Zawgyiျဖင့္ဖတ္ရန္
အမ်ိဳးသားမိတ္ေဆြတစ္ဦးဟာ ကၽြန္ေတာ္နဲ႔ေတြ႕ေတာ့ သူကြာရွင္းၿပီးတဲ့ ေနာက္မွာ ၾကဳံေတြ႕ရတဲ့အျဖစ္အပ်က္ေတြ ကၽြန္ေတာ့္ကို ေျပာျပပါတယ္။
သူ႔အမ်ိဳးသမီးနဲ႔သူ မကြာရွင္းခင္မွာ အိမ္က အိမ္သာအိုးကို ေန႔တိုင္းတိုက္ေဆးရတယ္ဆိုတာကိုသူမသိခဲ့ေၾကာင္း၊ သားသမီးေတြကို ျပဳစုပ်ိဳးေထာင္ရတာ ဒီေလာက္စိတ္ပင္ပန္းတယ္ဆိုတာကို သူမသိခဲ့ေၾကာင္း၊ မိသားစုတာဝန္ေၾကာင့္ လြတ္လပ္မွုေတြ ဆုံးရွုံးခဲ့ ေၾကာင္းေတြ ေျပာျပပါတယ္။
““ခင္ဗ်ား အရင္မိန္းမအဆင္ေျပ ေနလား””လို့ သူ႔ကို ကၽြန္ေတာ္ေမးေတာ့..
““ကၽြန္ေတာ္နဲ႔ ကြာရွင္းၿပီးကတည္းက အဆက္အသြယ္မလုပ္ခဲ့ေတာ့ဘူး”လို့ သူက ဆိုပါတယ္။
““ကေလးေတြကို သူလာမၾကည့္ ဘူးလား””လို့ ကၽြန္ေတာ္ဆက္ေမးေတာ့ သူေခါင္းခါျပပါတယ္။
““သူေမြးထားတဲ့ကေလးကို သူ မခ်စ္ဘူးလား””လို့ ကၽြန္ေတာ္နားမလည္စြာ ေမးေတာ့ မိတ္ေဆြက သူနဲ႔သူ႔အမ်ိဳးသမီးရဲ့ ယခင္ကအေၾကာင္းေတြ ကၽြန္ေတာ့္ကို ရင္ ဖြင့္ပါေတာ့တယ္။
သူ႔အမ်ိဳးသမီးက မဆိုးဘူးလို့ဆို ရမယ္.. သူနဲ႔ မယူခင္တုန္းက အေပ်ာ္အပါး ေလးေတြရွိတတ္ခဲ့ေပမယ့္ သူနဲ႔ယူၿပီးခ်ိန္မွာ အိမ္ေထာင္တစ္ခုကို တည္တည္တံ့တံ့ထိန္းသိမ္းနိုင္ခဲ့တယ္။
ပထမကေလးကိုေမြးၿပီးေတာ့ အလုပ္ကိစၥကိုအေၾကာင္း ျပၿပီး သူအိမ္ျပန္ေနာက္က်တာေတြရွိလာခဲ့တယ္။ ဒါကို သူ႔အမ်ိဳး သမီးကလည္း နားလည္ေပးတယ္။ လင္ေယာက္်ားအလုပ္မွာပင္ ပန္းခဲ့တာေၾကာင့္ နားပူနားဆာလုပ္တာမ်ိဳးလည္း မရွိခဲ့ဘူး။
ဒုတိယကေလးကိုေမြးၿပီးတဲ့ေနာက္ သူ႔အိမ္ျပန္ခ်ိန္ေတြ ပိုေနာက္က်လာခဲ့တယ္။ သူ႔အမ်ိဳးသမီးက သူ႔ကို ကေလးေတြအတြက္ အခ်ိန္နည္းနည္းေပးဖို့ေတာင္းဆိုခဲ့ပါတယ္။ ဒါကို အေၾကာင္းအမ်ိဳး မ်ိဳးျပၿပီး သူျငင္းဆိုခဲ့တယ္။
ေယာကၡမက ေရွးရိုးအစဥ္အလာ၊ ေရွးရိုး အေတြးအေခၚနဲ႔မို့ သားအိမ္မကပ္တာဟာ ေခၽြးမေၾကာင့္လို့ဆိုတယ္။ေခၽြးမအေပၚမွာလည္း ဆက္ဆံေရးေတြ ေအးစက္ခဲ့တယ္။
အိမ္ေထာင္သက္ရွစ္ႏွစ္အၾကာမွာ အမ်ိဳးသမီးက သူ႔ကို””အိမ္ ေထာင္က်တာ ရွစ္ႏွစ္ရွိခဲ့ၿပီ.. ဒီအိမ္အတြက္ ရွင္ဘာေတြေပးဆပ္ခဲ့ သလဲ၊ ကၽြန္မအတြက္ ရွင္ဘာလုပ္ေပးခဲ့ဖူးသလဲ””လို့ ေမးပါတယ္။
