ထိထိရောက်ရောက် ဘယ်လိုငိုက်မလဲ


မမှေးခင် ကော်ဖီသောက်လို့ရပါတယ်။

၁ - နေ့လည်စောစော

နေ့လည်စောစောအချိန်တွေဖြစ်တဲ့ ၁၂ နာရီနဲ့ ၃နာရီကြားဟာ အကောင်းဆုံးအချိန်တွေပါပဲ။ လူရဲ့ စွမ်းအင်အနေအထားဟာ ဒီအချိန်မှာ ကျသွားပါတယ်။ ခဏလောမှေးလိုက်တာက ပြန်လည်တက်ကြွလာစေ
ပါတယ်။

၂ - အချိန်တိုတို

၁၀ မိနစ်ကနေ မိနစ် ၂၀ လောက်ပဲမှေးပါ။ ဒီ့ထက်ပိုရင် လေးလံထိုင်မှိုင်းတာမျိုးဖြစ်နိုင်ပါတယ်။ ညဘက်အိပ်မပျော်တာတွေလည်း ရှိလာနိုင်ပါတယ်။

၃ - အချိန်သတ်မှတ်

မှေးရုံမဟုတ်ဘဲ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားမှာမျိုးကိုကြောက်ရင် နာရီနဲ့အလန်းပေးထားပါ။

၎ - ကော်ဖီသောက်လို့ရ

ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အပြည့်အဝအလုပ်လုပ်ဖို့ မိနစ် ၂၀ လောက် အချိန်ယူရပါတယ်။ ဝါရင့်သဘာရင့်ငိုက်တဲ့လူတွေကတော့ ကော်ဖီသောက်ပြီး ငိုက်ကြပါတယ်။ သောက်ပြီးပြီးချင်း မိနစ် ၂၀ လောက်မှေးကာ ပြန်ထတတ်ကြပါတယ်။

Credit - Duwun
Previous
Next Post »
Powered by Blogger.