ဓာတ်ပုံ - ဘန်ကောက်ပို့စ် |
ကျောင်းသားတွေထံကနေ အဆင့်မြင့်စာခိုးချတဲ့ လက်ပတ်နာရီတွေနဲ့ မျက်မှန်တွေ ဖမ်းမိတဲ့အတွက် ဖြစ်ပါတယ်။
ရန့်စစ်တက္ကသိုလ် ဒု-ကျောင်းအုပ် နာရက် ပါတရက်တွန်ရဲ့ ဘန်ကောက်ပို့စ်ကို ပြောပြချက်အရ ကျောင်းသား ၃ ယောက်က အဆင့်မြင့်လက်ပတ်နာရီတွေ ဝတ်ဆင်တာကို စတင်ဖမ်းမိခဲ့တာပါ။
စာခိုးချဖို့ အသေအချာအကွက်ချစီစဉ်ထားတဲ့ ဂိုဏ်းတခုကနေ တက္ကသိုလ်နားမှာ နေရာယူထား ပြီး ကျောင်းသားတယောက်က အဆင့်မြင့်ကင်မရာပါတဲ့ မျက်မှန်ကို ဝတ်ဆင်ကာ စာမေးပွဲခန်းထဲဝင်ပြီး စာဖြေချိန်မှာ မေးခွန်းတွေကို ဗီဒီယို ရိုက်ကူးကာ ဂိုဏ်းရဲ့ကွန်ပြူတာကို တိုက်ရိုက်ပေးပို့ပြီး ဂိုဏ်းသူ ဂိုဏ်းသားတွေက အဖြေများကိုရှာပေးကာ စမတ်နာရီတွေကို မေးခွန်းပါ အပုဒ်များရဲ့  အဖြေတွေ ပေးပို့တာ ဖြစ်ပါတယ်။
ကျောင်းသား ၃ ယောက် စာဖြေချိန် ၄၅ မိနစ်မှာ တပြိုက်နက်တည်း စာမေးပွဲခန်းမှ ထွက်သွားခြင်းကို စာမေးပွဲအခန်းစောင့် ဆရာမတွေက စတင် သံသယ ဖြစ်ခဲ့ပါတယ်။
ဖမ်းမိတဲ့ ကျောင်းသား ၃ ယောက်ထဲမှ တယောက်ရဲ့  ပြောပြချက်အရ သူ စာခိုးချဂိုဏ်းကို စရံ ထိုင်းဘတ် ၅ သောင်း (မြန်မာငွေ ၁၅ သိန်းကျော်) ပေးထားရပြီး သူစာမေးပွဲ အောင်မြင်ပါက ထိုင်းဘတ် ၈ သိန်း (မြန်မာငွေ ၂၄၀ သိန်းကျော်) ထပ်မံပေးချေရမှာ ဖြစ်ပါတယ်။
“ဖမ်းမိ ကျောင်းသား ၃ ယောက်ထဲက တယောက်သာ ဖြောင့်ချက်ပေးပါတယ်။ ကျန် နှစ်ယောက်ကိုလည်း ဖြောင့်ချက်ပေးဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်။ ဒါမှ နောက်ဒီလို တက္ကသိုလ်ဝင်ခွင့် သင်တန်းအယောင်ဆောင် စာခိုးဂိုဏ်းတွေကို ထိထိရောက်ရောက် အရေးယူ နိုင်ပါလိမ့်မယ်။ စာခိုးချသူများကိုလည်း တည်ဆဲဥပဒေများအရ အရေးယူဖို့လည်း ပြင်ဆင်နေပါ တယ်။ နောင်ဒါမျိုး မဖြစ်အောင် စာမေးပွဲခန်းကို ခဲတံတမျိုးထဲကိုသာ ယူခွင့်ပေးမှာဖြစ်ပြီး မျက်မှန်ဝတ်သူ ဖြစ်ပါက မျက်မှန်ကို သေချာ စစ်ဆေးမှာဖြစ်ပါတယ်” ဟု ဒု ကျောင်းအုပ်က ပြောပြပါတယ်။
အခုလို စာခိုးချသူ ၃ ယောက်မိတဲ့အတွက် ဆေးတက္ကသိုလ် သွားဖက်ဆိုင်ရာ တက္ကသိုလ်နဲ့ သူနာပြုတက္ကသိုလ် ကျောင်းသား ၃၀၀၀ ကျော်ရဲ့ ဝင်ခွင့်ဖြေ စာမေးပွဲကို ပယ်ဖျက်လိုက်ပြီး မေလ ၃၁ ရက်နဲ့ ဂျွန် ၁ ရက်နေ့မှာ ထပ်မံဖြေဆိုရမှာ ဖြစ်ပါတယ်။
မူရင်း – ဘန်ကောက်ပို့စ်
DVB
Sign up here with your email
ConversionConversion EmoticonEmoticon