံေနမွာပါ။ ဒါေပမယ့္လည္း သင္ထင္ထားတာထက္ပိုျပီး ဒီလုိအခ်စ္ေရးမ်ိဳးဟာ ခက္ခဲၾကမ္းတမ္းတယ္ဆိုတာ သင္နားလည္လာမွာပါ။ အလိမ္အညာေတြ၊ ပူေလာင္မႈေတြ၊ နာက်င္မႈေတြ၊ စိတ္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆိုင္ရာ ညွင္းပန္းႏွိပ္စက္မႈေတြနဲ႔ ျပည့္ေနတဲ့ အခ်စ္ေရးမ်ိဳးျဖစ္ျပီး ဘယ္ဖက္ကပဲၾကည့္ၾကည့္ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ အခ်စ္ေရးမ်ိဳးပါ။ သင့္ကို ဘယ္ေတာ့မွ ေပ်ာ္ရႊင္မႈေတြေပးမွာမဟုတ္တဲ့ သူမ်ိဳးနဲ႔ ခ်စ္မိတာမ်ိဳးေပါ့။

(၃) မေမွ်ာ္လင့္ထားတဲ့အခ်စ္မ်ိဳး

ဒီလိုအခ်စ္ေရးမ်ိဳးဟာ သင္ဖန္တီးယူတာလည္းမဟုတ္ဘူး၊ ထင္လည္းမထင္ထားဘူး၊ ဘာမွျပင္ဆင္ထားျခင္းလည္း မရွိပဲ သင့္ဆီကို အလိုိုလုိေရာက္လာတဲ့ အခ်စ္ေရးမ်ိဳးပါ။ ဒီလိုလူမ်ိဳးနဲ႔ သင္ဆံုေတြ႔တဲ့အခ််ိန္မွာ သင္ဟာ ဇေဝဇဝါျဖစ္ေနမွာပါ။ ငါ့ကို တကယ္ခ်စ္ပါ့မလား၊ တကယ္တန္ဖိုးထားပါ့မလားဆိုျပီးေတာ့ေပါ့။ ဒါေပမယ့္လည္း သင့္ဖက္က ဘာျဖစ္ျဖစ္ဆိုျပီး သူ႔ကိုေရြးခ်ယ္လိုက္တဲ့အခါမွာ ထင္ထားတာထက္ေတာင္ ပိုျပီးအဆင္ေျပေနသလို၊ တကယ္ေကာင္းတဲ့လူမ်ိဳးကို ပိုင္ဆိုင္ထားရပါလားဆိုတာကုိ တျဖည္းျဖည္း ပိုပိုနားလည္လာမွာပါ။ သင့္ဖက္က ဘာမွမေမွ်ာ္လင့္ထားေပမယ့္ အခ်စ္စစ္ေတြေပးတဲ့သူမ်ိဳးေပါ့။

Em Em

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

အချစ်ရေးမှာ ဆရာကျတဲ့သူတွေဆိုတာ ဒီလိုလူ (၃) မျိုးစလုံးနဲ့ ဆုံဖူးတဲ့သူတွေပါ….

ဘဝမှာ လူတွေကြုံတွေ့ရတဲ့ အချစ်အမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာ ယေဘုယျအားဖြင့် (၃) မျိုးပဲ ရှိပါသတဲ့။ လူတစ်ယောက်ရဲ့ ဘဝမှာ ဒီလူ (၃) မျိုးထဲက တစ်မျိုးမျိုးနဲ့တော့ မလွဲမသွေကြုံဆုံကြပါတယ်။ ဒါပေမယ့် (၃) မျိုးစလုံးကြုံဖူးတဲ့သူတွေကတော့ အချစ်ရေးမှာ ဆရာကျတဲ့သူတွေလို့ပြောလို့ရပါတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