““ဒီအိမ္အတြက္ .. ဒီမိသားစုအတြက္ ငါပင္ပင္ပန္းပန္း ပိုက္ဆံေတြရွာခဲ့တယ္။ ဒါေတာင္ မင္းက ငါ့ကိုဘာေတြလုပ္ေစခ်င္ ေသးသလဲ.. ဒါနဲ႔တင္မလုံေလာက္ဘူးလား””လို့ ရီေဝေ၀နဲ႔ သူျပန္ ေအာ္ပါတယ္။
““ပိုက္ဆံရွာေပး႐ုံနဲ႔တင္လုံေလာက္ၿပီလို့ ရွင္ထင္သလား။ မိန္းမတစ္ေယာက္လိုအပ္တာဟာ ပိုက္ဆံပဲလို့ ရွင္ထင္သလား””
““ဒါဆို ဘာလိုခ်င္ေသးတာလဲ.. စားဖို့မပူ၊ ဝတ္ဖို့မပူ လူ တန္းေစ့ထားတာေတာင္ မင္းကမရေသးဘူးလား။ ဘာမွမလုပ္ဘဲ အိမ္မွာဇိမ္နဲ႔ေနရ၊ လုပ္ခ်င္တာလုပ္ေနရတာ။ မိန္းမဘယ္ႏွေယာက္ ေလာက္ကမ်ား မင္းလိုကံေကာင္းဖူးသလဲ”” မေက်မနပ္နဲ႔ သူေျပာပါ တယ္။
““အိမ္ေထာင္က်ၿပီးတဲ့ ဒီကာလတစ္ေလၽွာက္ ကၽြန္မေပး ဆပ္ခဲ့တာေတြကို ရွင္မျမင္ခဲ့ဘူး။ ကၽြန္မပင္ပန္းတာကို ရွင္မေတြ႕ ခဲ့ဘူး။ သားသမီးေတြက သဘာဝအတိုင္း အလိုအေလၽွာက္ ႐ုတ္ တရက္ႀကီးျပင္းလာတယ္လို့ ရွင္ထင္ေနသလား”” အမ်ိဳးသမီးက ရင္နာနာနဲ႔ဆိုပါတယ္။
““ငါကေရာ မေပးဆပ္ခဲ့လို့လား.. မင္းကို ဂ႐ုမစိုက္ခဲ့လို့ လား.. မင္းကို ပိုက္ဆံေတြ ေပးေပးေနတာ ဘယ္သူတုန္း။ သားသမီး ေတြႀကီးျပင္းလာတာဟာလည္း ငါရွာထားတဲ့ ပိုက္ဆံေတြနဲ႔ ေကၽြး ေမြးခဲ့လို့ပဲမဟုတ္လား””
သူ႔စကားအဆုံးမွာ အမ်ိဳးသမီးဆီက ဘာသံမွထြက္မလာ ခဲ့ေတာ့ဘူး။ အသိတရားတစ္ခုနဲ႔ သူမနိုးထသင့္ၿပီလို့ သူမထင္လိုက္ တယ္။ ဒီလိုနဲ႔ ကြာရွင္းဖို့ သူမ စကမ္းလွမ္းလိုက္တယ္။ အေၾကာင္း ျပခ်က္မရွိတဲ့ ကြာရွင္းခြင့္ကို သူမေတာင္းဆိုလိုက္တယ္။
ကေလး မယူ၊ ပိုက္ဆံမယူ၊ ဘာပိုင္ဆိုင္မွုမွမယူဘဲ သူမဘဝကိုျဖဳန္းတီးခဲ့တဲ့ ဒီေယာက္်ား၊ သူမကို မေပ်ာ္ရႊင္ေစခဲ့တဲ့ ဒီေယာက္်ားကိုပဲ သူမကြာ ရွင္းခ်င္ေနခဲ့တယ္။
မိတ္ေဆြအမ်ိဳးသားဟာ ကၽြန္ေတာ္နဲ႔စကားေျပာေနရင္း ဒီေနရာအေရာက္မွာ စကားရပ္လိုက္ၿပီး ေခါင္းကိုငုံ႔ခ်လိုက္ပါတယ္။ သူေသာက္တာမ်ားသြားလို့ျဖစ္မယ္ဆိုၿပီး သူ႔ပခုံးကို ကၽြန္ေတာ္ပုတ္ လိုက္ပါတယ္။
““ခင္ဗ်ားသိလားဗ်ာ ကြာရွင္းၿပီးတဲ့ေနာက္မွာ ကေလးနဲ႔ ကၽြန္ေတာ့္ကိုယ္တိုင္အတြက္ မိန္းမကိုယ္စား တျခားမိန္းမတစ္ ေယာက္ေယာက္ကို ရွာၾကည့္ခဲ့ေသးတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ႏွစ္ သက္တဲ့သူကို ကေလးေတြက မႏွစ္သက္ဘူး””
