မြန်မာနိုင်ငံတွင် ပထမ ဆုံးကျင်းပနေသည့် Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ Winner ဆုရှင်ကို ဧပြီ ၈ ရက်တွင် အပြီး သတ်ရွေးချယ်ပေးမည် ဖြစ်ကြောင်းသတင်းရရှိသည်။
‘‘အခု Top 10 မှာပါတဲ့ ပြိုင် ပွဲဝင် ၁၁ ဦးကို မဲပေးစနစ်နဲ့ တ ဖြည်းဖြည်းရွေးချယ်သွားမယ်။ အ ပတ်စဉ်တိုင်း မဲအနည်းဆုံးရတဲ့ သူတစ်ဦးချင်းစီကို ပယ်သွားမယ်။ နောက်ဆုံးကျန်တဲ့တစ်ဦးကိုပဲ Winner အဖြစ် ရွေးချယ်သွားမှာ ပါ’’ဟု Myanmar Idol မှ Music Director ဦးအောင်ဖြိုးဝင်းက ပြောသည်။
Myanmar Idol သီချင်းဆို ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ပြိုင်ပွဲဝင်ပေါင်း ရှစ်ထောင် ကျော်အနက် အဆင့်ဆင့်ရွေးချယ်ခဲ့သည့် နောက်ဆုံးအဆင့် Top 10 ပြိုင်ပွဲဝင် ၁၁ ဦးအား ဖေဖော်ဝါရီ ၆ ရက်တွင် စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးခဲ့သည်။
Myanmar Idol Winner ဆု ရရှိသူသည် ဆုကြေးငွေကျပ်သိန်း ၂၀၀ နှင့် တစ်ကိုယ်တော်အယ်လ် ဘမ်ထုတ်ခွင့်ရရှိမည် ဖြစ်သည်။
Myanmar Idol သီချင်းဆို ပြိုင်ပွဲနောက်ဆုံးအဆင့်ဆို ကြည့်ရှုသူပရိသတ်များက ကိုယ်တိုင် ကိုယ်ကျ Voting စနစ်ဖြင့် မဲပေး နိုင်ရန် 7777 သို့ SMS ပေးပို့ရမည်ဖြစ်ပြီး အပတ်စဉ်တိုက်ရိုက်ထုတ် လွှင့်တင်ဆက်မည့် သောကြာနေ့ ည ၉ နာရီမှစ စနေနေ့ည ၈ နာရီ အတွင်း မဲပေးနိုင်မည် ဖြစ်သည်။
‘‘ညီမစိတ်ပိုင်းဆိုင်ရာရော၊ အသံပိုင်းဆိုင်ရာရောပြင်ဆင် ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုအားပေးမယ့်သူ ရှိသလို အားမပေးမယ့်သူတွေ လည်း အများကြီးရှိတယ်။ မနေ့ ညကမှ ညီမသေချာသိရတာပါ။ အဲဒီလိုဆိုတော့ ပရိသတ်တွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ညီမဘက်က အကောင်း ဆုံးကြိုးစားသွားပါမယ်’’ဟု Mya-nmar Idol Top 10 ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ပရိ သတ်အားပေးမှု ရရှိထားသည့် Sophia Everest က ပြောသည်။
အဆိုပါ Myanmar Idol သီချင်းဆိုပြိုင်ပွဲသည် မြန်မာနိုင်ငံ ရှိ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် နှင့် ပုသိမ်တို့မှ ပြိုင်ပွဲဝင်ပေါင်း ရှစ်ထောင်ကျော်အတွင်းမှ အဆင့် ဆင့်ရွေးချယ်ခဲ့ရာ နောက်ဆုံးအ ဆင့် ဆန်ခါတင်ပြိုင်ပွဲဝင် ၁၁ ဦးကိုရွေးချယ်ပေးထားပြီး ၎င်းတို့အနက် Myanmar Idol Winner ဆုရှင်တစ်ဦးကိုသာ ပြန်လည်ရွေးထုတ်ပေးမည် ဖြစ်သည်။
American Idol သီချင်းဆို ပြိုင်ပွဲမှဆင်းသက်လာသည့် My-anmar Idol သီချင်းဆိုပြိုင်ပွဲ ဒုတိယအကြိမ်ကို လာမည့် အောက်တိုဘာတွင် ထပ်မံပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
ဖြူဖွေးသန့် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon