ခ်စ္သူနဲ႔ ရင္းႏွီးမႈပိုရၿပီး စိတ္ဓာတ္အစစ္မွန္ကို သိခ်င္ရင္ ဒီ (၄) ခ်က္နဲ႔ စမ္းသပ္ၾကည့္ပါ။



Zawgyi ျဖင့္ဖတ္ရန္

“လူအေၾကာင္း ေပါင္းဖူးမွသိ” ဆိုတဲ့ ဆို႐ိုးစကားလိုေပါ့။ လူတစ္ေယာက္နဲ႔ နီးနီးကပ္ကပ္ ရင္းရင္းႏွီးႏွီး အခ်ိန္အၾကာႀကီးမေနဖူးဘဲနဲ႔ အဲဒီလူတစ္ေယာက္က ဘယ္လိုစိတ္ထားမ်ိဳး ရွိတယ္ဆိုတာ မသိႏိုင္ပါဘူးေနာ္။ ဒါဆို ကိုယ့္ခ်စ္သူရဲ႕ စိတ္ဓာတ္အမွန္ကိုေရာ မသိခ်င္ဘူးလား။ ဒါေၾကာင့္ ဒီတစ္ေခါက္အတြက္ ခ်စ္သူရဲ႕ စိတ္ေနစိတ္ထား ဘယ္လိုရွိတယ္ဆိုတာလည္း သိရေအာင္၊ ပိုၿပီးလည္း ရင္းႏွီးမႈေတြ ရရေအာင္ ဘယ္လိုလုပ္သင့္တယ္ဆိုတာေလးကို မွ်ေဝေပးသြားမွာပါ။

(၁) အတင္းတုတ္ပါ။

Sponsored
အတင္းအတူတူတုတ္ၾကည့္ပါ။ အတင္းတုတ္တာဟာ မေကာင္းတဲ့ အေလ့အက်င့္ဆိုတာ မွန္ေပမယ့္လို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးေစဖို႔ အျမန္ဆန္ဆုံးနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဆိုးဆိုး႐ြား႐ြားႀကီး မဟုတ္ဘဲ ေပါ့ေပါ့ပါးပါး အတင္းတုတ္ၾကည့္လိုက္ပါ။ အတင္းတုတ္ရင္း သူ႔ရဲ႕ ထင္ျမင္ခ်က္ေတြ၊ ေဝဖန္မႈေတြပါ ၾကားရမွာမလို႔ စိတ္ဓာတ္ကို သိႏိုင္ပါတယ္။


(၂) ခရီးထြက္ၾကည့္ပါ။

ႏွစ္ေယာက္တည္း ခရီးထြက္ဖို႔ အဆင္သင့္မျဖစ္ေသးဘူး၊ အခြင့္မသာခဲ့ဘူးဆိုရင္ေတာင္မွ သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ ခ်စ္သူကိုပါ အပါေခၚၿပီး ခရီးထြက္ၾကည့္ပါ။ သူငယ္ခ်င္းေတြေတာင္ ခရီးထြက္ရင္းနဲ႔မွ စိတ္ဓာတ္အစစ္အမွန္ေတြ သိသြားရတဲ့အျဖစ္ေတြ ရွိဖူးတယ္မလား။ သူ႔ကို ဦးေဆာင္ခိုင္းပါ၊ ခရီးစဥ္ဆြဲခိုင္းပါ။ စိတ္ဓာတ္ပါမက အရည္အခ်င္းကိုပါ သိလာႏိုင္ၿပီး ရင္းႏွီးမႈေတြလည္း ကံေကာင္းရင္ ရလာမွာပါ။


(၃) ေဆြးေႏြးဆိုင္ပင္ၾကည့္ပါ။

ကိုယ္ျဖစ္ေနတဲ့ အခက္အခဲျပႆနာေတြ၊ ေရွ႕ေလွ်ာက္လုပ္မယ့္ အစီအစဥ္ေတြကို သူနဲ႔ တိုင္ပင္ၾကည့္ပါ။ ေနာက္ ေဝဖန္ခိုင္း၊ အႀကံေပးခိုင္းပါ။ ဒါဟာလည္း ရင္းႏွီးမႈရေစတဲ့အျပင္ ကိုယ့္ခ်စ္သူရဲ႕ စဥ္းစားႏိုင္စြမ္း၊ အေမွ်ာ္အျမင္ရွိမႈနဲ႔ သေဘာထားေတြကို သိရမွာပါေနာ။