““ကေလးေတြမႏွစ္သက္လို့ အဲဒီမိန္းမကို ခင္ဗ်ားလက္ မခံခဲ့ဘူးေပါ့””လို့ ကၽြန္ေတာ္ေမးေတာ့ သူက ေခါင္းညိတ္ျပရင္း “”ဟုတ္တယ္.. အခုခ်ိန္က်မွ ကေလးေတြဟာ သူတို့ကိုယ္တိုင္ မႀကီး ျပင္းတတ္ေၾကာင္းကို ကၽြန္ေတာ္သိလိုက္ရတယ္။
မိသားစုေဝယ်ာ ဝစၥေတြဟာ ေန႔တိုင္းဒီေလာက္မ်ားမွန္း၊ ကေလးႏွစ္ ေယာက္ကို ထိန္းသိမ္းရတာ ဘယ္မွလည္းသြားဖို့အခ်ိန္ မရွိမွန္း၊ ေရခ်ိဳးခန္းအိမ္သာ ေန႔တိုင္းသန႔္ရွင္းေနတာဟာ လည္း အက်ိဳးအေၾကာင္းရွိမွန္း အခုခ်ိန္က်မွ ကၽြန္ေတာ္ သိလိုက္ရပါတယ္””
မိတ္ေဆြဟာ ရင္ဖြင့္လိုက္ရလို့ပဲလား.. အရက္ အရွိန္ေၾကာင့္ပဲလားမသိ.. သူအားရပါးရငိုေႂကြးပါေတာ့ တယ္။ ကၽြန္ေတာ့္မွာေတာ့ ႏွစ္သိမ့္ဖို့ စကားလုံးေတြမဲ့ ေနခဲ့ပါတယ္။
ေယာက္်ားတခ်ိဳ့ဟာ မိန္းမတစ္ေယာက္ကို ခ်စ္ဖို့ ဘယ္ေတာ့ခါမွ သင္ယူတတ္ေျမာက္မွာမဟုတ္ ေၾကာင္းကို ကၽြန္ေတာ္သိပါတယ္။ တခ်ိဳ့ေယာက္်ားက မိန္းမတစ္ေယာက္ကိုလိုအပ္တာဟာ အထိန္းေတာ္တစ္ ေယာက္ကို သူလိုလို့။
အခိုင္းအေစတစ္ေယာက္ကို သူလို လို့။ ဒါမွမဟုတ္ မ်ိဳးဆက္၊ မ်ိဳးရိုးေတြအတြက္ သားသမီး ေတြ သူလိုလို့ပဲျဖစ္တယ္။ ကၽြန္ေတာ့္ရဲ့အဲဒီမိတ္ေဆြ ကေတာ့ မိန္းမတစ္ေယာက္ဟာ သူ႔ဘဝေႏွာင္းပိုင္း အတြက္ အဲဒီေလာက္အေရးပါတယ္ဆိုတာကို ေနာင္တ တရားနဲ႔အတူ မယုံနိုင္ျဖစ္ေနခဲ့ပါတယ္။
မိန္းမတစ္ေယာက္ရဲ့ ေပ်ာ္ရႊင္ခ်မ္းေျမ့မွုဆိုတာ နာမည္ႀကီးအဝတ္အစားေတြဝတ္ရလို့၊ နာမည္ႀကီးေနာက္ ဆုံးေပၚပစ္ၥည္းေတြကိုင္ရလို့၊ ကားအေကာင္းစားေမာင္းရ လို့ မဟုတ္ပါဘူး။
မိန္းမတစ္ေယာက္ရဲ့ ေပ်ာ္ရႊင္ခ်မ္းေျမ့ မွုဆိုတာ ငိုတဲ့အခ်ိန္ ေခ်ာ့တဲ့သူရွိတာ၊ ေမာတဲ့အခ်ိန္ မွီ စရာပခုံးရွိတာ၊ ဖ်ားနာတဲ့အခ်ိန္ ေပြ႕ဖက္မယ့္သူရွိတာ၊ အားငယ္ခ်ိန္ အနားမွာေဖးမေပးသူရွိတာ၊ ကိုယ့္ကိုခ်စ္ၿပီး နားလည္ေပးနိုင္သူရွိတာပဲျဖစ္ပါတယ္။
Credit:နိုင္းနိုင္းစေန (The Chic Magazine October 2015 issue)
Unicodeဖြင့်ဖတ်ရန်
ယောင်္ကျားတိုင်း သတိမထားမိတဲ့မိန်းမတစ်ယောက်ရဲ့လိုအပ်ချက်…