(၁) ပုံပြင်ဆန်တဲ့အချစ်မျိုး

ပုံပြင်ဆန်တဲ့ အချစ်မျိုးဆိုတာ ဇာတ်လမ်းတွဲတွေထဲကလို၊ ဒရာမာဇာတ်ကားတွေထဲကလို ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ကူးထဲကအတိုင်း တွေ့ဆုံရတဲ့ အချစ်ရေးမျိုးဖြစ်ပါတယ်။ တီဗီထဲမှာတော့ ဒီလိုအချစ်ရေးမျိုးဟာ ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ရလေ့ရှိပေမယ့် တကယ့်လက်တွေ့မှာတော့ အဆုံးသတ်က ထင်သလိုမဖြစ်တတ်ပါဘူး။ ဇာတ်လမ်းထဲကလိုမဟုတ်ပဲ သင့်ရဲ့ မင်းသားလေးဟာ အယောင်အဆောင်တွေနဲ့၊ မာယာတွေနဲ့ ပြည့်နေတဲ့သူမျိုးလည်း ဖြစ်နေတတ်ပါတယ်။ အကောင်းဆုံးမျှော်လင့်ကြိုးစားခဲ့ပေမယ့် အဆုံးသတ်က မလှမပနဲ့ ဇာတ်သိမ်းရတာမျိုးပေါ့။

(၂) နာကျင်ရတဲ့အချစ်မျိုး

နာကျင်မှုတွေ ပေးတဲ့အချစ်မျိုးဟာ ခံစားရအခက်ဆုံးဖြစ်ပါတယ်။ ဒါဟာ အဆိပ်ရည်နေ့တိုင်းသောက်နေရတာနဲ့ အလားတူပါတယ်။ ဒီလိုအချစ်ရေးမျိုးကို ပိုင်ဆိုင်ထားတဲ့သင်ဟာ တစ်နေ့နေ့တော့ အဆင်ပြေလာမှာပါ၊ ကောင်းသွားမှာပါဆိုတဲ့ စိတ်မျိုးနဲ့ ကြိတ်မှိတ်သည်းခံနေမှာပါ။ ဒါပေမယ့်လည်း သင်ထင်ထားတာထက်ပိုပြီး ဒီလိုအချစ်ရေးမျိုးဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ သင်နားလည်လာမှာပါ။ အလိမ်အညာတွေ၊ ပူလောင်မှုတွေ၊ နာကျင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ပြည့်နေတဲ့ အချစ်ရေးမျိုးဖြစ်ပြီး ဘယ်ဖက်ကပဲကြည့်ကြည့် မျှော်လင့်ချက်မဲ့နေတဲ့ အချစ်ရေးမျိုးပါ။ သင့်ကို ဘယ်တော့မှ ပျော်ရွှင်မှုတွေပေးမှာမဟုတ်တဲ့ သူမျိုးနဲ့ ချစ်မိတာမျိုးပေါ့။

(၃) မမျှော်လင့်ထားတဲ့အချစ်မျိုး

ဒီလိုအချစ်ရေးမျိုးဟာ သင်ဖန်တီးယူတာလည်းမဟုတ်ဘူး၊ ထင်လည်းမထင်ထားဘူး၊ ဘာမှပြင်ဆင်ထားခြင်းလည်း မရှိပဲ သင့်ဆီကို အလိုလိုရောက်လာတဲ့ အချစ်ရေးမျိုးပါ။ ဒီလိုလူမျိုးနဲ့ သင်ဆုံတွေ့တဲ့အချျိန်မှာ သင်ဟာ ဇဝေဇဝါဖြစ်နေမှာပါ။ ငါ့ကို တကယ်ချစ်ပါ့မလား၊ တကယ်တန်ဖိုးထားပါ့မလားဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း သင့်ဖက်က ဘာဖြစ်ဖြစ်ဆိုပြီး သူ့ကိုရွေးချယ်လိုက်တဲ့အခါမှာ ထင်ထားတာထက်တောင် ပိုပြီးအဆင်ပြေနေသလို၊ တကယ်ကောင်းတဲ့လူမျိုးကို ပိုင်ဆိုင်ထားရပါလားဆိုတာကို တဖြည်းဖြည်း ပိုပိုနားလည်လာမှာပါ။ သင့်ဖက်က ဘာမှမမျှော်လင့်ထားပေမယ့် အချစ်စစ်တွေပေးတဲ့သူမျိုးပေါ့။

Em Em

Credit:Aunty May
Previous
Next Post »
Powered by Blogger.