အခ်စ္စိတ္ကို ပိုျဖစ္ေစမယ့္ ေနရာေလးေတြ…


Zawgyiျဖင့္ဖတ္ရန္

ႏႈတ္ခမ္းသားေလးေတြကို လက္နဲ႔ အသာအယာ ထိေတြ႕ေပးတာကေတာ့ အခ်စ္စိတ္ေလးေတြကို ႏိုးထလာေစႏိုင္တဲ့ေနရာေလးေတြထဲက တစ္ခုဆိုတာကို သိထားေပးပါေနာ္။

ၾကည္ႏူးဖြယ္ စုံတြဲေလး

မဂၤလာပြဲေလး ၿပီးဆုံးသြားလို႔ ခ်စ္သူေတြ ဘဝကေန အိမ္ေထာင္ရယ္လို႔ ျဖစ္လာတဲ့အခ်ိန္မွာ အခ်စ္စိတ္ကို ပိုျဖစ္ေစမယ့္ ေနရာေလးေတြကို သိထားမွ ျဖစ္မွာပါေနာ္။ ကိုယ့္ခ်စ္သူေလးဆိုတာထက္ ပိုတဲ့အခ်ိန္မွာ ဘယ္ေနရာေလးေတြကေတာ့ အခ်စ္စိတ္ကို ပိုတိုးေစႏိုင္မလဲ ဆိုတာကို သိထားေပးၿပီး သာယာတဲ့ မိသားစု ဘဝေလးကို ရယူလိုက္ႏိုင္ဖို႔ Marry က ေျပာျပေပးခ်င္ပါတယ္။

ႏႈတ္ခမ္းေလးေတြကို လက္နဲ႔ ထိေတြ႕ေပးပါ

ႏႈတ္ခမ္းေလးေတြ ဆိုတာကေတာ့ သိပ္ကို ႏူးညံ့တဲ့ ကိုယ္ခႏၶာ အစိတ္အပိုင္းေလးေတြထဲက တစ္ေနရာပဲ ျဖစ္ပါတယ္။ ႏႈတ္ခမ္းသားေလးေတြကို လက္နဲ႔ အသာအယာ ထိေတြ႕ေပးတာကေတာ့ အခ်စ္စိတ္ေလးေတြကို ႏိုးထလာေစႏိုင္တဲ့အတြက္ပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ဘက္ေတြၾကားက ခ်စ္ျခင္းေတြ ပိုတိုးလာေစေအာင္ ဒီ အခ်က္ေလးကို ျပဳလုပ္ၾကည့္ေပးပါေနာ္။

လည္ပင္းကို ပြတ္သပ္ေပးပါ

တစ္ေန႔ကို (၈) ႀကိမ္ ေႏြးေထြးစြာ ဖက္ေပးတဲ့အခ်ိန္ေတြမွာ လည္ပင္းေလးေတြကိုပါ ပြတ္သပ္ေပးပါ။ ခ်စ္ျခင္းေတြေၾကာင့္ ေႏြးေထြး လုံၿခဳံျခင္းေတြၾကား အိမ္ေထာင္ဘက္ အခ်င္းခ်င္းၾကားက ၾကင္စဦး အခ်ိန္ေတြက စလို႔ ေနာင္ေန႔ရက္ေတြတိုင္းမွာ ၾကင္နာျခင္းေတြ ပိုတိုးလာေစႏိုင္မယ့္နည္းေလးပဲ ျဖစ္ပါတယ္။ လည္ပင္းေလးေတြကို ထိေတြ႕တဲ့အခ်ိန္ အတတ္ႏိုင္ဆုံး ညင္သာပါေနာ္။ မဟုတ္ရင္ ခ်စ္လို႔ က်ီစယ္တာမ်ိဳး မဟုတ္ဘဲ လည္ပင္းညစ္ေနသလို ျဖစ္သြားမွာ စိုးလို႔ပါ။

ေမး႐ိုးေလးေတြကို မေမ့ပါနဲ႔

မ်က္ႏွာဆိုတာကလည္း အထိအေတြ႕ကို ခံစားလြယ္တဲ့ေနရာေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။ မ်က္ႏွာမွာမွ ေမး႐ိုးေလးေတြကို လက္ေခ်ာင္းဖ်ားေလးေတြၾကား ညင္ညင္သာသာေလး ပြတ္သပ္ေပးပါ။ ခ်စ္ျခင္းေတြ တိုးပြါးလာတာကို ခံစားရမွာပါ။ မ်က္ႏွာေလး တစ္ဝိုက္ ေမး႐ိုးေလးေတြ အတိုင္း အသာအယာ ထိေတြ႕ေပးပါ။

မဂၤလာဦးစ ၾကင္နာစ မဂၤလာေမာင္ႏွံေလးေတြ အတြက္ကေတာ့ အခ်စ္စိတ္ကို ပိုမို ျမင့္တက္လာေစႏိုင္မယ့္ ေနရာေလးေတြကို သိထားေပးရမွာပဲ ျဖစ္ပါတယ္။ ဒါမွ အစေကာင္းမွ အေႏွာင္းေသခ်ာဆိုသလို ေနာင္ေန႔ရက္ေတြတိုင္းအတြက္စာပါ အဆင္ေျပ ၾကည္ႏူးျခင္းေတြကို ဆက္လက္ သိမ္းပိုက္ထားႏိုင္မွာပဲ ျဖစ္ပါတယ္။

