အိမ်ငှားကို ဖယ်ထုတ်ဖို.က လွယ်ကူ ရှင်းလင်းနေတဲ့ ဥပဒေရယ်လို. မရှိပါဘူး။
တကယ့်တကယ် ဖယ်ထုတ်နိုင်တာကတော့ အိမ်သစ်/တိုက်သစ် ပြန်ဆောက်တာနဲ. အကြီးစားပြင်ဆင်တာ (၂)မျိုးဘဲ ရှိပါတယ်။
ဒီလိုဖယ်လိုက်ပြီးလျှင်လည်း အိမ်ငှားတွေကို အခန်းပြန်ပေးရမယ်လို. ဥပဒေမှာ ရှိနေလေတော့အိမ်ငှားတွေကို ပြောရတာ ခက်နေတာပေါ့။
ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံးနည်းလို. ပြောရမလို ဖြစ်နေပါတယ်။
ဥပဒေကြောင်းအရတော့ လခမပေးရင် ဖယ်ထုတ်ဖို. တရားစွဲခွင့် ရှိပါတယ်။ (လခပေးနေတယ်ဆိုလျှင် ဘာမှလုပ်လို.မရပါ)
တရားရုံးအမိန်.ဆိုတာကဘဲ အိမ်လခနဲ. ပတ်သက်ပြီး ချတဲ့အမိန်.ကိုသာ လိုက်နာရမယ်တဲ့(လိုက်နာနေပါတယ်တဲ့ဗျာ၊ ဘာလုပ်ရမလဲ)
ပတ်ဝန်းကျင်ကို နှောင့်ယှက်ရင် ဖယ်ထုတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ (အိမ်ငှားတွေ်က အေးလိုက်ကြတာ၊ ဆူဆူပူပူမရှိကြဘူးတဲ့)
ဖယ်ဖို.ဆိုတာ မလွယ်ပါဘူးဗျာ။ ဒီတော့ စည်ပင်ကရတဲ့ DBလို.ခေါ်တဲ့ “အန္တရာယ်ရှိတဲ့ အဆောက်အအုံ” ဆိုရင်တော့ ချက်ချင်းဖယ်ခွင့်ရပြီပေါ့ဗျာ။
(ဒါပေမဲ့ DBလက်မှတ်က အတုလုပ်လို.မရနိုင်ပါဘူး။ စည်ပင်သာယာရေးကော်မတီကသာ ထုတ်ပေးနိုင်တာပါ။)
Ref : Kyi Soe (IC)
Posted By : Wai Phyoe Aung
Sign up here with your email
ConversionConversion EmoticonEmoticon