အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ Samira Lupidiဆိုသူ အမျိုးသမီးဟာ သမီးအရင်း၂ယောက်ဖြစ်တဲ့ ၃နှစ်အရွယ် Evelynနဲ့ 17လသားအရွယ် Jasmineကို လွန်ခဲ့တဲ့ နိုဝင်ဘာလက အိပ်ရာထဲမှာတင် ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။ သူမကဒီလိုသတ်ရတာ ကလေးတွေကို ယောက်ျားဖြစ်သူကို မပေးချင်လို့ဖြစ်ကြောင်းဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ သူမရဲ့ယောက်ျားဖြစ်သူဆီကနေ ထွက်ပြီးပြီး ၂၄နာရီအကြာမှာဖြစ်ခဲ့တာပါ။ သူမပြောပုံအရသူမရဲ့ယောက်ျားဟာ သူမရဲ့ခြေတွေလက်တွေကို ရိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ အစက ယောက်ျားဖြစ်သူနဲ့အတူနေပေမယ့် သူမကိုနှိပ်စက်ကြောင်းတရားစွဲခဲ့လို့ လတ်တလောမှာ သူမတို့သားအမိဟာ ဒုက္ခသည်စခန်းမှာနေထိုင်နေကြတာလည်းဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၇ရက်နေ့မှာ ဒုက္ခသည်စခန်းမှတာဝန်ရှိသူတစ်ဦးက သူမတို့နေထိုင်ရာအခန်းကိုလာရောက်စဉ် တံခါးကိုဖွင့်ပြီး ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ အစက ထိုတာဝန်ရှိသူက အပေါက်ဝမှာ ရပ်နားထောင်နေခဲ့တာဖြစ်ပြီး အထဲက”ကျွန်မသူတို့ကိုသတ်လိုက်ပြီ”ဆိုတဲ့ တယ်လီဖုန်းပြောသံကိုလည်းကြားခဲ့ရပါတယ်။
ထွက်ပြေးသွားတဲ့အချိန်မှာလက်မှာလည်းသွေးတွေပေကျံနေခဲ့ပြီး အထဲကိုဝင်ကြည့်တဲ့အခါမှာတော့ ကလေး၂ယောက်လုံးဟာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေခဲ့ပါတယ်။ သူမဟာ ကလေးတွေကိုမသတ်ခင်တုန်းကလည်း ယောက်ျားနဲ့စကားများခဲ့တယ်လို့သိရပါတယ်။ သူ့ရဲ့ယောက်ျားဖြစ်သူက သူ့အပေါ်ကိုအရမ်းချုပ်ချယ်လွန်းတာကြောင့်သူမအနေနဲ့မွေးရပ်ဇာတိဖြစ်တဲ့အီတလီကိုပြန်ချင်နေခဲ့တာကို ယောက်ျားဖြစ်သူက ပေးမပြန်ခဲ့ဘူးလို့လည်းသိရပါတယ်။ လတ်တလောမှာတော့ သူမဟာ လူသတ်မှုကိုငြင်းဆန်နေသေးတာကြောင့် တရားရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။
Source: metro
Shwemon
Sign up here with your email
ConversionConversion EmoticonEmoticon