အမျိုးသားမိတ်ဆွေတစ်ဦးဟာ ကျွန်တော်နဲ့တွေ့တော့ သူကွာရှင်းပြီးတဲ့ နောက်မှာ ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ ကျွန်တော့်ကို ပြောပြပါတယ်။
သူ့အမျိုးသမီးနဲ့သူ မကွာရှင်းခင်မှာ အိမ်က အိမ်သာအိုးကို နေ့တိုင်းတိုက်ဆေးရတယ်ဆိုတာကိုသူမသိခဲ့ကြောင်း၊ သားသမီးတွေကို ပြုစုပျိုးထောင်ရတာ ဒီလောက်စိတ်ပင်ပန်းတယ်ဆိုတာကို သူမသိခဲ့ကြောင်း၊ မိသားစုတာဝန်ကြောင့် လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ ကြောင်းတွေ ပြောပြပါတယ်။
““ခင်ဗျား အရင်မိန်းမအဆင်ပြေ နေလား””လို့ သူ့ကို ကျွန်တော်မေးတော့..
““ကျွန်တော်နဲ့ ကွာရှင်းပြီးကတည်းက အဆက်အသွယ်မလုပ်ခဲ့တော့ဘူး”လို့ သူက ဆိုပါတယ်။
““ကလေးတွေကို သူလာမကြည့် ဘူးလား””လို့ ကျွန်တော်ဆက်မေးတော့ သူခေါင်းခါပြပါတယ်။
““သူမွေးထားတဲ့ကလေးကို သူ မချစ်ဘူးလား””လို့ ကျွန်တော်နားမလည်စွာ မေးတော့ မိတ်ဆွေက သူနဲ့သူ့အမျိုးသမီးရဲ့ ယခင်ကအကြောင်းတွေ ကျွန်တော့်ကို ရင် ဖွင့်ပါတော့တယ်။
သူ့အမျိုးသမီးက မဆိုးဘူးလို့ဆို ရမယ်.. သူနဲ့ မယူခင်တုန်းက အပျော်အပါး လေးတွေရှိတတ်ခဲ့ပေမယ့် သူနဲ့ယူပြီးချိန်မှာ အိမ်ထောင်တစ်ခုကို တည်တည်တံ့တံ့ထိန်းသိမ်းနိုင်ခဲ့တယ်။
ပထမကလေးကိုမွေးပြီးတော့ အလုပ်ကိစ္စကိုအကြောင်း ပြပြီး သူအိမ်ပြန်နောက်ကျတာတွေရှိလာခဲ့တယ်။ ဒါကို သူ့အမျိုး သမီးကလည်း နားလည်ပေးတယ်။ လင်ယောက်ျားအလုပ်မှာပင် ပန်းခဲ့တာကြောင့် နားပူနားဆာလုပ်တာမျိုးလည်း မရှိခဲ့ဘူး။
ဒုတိယကလေးကိုမွေးပြီးတဲ့နောက် သူ့အိမ်ပြန်ချိန်တွေ ပိုနောက်ကျလာခဲ့တယ်။ သူ့အမျိုးသမီးက သူ့ကို ကလေးတွေအတွက် အချိန်နည်းနည်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကို အကြောင်းအမျိုး မျိုးပြပြီး သူငြင်းဆိုခဲ့တယ်။
ယောက္ခမက ရှေးရိုးအစဉ်အလာ၊ ရှေးရိုး အတွေးအခေါ်နဲ့မို့ သားအိမ်မကပ်တာဟာ ချွေးမကြောင့်လို့ဆိုတယ်။ချွေးမအပေါ်မှာလည်း ဆက်ဆံရေးတွေ အေးစက်ခဲ့တယ်။
အိမ်ထောင်သက်ရှစ်နှစ်အကြာမှာ အမျိုးသမီးက သူ့ကို””အိမ် ထောင်ကျတာ ရှစ်နှစ်ရှိခဲ့ပြီ.. ဒီအိမ်အတွက် ရှင်ဘာတွေပေးဆပ်ခဲ့ သလဲ၊ ကျွန်မအတွက် ရှင်ဘာလုပ်ပေးခဲ့ဖူးသလဲ””လို့ မေးပါတယ်။
