ပြင်သစ်နိုင်ငံ အထိ သွားရောက် ရိုက်ကူးမယ့် အက်ရှင် ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး နိုင်းနိုင်း ဘာပြောခဲ့လဲ . . .

ဓာတ်ပုံ – မျိုးမောင်
နိုင်းနိုင်းက လက်ရှိ ရိုက်ကူးနေတဲ့ “ဒုဋ္ဌ ဝတီကို လွန်၍” (The Mystery of Burma -The Lost Temple) လို့ အမည်ရတဲ့ အက်ရှင် ရုပ်ရှင် ဇာတ်ကားကြီးဟာ သူရိုက်ကူး ခဲ့သမျှ ဇာတ်ကားတွေထဲ မှာ အကြိုက်နှစ်သက် ဆုံး ဇာတ်ကား တစ်ခုဖြစ်ကြောင်း ဖွင့်ဟပြော လာပါ တယ်။

“ကျွန်တော် ဇာတ်လမ်းကို တအား ကြိုက် တယ်။ ကျွန်တော် ရိုက်ကူးလာတဲ့ ဇာတ်ကား တွေ တစ်လျှောက် မှာလည်း အခုလို Budget သုံးတဲ့ ဇာတ်ကားမျိုး ဆိုတာ ရှားပါတယ်။ ဒီ ဇာတ်ကားဟာ အပြတွေ နဲ့ အက်ရှင်တွေ တအားများတယ်။ တချို့ ဇာတ်ဝင်ခန်းတွေ မှာ ကုန် ကျမယ့် ကုန်ကျစရိတ်ဟာ အတော်ကိုများ ပါတယ်။ ကျွန်တော့်ဆီ ဒီဇာတ်လမ်း ကို လာပြတုန်းကတော့ ဟုတ်ကော ဟုတ်ပါ့ မလား ဆိုပြီးတော့ စဉ်းစား တွေဝေနေခဲ့တာ။ အခုတော့ တကယ်ကို ဖန်တီးနေ ကြတာပါ။ အခုလက်ရှိ ရိုက်ကူးနေတာ အရင် ရိုက်ကူး နေကျ ပုံစံတွေ ထက်များစွာ ကွဲပြား နေတယ် ဆိုတာသေချာတယ်။ အဲဒီတော့ ပရိသတ်တွေ ဟာလည်း ဒီ ဇာတ်ကား ထွက်လာတဲ့ အခါ ကြည့် ရတာ တန်ပါလိမ့်မယ်” လို့ နိုင်းနိုင်း က ပြောပြပေးပါတယ်။

“ဒုဋ္ဌဝတီကိုလွန်၍” အက်ရှင် ဇာတ်ကား အတွက်ကို အချိန်တစ်လ လောက်အထိ ပြင်ဆင်ထားတယ် လို့ သိရပြီး နိုင်းနိုင်းပြောပြ တာ ကတော့ သင်္ကြန် မတိုင်ခင် ကာလတုန်းက တည်းက စပြီး အက်ရှင်ပိုင်း ဆိုင်ရာနဲ့ ဒိုင်ယာလော့ခ် ပြောခန်းတွေ အကုန် လုံးကို ရီဟာဇယ် လုပ်ထား ခဲ့ကြပြီး ရိုက်ကွင်းပေါ်ရောက်မှ တစ်ခါတည်း ပြုလုပ်ရမယ့် အရာတွေကိုသာ ချန်ထား ခဲ့တယ်။ ကျန်တာအားလုံး ကိုရီဟာ ဇယ် လေ့ကျင့် ထားခဲ့ကြကြောင်း ဆိုပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ On Scence ပေါ် ကျမှ တကယ် လုပ်ရတာတွေပေါ့။ ဒါရိုက် တာကတော့ သရုပ်ဆောင်တွေ ကို အကုန်ထိန်း ထားတော့ သူ့ရဲ့ လိုတိုး၊ ပိုလျှော့အပေါ် မူတည် ပြီးတော့ သွားရမှာပါ။ ဒီဇာတ်ကားမှာ ဆင်းန် တစ်ဆင်းန် အတွက်ကို အချိန် အတော်ပေး ရပါ တယ်။ Risk ယူရမယ့် အပိုင်းတွေ အများကြီး ရှိနေပါတယ်။ ဒီဇာတ်ကားကို အရင် ကောင်းအောင် လုပ်ပြီးမှပဲ နောက် ပိုင်းမှာ ထပ်လုပ် လာမယ့် Part (2) အတွက်တွေကို ထပ်ပြီး စဉ်းစားရ မယ့်အပိုင်းတွေ ရှိပါတယ်။ နောက် တစ်ဆင့် ဘာထပ် လုပ်ရမယ် ဆို တဲ့ အပိုင်းတွေ ကိုပေါ့” လို့ နိုင်း နိုင်းက ဇာတ်ကား နဲ့ပတ်သက်ပြီး မှတ်ချက်ပြု ဆိုပါတယ်။

အက်ရှင် ဇာတ်ဝင်ခန်း ပေါင်းများစွာ ပါဝင်နေတဲ့ ဒီ ဇာတ်ကား အတွက်ကို သူ့ အနေ နဲ့တော့ ထွေထွေထူးထူး အက်ရှင်ပိုင်း အတွက် စိုးရိမ်စရာ မလိုတော့ဘူး လို့လည်း နိုင်းနိုင်း က ဆိုပါတယ်။

“ဘာဖြစ်လို့လဲ ဆိုတော့ အက်ရှင် နဲ့ပတ်သက်ရင် ကျွန် တော်က နဂိုကတည်းက Training ရှိပြီး သား ဆိုတော့ ထွေထွေထူးထူး လေ့ကျင့် စရာ မရှိပါဘူး။ ရီဟာဇယ်လုပ် ပြီးတော့ တန်း ရိုက်ကူးရုံပါပဲ’ လို့ ၄င်းကဆိုပါတယ်။

ဒီဇာတ်ကားကို ပြင်သစ် နိုင်ငံအထိ သွားရောက်ရိုက် ကူးဖို့ စီစဉ်ထားတာဟာ လည်း ဇာတ် ဝင်ခန်း အတွက် လိုအပ်လို့ သာဖြစ်ကြောင်း ၄င်းကဆက်ပြောပါတယ်။

“ရှင်းရှင်းပြောရရင် ဒီဟာတွေ က ပရိုဂျူဆာတွေရဲ့ ဖန်တီးချင် တဲ့ စိတ်တွေပါ။ အဲဒီအ တွက်ကိုလည်း ကျွန်တော် အသိအမှတ်ပြု တယ်။ အက်ရှင် ဇာတ်ကား အတော်အများကို ကျွန်တော် ရိုက်ခဲ့ဖူးတယ်။ အက်ရှင် ဒရာမာ ပုံစံရော၊ အက်ရှင် သီးသန့် ပုံစံရောပေါ့။ ဒါပေ မဲ့ ဒီဇာတ်ကား က ဒရာမာ အနည်းငယ်ရော တယ် ဆိုပေမယ့် အက်ရှင်ကို ပိုပြီးတော့ ဦးစား ပေးထားတဲ့ ဇာတ်ကားပါ။ ကျွန်တော့် အတွက် ကတော့ ဒီဇာတ်ကားထဲမှာ မလုပ်ဖူးတဲ့ အက် ရှင်မျိုးတွေကို လုပ်ရမှာဖြစ်တဲ့ အတွက် ရင်ခုန်ပါတယ်။ အတော် ပင်ပန်းမယ့် ဇာတ်ကား တစ်ကားလို့ သတ်မှတ်ရ ပါမယ်”လို့ ၄င်းက ဆိုပါတယ်။ နိုင်းနိုင်းပြောပြ ချက်အရ တော့ အခုနောက်ပိုင်း သူလုပ်ကိုင် လာတဲ့ အနုပညာ လုပ် ကိုင်မှုတွေဟာ ငွေကြေးနဲ့ယှဉ် လာရင် အနုပညာ ဘက်ကို ပိုပြီး ဦးစားပေးဖြစ် လာနေတာ အမှန်ပဲဖြစ်ပါ တယ်လို့ ဆိုပါတယ်။

“ဒါကတော့ ကျွန်တော် တစ် ရာ ရာခိုင်နှုန်းပြော လို့ရပါ တယ်။ ကျွန် တော် ငွေရေး၊ ကြေးရေးကို မကြည့်ဘဲနဲ့ ကျွန်တော် ရိုက်ကူး လိုက် တဲ့ ဇာတ် ကားတစ်ကားဟာ ပရိသတ်တွေ အပါ အ ဝင် အားလုံးအတွက် ပြောင်းလဲစေချင် တဲ့ စိတ်တစ်ခုနဲ့ ကျွန် တော် လုပ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် အတွက်လည်း အ သစ်အဆန်းဖြစ် မယ်။ ကျွန်တော် မလုပ်ဖူးတဲ့ အရာ တစ်ခုကို လုပ်ရမယ့်၊ ကျွန်တော်ရင်ခုန်ရ မယ့် ဇာတ်ကားမျိုး ကို ပဲ ရိုက်ကူးချင်တယ်။ လာအပ်တဲ့ဇာတ်လမ်း တွေကို ဖတ်တဲ့အခါ မှာလည်း ပရိသတ်တစ် ယောက်အနေနဲ့ပဲ ဖတ် တာပါ။ မင်းသားတစ် ယောက်အနေ နဲ့ကျွန်တော် မဖတ်ပါဘူး။ ပရိသတ်တစ် ယောက်အနေ နဲ့ပဲ ဖတ်တယ်။ ကျွန်တော် ကိုယ်တိုင် ဒီဇာတ် လမ်းကို ဖတ်တဲ့အချိန်မှာ စိတ် ဝင်စားမှု ရှိတယ်။ ရင်ခုန်တယ် ဆိုရင် ကျွန်တော် အဲဒီ ဇာတ် ကားကို ရိုက်တယ်” လို့ သူ့ရဲ့ အနုပညာ အလုပ်အပေါ် သဘော ထားကို ပြောပြပေးပါတယ်။ နိုင်းနိုင်း က ဒီဇာတ်ကား ရိုက်ကူး ပြီးစီးရင်တော့ လာမယ့် သြဂုတ်လထဲ မှာ အမေရိကန် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ မိသားစု ဆီကို ခေတ္တပြန်မှာ ဖြစ်ကြောင်း ပြော ပြခဲ့ပါသေးတယ်။

ထက်လူ - Popular Myanmar
Previous
Next Post »
Powered by Blogger.