ကလေးတွေကို ဖခင်ဆီ ပေးရမှာစိုးရိမ်လို့ မိခင်က သတ်ပစ်ခဲ့




မိခင်ဖြစ်သူဟာ သူမရဲ. ကလေးတွေကို သူမကလွဲလို့ ဘယ်သူကမှ မပိုင်ဆိုင်စေလိုဘူးလို့ ဆိုပါတယ်။

လူပီဒီ ဆိုတဲ့ အမျိုးသမီးနဲ့ ဝီဗာတို့ဟာ အင်တာနက်ကနေ တစ်ဆင့် တွေ့ဆုံချစ်ကြွမ်းဝင်ခဲ့ကြပါတယ် ။ သူမတို့စုံတွဲဟာ ၂၀၁၂ ခုနှစ်မှာ သမီးကြီး အယ်ဗလင်း နဲ့ ၂၀၁၄ မှာ ဂျက်စမင်ကို မွေးခဲ့ကြပြီး ၊ သားသမီးတွေဟာ တစ်ယောက်က အသက် ၃ နှစ် ၊ နောက်တစ်ယောက်က ၁၇ လသမီးပဲ ရှိသေးတဲ့ မိန်းကလေးတွေပါ။

ဝီဗာဟာ သူမနဲ့ ငွေကြေးကို ထိန်းချုပ်ထားခဲ့တယ်လို့ လူပီဒီက ဆိုပါတယ် ၊ သူမကို ငွေသုံးစွဲခွင့် ၊ ငွေကိုင်ခွင့် မပေးသလို ၊ မိသားစုနဲ့လည်း ဆက်သွယ်ခွင့် မပေးခဲ့ပါဘူးတဲ့ ၊ သူမအပေါ် ရိုက်နှက်နှိပ်စက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက လူပီဒီအနေနဲ့ သမီးငယ်နှစ်ဦးကို နှစ်ခြင်းခံပြီးရင် သူမကို မောင်းထုတ်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

ဒါကြောင့် ကလေးတွေကို သူမကမှ ပိုင်ဆိုင်ခွင့်မရရင် သူလည်း ပိုင်ဆိုင်ခွင့် မရစေရဘူးလို့ သူမက တရားသူကြီးေ၇ှ.မှာ ပြောခဲ့ပါတယ် ။ သူမဟာ ကလေးတွေကို ဓါးနဲ့ အသေထိုးသတ်ခဲ့တာပါ။

Source : The Sun
buzz.myanmarportal
Previous
Next Post »
Powered by Blogger.