ကျွန်မအလုပ်က လစာကို CB bank နဲ့ join ပြီး ATM နဲ့ ထုတ်ပေးတာဖြစ်လို့ 4.2.2016 တွင် ကျွန်မအလုပ်မှာလာရပ်ပေးတဲ့ CB Bank ကား ATM Machine ကနေပိုက်ဆံထုတ်ခဲ့တယ်။ 10000 တန် တွေပဲ။ ညနေရောက်တော့ လုပ်ဖော်ကိုက်ဖက်တစ်ဦးက ပေးစရာရှိတဲ့ပိုက်ဆံ (10000 တန်တွေပဲ) ကျွန်မကိုပေးတယ်။ သူကတော့ မြေနီကုန်း City Mart CB Bank ATM machine ကနေထုတ်ခဲ့တာပြောတယ်။ ပိုက်ဆံ အကုန်လုံးကို ကျွန်မက အမေကိုအပ်လိုက်တယ်။
အမေကနောက်ရက်မှာ Kanbawza Bank မှာပိုက်ဆံသွားအပ်တော့ အဲ့ပိုက်ဆံတွေထဲက 10000 တန်တစ်ရွက်က အတုလို့ပြောတယ်။ အမေကပြန်ပေးပါတောင်းတော့ အပေါက်ဖေါက်ပေးလိုက်တယ်လေ။ ကိုယ်ကလည်း ဝန်ထမ်းဆိုတော့ အလုပ်ကနေတဆင့်ပဲ Complaint ပြောခိုင်းလိုက်တယ်။
ဒီနေ့ထိဘာမှအကြောင်းမပြန်လို့ မေးကြည့်တော့ ကျွန်မအလုပ်က CB bank Marketing အဖွဲ့ကို Complaint ပြောပေးလိုက်တယ်ပြောတယ်။ CB ATM phone ကိုဆက်တော့ ချက်ချင်းမပြောလို့တဲ့။ ပြောလိုက်တဲ့သူတွေကလည်း အရေးမှမလုပ်တာ။ နောက်တော့ အဲ့ပိုက်ဆံကို ယူလာပြီး ရုံးကိုလာ Complaint လုပ်ပါတဲ့။ ဒီ10000 အတွက်နဲ့ ပြန်ရမရမသေချာပဲ အလုပ်ပျက်ခံ အချိန်ကုန်ခံပြီးသွားမနေတော့ပါဘူး။
ဘဏ်ကြီးတစ်ခုဖြစ်ပြီး မဖြစ်သင့်တာ complaint ရှင်းပေးတာညံ့လွန်းတယ်ထင်မိပါတယ်။ ကိုယ်ကတော့ ချက်ချင်း FB ပေါ်တင်ရင်သူတို့မကောင်းဖြစ်မှာစိုးလို့ ရှင်းပေးမလားစောင့်တာပေါ့။ ဖြစ်ပါစေ။ နောက်နောင် CB Bank သုံးနေတဲ့သူတွေ သတိထားရအောင်သာတင်ပေးခြင်းဖြစ်ပါတယ်။
Phyothuzar Myint facebook.
Sign up here with your email
ConversionConversion EmoticonEmoticon