(၄) အတူတူဟင္းခ်က္စားၾကည့္ပါ။

အတူူတူေဈးဝယ္မယ္၊ ဟင္းသီးဟင္း႐ြက္ေတြ တိုက္ခြၽတ္ေဆးေၾကာ၊ အသားငါးေတြကိုင္ၿပီး ဟင္းအတူတူခ်က္ဖို႔ ေျပာၾကည့္ပါ။ အကယ္၍ သူက သေဘာတူတယ္ဆိုရင္ေတာ့ ၁ မွတ္စေပးလို႔ရေနၿပီေနာ္။ ဘာေၾကာင့္ဆို အမ်ားစုေသာ အမ်ိဳးသားေတြက မီးဖိုေခ်ာင္ဝင္ရမွာ တြန႔္ဆုတ္တတ္လို႔ပါပဲ။ ႏွစ္ေယာက္စလုံး ဟင္းမခ်က္တတ္ဘူးဆိုရင္ေတာင္မွပဲ ဟင္းခ်က္ဗီဒီယိုေတြ၊ နည္းလမ္းေတြကို ၾကည့္၊ ဖတ္ၿပီး စမ္းတဝါးဝါး ခ်က္ၾကည့္ပါ။ ေပ်ာ္ဖို႔ေကာင္းသလိုပဲ သူကိုယ့္အေပၚမွာ မိန္းမလို႔ မီးဖိုေခ်ာင္ကိစၥ နင္ပိုလုပ္ရမယ္ဆိုတဲ့ အခ်ိဳးမ်ိဳး ခ်ိဳးေနသလား၊ ဒါမွမဟုတ္ အတူတူ ကူလုပ္သလား၊ ဒါမွမဟုတ္ သူပဲ ဦးေဆာင္သြားသလားဆိုတာ သိႏိုင္မွာပါ။ အဆင္ေျပေျပနဲ႔ ဟင္းတစ္ခြက္ျဖစ္လာမယ္ဆိုရင္ေတာ့ ေနာက္အခါေတြမွာလည္း သူနဲ႔ အတူတူတစ္ခုခုခ်က္ျပဳတ္ရင္း ရင္းႏွီးခ်စ္ခင္မႈေတြ ရယူႏိုင္ပါၿပီေနာ္။

Credit : Auny may 


Unicode ဖြင့်ဖတ်ရန်

ချစ်သူနဲ့ ရင်းနှီးမှုပိုရပြီး စိတ်ဓာတ်အစစ်မှန်ကို သိချင်ရင် ဒီ (၄) ချက်နဲ့ စမ်းသပ်ကြည့်ပါ။




“လူအကြောင်း ပေါင်းဖူးမှသိ” ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ လူတစ်ယောက်နဲ့ နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး အချိန်အကြာကြီးမနေဖူးဘဲနဲ့ အဲဒီလူတစ်ယောက်က ဘယ်လိုစိတ်ထားမျိုး ရှိတယ်ဆိုတာ မသိနိုင်ပါဘူးနော်။ ဒါဆို ကိုယ့်ချစ်သူရဲ့ စိတ်ဓာတ်အမှန်ကိုရော မသိချင်ဘူးလား။ ဒါကြောင့် ဒီတစ်ခေါက်အတွက် ချစ်သူရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာလည်း သိရအောင်၊ ပိုပြီးလည်း ရင်းနှီးမှုတွေ ရရအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။

(၁) အတင်းတုတ်ပါ။


အတင်းအတူတူတုတ်ကြည့်ပါ။ အတင်းတုတ်တာဟာ မကောင်းတဲ့ အလေ့အကျင့်ဆိုတာ မှန်ပေမယ့်လို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစေဖို့ အမြန်ဆန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဆိုးဆိုးရွားရွားကြီး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး အတင်းတုတ်ကြည့်လိုက်ပါ။ အတင်းတုတ်ရင်း သူ့ရဲ့ ထင်မြင်ချက်တွေ၊ ဝေဖန်မှုတွေပါ ကြားရမှာမလို့ စိတ်ဓာတ်ကို သိနိုင်ပါတယ်။



(၂) ခရီးထွက်ကြည့်ပါ။

နှစ်ယောက်တည်း ခရီးထွက်ဖို့ အဆင်သင့်မဖြစ်သေးဘူး၊ အခွင့်မသာခဲ့ဘူးဆိုရင်တောင်မှ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ချစ်သူကိုပါ အပါခေါ်ပြီး ခရီးထွက်ကြည့်ပါ။ သူငယ်ချင်းတွေတောင် ခရီးထွက်ရင်းနဲ့မှ စိတ်ဓာတ်အစစ်အမှန်တွေ သိသွားရတဲ့အဖြစ်တွေ ရှိဖူးတယ်မလား။ သူ့ကို ဦးဆောင်ခိုင်းပါ၊ ခရီးစဉ်ဆွဲခိုင်းပါ။ စိတ်ဓာတ်ပါမက အရည်အချင်းကိုပါ သိလာနိုင်ပြီး ရင်းနှီးမှုတွေလည်း ကံကောင်းရင် ရလာမှာပါ။


(၃) ဆွေးနွေးဆိုင်ပင်ကြည့်ပါ။

ကိုယ်ဖြစ်နေတဲ့ အခက်အခဲပြဿနာတွေ၊ ရှေ့လျှောက်လုပ်မယ့် အစီအစဉ်တွေကို သူနဲ့ တိုင်ပင်ကြည့်ပါ။ နောက် ဝေဖန်ခိုင်း၊ အကြံပေးခိုင်းပါ။ ဒါဟာလည်း ရင်းနှီးမှုရစေတဲ့အပြင် ကိုယ့်ချစ်သူရဲ့ စဉ်းစားနိုင်စွမ်း၊ အမျှော်အမြင်ရှိမှုနဲ့ သဘောထားတွေကို သိရမှာပါနော။


(၄) အတူတူဟင်းချက်စားကြည့်ပါ။

အတူူတူဈေးဝယ်မယ်၊ ဟင်းသီးဟင်းရွက်တွေ တိုက်ချွတ်ဆေးကြော၊ အသားငါးတွေကိုင်ပြီး ဟင်းအတူတူချက်ဖို့ ပြောကြည့်ပါ။ အကယ်၍ သူက သဘောတူတယ်ဆိုရင်တော့ ၁ မှတ်စပေးလို့ရနေပြီနော်။ ဘာကြောင့်ဆို အများစုသော အမျိုးသားတွေက မီးဖိုချောင်ဝင်ရမှာ တွန့်ဆုတ်တတ်လို့ပါပဲ။ နှစ်ယောက်စလုံး ဟင်းမချက်တတ်ဘူးဆိုရင်တောင်မှပဲ ဟင်းချက်ဗီဒီယိုတွေ၊ နည်းလမ်းတွေကို ကြည့်၊ ဖတ်ပြီး စမ်းတဝါးဝါး ချက်ကြည့်ပါ။ ပျော်ဖို့ကောင်းသလိုပဲ သူကိုယ့်အပေါ်မှာ မိန်းမလို့ မီးဖိုချောင်ကိစ္စ နင်ပိုလုပ်ရမယ်ဆိုတဲ့ အချိုးမျိုး ချိုးနေသလား၊ ဒါမှမဟုတ် အတူတူ ကူလုပ်သလား၊ ဒါမှမဟုတ် သူပဲ ဦးဆောင်သွားသလားဆိုတာ သိနိုင်မှာပါ။ အဆင်ပြေပြေနဲ့ ဟင်းတစ်ခွက်ဖြစ်လာမယ်ဆိုရင်တော့ နောက်အခါတွေမှာလည်း သူနဲ့ အတူတူတစ်ခုခုချက်ပြုတ်ရင်း ရင်းနှီးချစ်ခင်မှုတွေ ရယူနိုင်ပါပြီနော်။

Credit : Auny may 

Previous
Next Post »
Powered by Blogger.