““ဒီအိမ်အတွက် .. ဒီမိသားစုအတွက် ငါပင်ပင်ပန်းပန်း ပိုက်ဆံတွေရှာခဲ့တယ်။ ဒါတောင် မင်းက ငါ့ကိုဘာတွေလုပ်စေချင် သေးသလဲ.. ဒါနဲ့တင်မလုံလောက်ဘူးလား””လို့ ရီဝေဝေနဲ့ သူပြန် အော်ပါတယ်။
““ပိုက်ဆံရှာပေးရုံနဲ့တင်လုံလောက်ပြီလို့ ရှင်ထင်သလား။ မိန်းမတစ်ယောက်လိုအပ်တာဟာ ပိုက်ဆံပဲလို့ ရှင်ထင်သလား””
““ဒါဆို ဘာလိုချင်သေးတာလဲ.. စားဖို့မပူ၊ ဝတ်ဖို့မပူ လူ တန်းစေ့ထားတာတောင် မင်းကမရသေးဘူးလား။ ဘာမှမလုပ်ဘဲ အိမ်မှာဇိမ်နဲ့နေရ၊ လုပ်ချင်တာလုပ်နေရတာ။ မိန်းမဘယ်နှယောက် လောက်ကများ မင်းလိုကံကောင်းဖူးသလဲ”” မကျေမနပ်နဲ့ သူပြောပါ တယ်။
““အိမ်ထောင်ကျပြီးတဲ့ ဒီကာလတစ်လျှောက် ကျွန်မပေး ဆပ်ခဲ့တာတွေကို ရှင်မမြင်ခဲ့ဘူး။ ကျွန်မပင်ပန်းတာကို ရှင်မတွေ့ ခဲ့ဘူး။ သားသမီးတွေက သဘာဝအတိုင်း အလိုအလျှောက် ရုတ် တရက်ကြီးပြင်းလာတယ်လို့ ရှင်ထင်နေသလား”” အမျိုးသမီးက ရင်နာနာနဲ့ဆိုပါတယ်။
““ငါကရော မပေးဆပ်ခဲ့လို့လား.. မင်းကို ဂရုမစိုက်ခဲ့လို့ လား.. မင်းကို ပိုက်ဆံတွေ ပေးပေးနေတာ ဘယ်သူတုန်း။ သားသမီး တွေကြီးပြင်းလာတာဟာလည်း ငါရှာထားတဲ့ ပိုက်ဆံတွေနဲ့ ကျွေး မွေးခဲ့လို့ပဲမဟုတ်လား””
သူ့စကားအဆုံးမှာ အမျိုးသမီးဆီက ဘာသံမှထွက်မလာ ခဲ့တော့ဘူး။ အသိတရားတစ်ခုနဲ့ သူမနိုးထသင့်ပြီလို့ သူမထင်လိုက် တယ်။ ဒီလိုနဲ့ ကွာရှင်းဖို့ သူမ စကမ်းလှမ်းလိုက်တယ်။ အကြောင်း ပြချက်မရှိတဲ့ ကွာရှင်းခွင့်ကို သူမတောင်းဆိုလိုက်တယ်။
ကလေး မယူ၊ ပိုက်ဆံမယူ၊ ဘာပိုင်ဆိုင်မှုမှမယူဘဲ သူမဘဝကိုဖြုန်းတီးခဲ့တဲ့ ဒီယောက်ျား၊ သူမကို မပျော်ရွှင်စေခဲ့တဲ့ ဒီယောက်ျားကိုပဲ သူမကွာ ရှင်းချင်နေခဲ့တယ်။
မိတ်ဆွေအမျိုးသားဟာ ကျွန်တော်နဲ့စကားပြောနေရင်း ဒီနေရာအရောက်မှာ စကားရပ်လိုက်ပြီး ခေါင်းကိုငုံ့ချလိုက်ပါတယ်။ သူသောက်တာများသွားလို့ဖြစ်မယ်ဆိုပြီး သူ့ပခုံးကို ကျွန်တော်ပုတ် လိုက်ပါတယ်။
““ခင်ဗျားသိလားဗျာ ကွာရှင်းပြီးတဲ့နောက်မှာ ကလေးနဲ့ ကျွန်တော့်ကိုယ်တိုင်အတွက် မိန်းမကိုယ်စား တခြားမိန်းမတစ် ယောက်ယောက်ကို ရှာကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော်နှစ် သက်တဲ့သူကို ကလေးတွေက မနှစ်သက်ဘူး””