Credit:Marry

Unicodeဖြင့်ဖတ်ရန်

အချစ်စိတ်ကို ပိုဖြစ်စေမယ့် နေရာလေးတွေ…

နှုတ်ခမ်းသားလေးတွေကို လက်နဲ့ အသာအယာ ထိတွေ့ပေးတာကတော့ အချစ်စိတ်လေးတွေကို နိုးထလာစေနိုင်တဲ့နေရာလေးတွေထဲက တစ်ခုဆိုတာကို သိထားပေးပါနော်။

ကြည်နူးဖွယ် စုံတွဲလေး

မင်္ဂလာပွဲလေး ပြီးဆုံးသွားလို့ ချစ်သူတွေ ဘဝကနေ အိမ်ထောင်ရယ်လို့ ဖြစ်လာတဲ့အချိန်မှာ အချစ်စိတ်ကို ပိုဖြစ်စေမယ့် နေရာလေးတွေကို သိထားမှ ဖြစ်မှာပါနော်။ ကိုယ့်ချစ်သူလေးဆိုတာထက် ပိုတဲ့အချိန်မှာ ဘယ်နေရာလေးတွေကတော့ အချစ်စိတ်ကို ပိုတိုးစေနိုင်မလဲ ဆိုတာကို သိထားပေးပြီး သာယာတဲ့ မိသားစု ဘဝလေးကို ရယူလိုက်နိုင်ဖို့ Marry က ပြောပြပေးချင်ပါတယ်။

နှုတ်ခမ်းလေးတွေကို လက်နဲ့ ထိတွေ့ပေးပါ

နှုတ်ခမ်းလေးတွေ ဆိုတာကတော့ သိပ်ကို နူးညံ့တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းလေးတွေထဲက တစ်နေရာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသားလေးတွေကို လက်နဲ့ အသာအယာ ထိတွေ့ပေးတာကတော့ အချစ်စိတ်လေးတွေကို နိုးထလာစေနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ အိမ်ထောင်ဘက်တွေကြားက ချစ်ခြင်းတွေ ပိုတိုးလာစေအောင် ဒီ အချက်လေးကို ပြုလုပ်ကြည့်ပေးပါနော်။

လည်ပင်းကို ပွတ်သပ်ပေးပါ

တစ်နေ့ကို (၈) ကြိမ် နွေးထွေးစွာ ဖက်ပေးတဲ့အချိန်တွေမှာ လည်ပင်းလေးတွေကိုပါ ပွတ်သပ်ပေးပါ။ ချစ်ခြင်းတွေကြောင့် နွေးထွေး လုံခြုံခြင်းတွေကြား အိမ်ထောင်ဘက် အချင်းချင်းကြားက ကြင်စဦး အချိန်တွေက စလို့ နောင်နေ့ရက်တွေတိုင်းမှာ ကြင်နာခြင်းတွေ ပိုတိုးလာစေနိုင်မယ့်နည်းလေးပဲ ဖြစ်ပါတယ်။ လည်ပင်းလေးတွေကို ထိတွေ့တဲ့အချိန် အတတ်နိုင်ဆုံး ညင်သာပါနော်။ မဟုတ်ရင် ချစ်လို့ ကျီစယ်တာမျိုး မဟုတ်ဘဲ လည်ပင်းညစ်နေသလို ဖြစ်သွားမှာ စိုးလို့ပါ။

မေးရိုးလေးတွေကို မမေ့ပါနဲ့

မျက်နှာဆိုတာကလည်း အထိအတွေ့ကို ခံစားလွယ်တဲ့နေရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ မျက်နှာမှာမှ မေးရိုးလေးတွေကို လက်ချောင်းဖျားလေးတွေကြား ညင်ညင်သာသာလေး ပွတ်သပ်ပေးပါ။ ချစ်ခြင်းတွေ တိုးပွါးလာတာကို ခံစားရမှာပါ။ မျက်နှာလေး တစ်ဝိုက် မေးရိုးလေးတွေ အတိုင်း အသာအယာ ထိတွေ့ပေးပါ။

မင်္ဂလာဦးစ ကြင်နာစ မင်္ဂလာမောင်နှံလေးတွေ အတွက်ကတော့ အချစ်စိတ်ကို ပိုမို မြင့်တက်လာစေနိုင်မယ့် နေရာလေးတွေကို သိထားပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှ အစကောင်းမှ အနှောင်းသေချာဆိုသလို နောင်နေ့ရက်တွေတိုင်းအတွက်စာပါ အဆင်ပြေ ကြည်နူးခြင်းတွေကို ဆက်လက် သိမ်းပိုက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။

Credit:Marry
Previous
Next Post »
Powered by Blogger.