ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါရင်ထိုးကို မီးဘေးကူညီရန် လေလံတင်စဉ် ကျပ် ၅၅ သိန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းခံရ


ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိသည့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်နှစ်ကထုတ်ဝေခဲ့သောရင်ထိုး
နမ့်ဆန်နှင့် လပွတ္တာမီး ဘေးတွင် လှူဒါန်းနိုင်ရေး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါရင်ထိုးတစ်ခု ရောင်းချရန် ကြေညာခဲ့ရာ ကျပ်၅၅ သိန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်းခံထားရကြောင်း သတင်းရရှိ သည်။

အဆိုပါရင်ထိုးတွင် အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟူသော စာသားကိုအဝိုင်းသဏ္ဌာန်ရေးသားထားပြီး စာသားအဝိုင်းအတွင်း၌ ဗိုလ်ချုပ် အောင်ဆန်း၏ စစ်ဝတ်စုံဝတ် ကိုယ်တစ်ပိုင်းပုံကို ပုံဖော်ထား ကာ ရင်ထိုးအောက်ခြေတွင် ၁၉၄၈ ဇန်နဝါရီ ၄ ရက်ဟူသော စာသားအား အင်္ဂလိပ်လိုရေးသား ထားသည်။

ယင်းရင်ထိုးကို ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲမြို့ နယ်မှ ကုန်သွယ်လယ်ယာအငြိမ်း စားဝန်ထမ်း ဦးမောင်မောင်လေး ဆိုသူက သိမ်းဆည်းထားခဲ့ပြီး ၎င်းကွယ်လွန်ပြီးနောက် မိသားစု များက ဗီရိုရှင်းလင်းရာတွင် တွေ့ ရှိခဲ့သည်ဟု ဆိုသည်။

ယင်းရင်ထိုးကို မိသားစုထံမှ တောင်းယူသိမ်းဆည်းထားသည့် ဦးမောင်မောင်လေး၏ တူအငြိမ်း စားဗိုလ်ကြီး ဦးစိုင်းစိုးတင်က မိသားစုခွင့်ပြုချက်ဖြင့် ပြန်လည်ရောင်းချရန် စီစဉ်နေခြင်းဖြစ် သည်။

‘‘ရောင်းလို့ရတဲ့ငွေတစ်ဝက် ကို ဦးလေးရဲ့ဇနီး ကျွန်တော့်ကြီး တော်ကိုပေးမယ်။ ကျန်တစ်ဝက် ကို နမ့်ဆန်နဲ့ လပွတ္တာမီးဘေး အတွက် လှူဒါန်းဖို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မွေးနေ့နဲ့လည်း တိုက် ဆိုင်နေတာရယ် မီးဘေးသင့် ဒေသကို ကူညီချင်စိတ်လည်းရှိ နေတာရယ်ကြောင့် ထပ်ပြီးသိမ်း ဆည်းထားလိုသူတွေကို ရောင်းဖို့ ဖြစ်လာတာပါ’’ဟု ဦးစိုင်းစိုးတင် က ပြောသည်။

ယင်းရင်ထိုးကို ကနဦးကျပ် ၁၀ သိန်းဖြင့် ရောင်းချရန် ကြမ်း ခင်းဈေးပေးထားသော်လည်း ယခုအခါ ကျပ် ၅၅ သိန်းဖြင့် ဝယ်ယူ မည့်သူပေါ်လာသော်လည်း ယင်း ထက်ဈေးပိုပေးကာ ဝယ်ယူမည့် သူ ရှိ၊ မရှိ ဆက်လက်စောင့်ကြည့် ဦးမည်ဟု ဆိုသည်။

ရင်ထိုးရောင်းချပြီးပါက လည်း ရောင်းချရငွေတန်ဖိုးနှင့် ဝယ်ယူသူကို အများပြည်သူထံအတိအလင်းထုတ်ဖော်ကြေညာ ပေးမည်ဟု သိရသည်။

မိုးမင်း | 7day
Previous
Next Post »
Powered by Blogger.