““ကလေးတွေမနှစ်သက်လို့ အဲဒီမိန်းမကို ခင်ဗျားလက် မခံခဲ့ဘူးပေါ့””လို့ ကျွန်တော်မေးတော့ သူက ခေါင်းညိတ်ပြရင်း “”ဟုတ်တယ်.. အခုချိန်ကျမှ ကလေးတွေဟာ သူတို့ကိုယ်တိုင် မကြီး ပြင်းတတ်ကြောင်းကို ကျွန်တော်သိလိုက်ရတယ်။
မိသားစုဝေယျာ ဝစ္စတွေဟာ နေ့တိုင်းဒီလောက်များမှန်း၊ ကလေးနှစ် ယောက်ကို ထိန်းသိမ်းရတာ ဘယ်မှလည်းသွားဖို့အချိန် မရှိမှန်း၊ ရေချိုးခန်းအိမ်သာ နေ့တိုင်းသန့်ရှင်းနေတာဟာ လည်း အကျိုးအကြောင်းရှိမှန်း အခုချိန်ကျမှ ကျွန်တော် သိလိုက်ရပါတယ်””
မိတ်ဆွေဟာ ရင်ဖွင့်လိုက်ရလို့ပဲလား.. အရက် အရှိန်ကြောင့်ပဲလားမသိ.. သူအားရပါးရငိုကြွေးပါတော့ တယ်။ ကျွန်တော့်မှာတော့ နှစ်သိမ့်ဖို့ စကားလုံးတွေမဲ့ နေခဲ့ပါတယ်။
ယောက်ျားတချို့ဟာ မိန်းမတစ်ယောက်ကို ချစ်ဖို့ ဘယ်တော့ခါမှ သင်ယူတတ်မြောက်မှာမဟုတ် ကြောင်းကို ကျွန်တော်သိပါတယ်။ တချို့ယောက်ျားက မိန်းမတစ်ယောက်ကိုလိုအပ်တာဟာ အထိန်းတော်တစ် ယောက်ကို သူလိုလို့။
အခိုင်းအစေတစ်ယောက်ကို သူလို လို့။ ဒါမှမဟုတ် မျိုးဆက်၊ မျိုးရိုးတွေအတွက် သားသမီး တွေ သူလိုလို့ပဲဖြစ်တယ်။ ကျွန်တော့်ရဲ့အဲဒီမိတ်ဆွေ ကတော့ မိန်းမတစ်ယောက်ဟာ သူ့ဘဝနှောင်းပိုင်း အတွက် အဲဒီလောက်အရေးပါတယ်ဆိုတာကို နောင်တ တရားနဲ့အတူ မယုံနိုင်ဖြစ်နေခဲ့ပါတယ်။
မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ နာမည်ကြီးအဝတ်အစားတွေဝတ်ရလို့၊ နာမည်ကြီးနောက် ဆုံးပေါ်ပစ်္စည်းတွေကိုင်ရလို့၊ ကားအကောင်းစားမောင်းရ လို့ မဟုတ်ပါဘူး။
မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်ချမ်းမြေ့ မှုဆိုတာ ငိုတဲ့အချိန် ချော့တဲ့သူရှိတာ၊ မောတဲ့အချိန် မှီ စရာပခုံးရှိတာ၊ ဖျားနာတဲ့အချိန် ပွေ့ဖက်မယ့်သူရှိတာ၊ အားငယ်ချိန် အနားမှာဖေးမပေးသူရှိတာ၊ ကိုယ့်ကိုချစ်ပြီး နားလည်ပေးနိုင်သူရှိတာပဲဖြစ်ပါတယ်။
Credit:နိုင်းနိုင်းစနေ (The Chic Magazine October 2015 issue)
Sign up here with your email
ConversionConversion EmoticonEmoticon