ကျွန်တော်တို့နှစ်ယောက် ဟန်းနီးမွန်း ကော့သောင်းကိုသွားခဲ့ပါတယ် ....












ထားဝယ်-ကော့သောင်း apex airline နဲ့ တစ်ယောက်ကို 55000Ks ကျပါတယ်။ အပြန်လေယာဉ်ခက တစ်ယောက်ကို48000ksပါ။ apex airline ကလတ်တလော ဈေးအသက်သာဆုံးလေကြောင်းလိုင်းပေါ့။ ကျွန်တော်တို့ ကော့သောင်းမှာ Victoria Cliff resort မှာတည်းပါတယ်။

ကော့သောင်းကအခေါ် လေးမိုင်ဟော်တယ်ပေါ့။ သူငယ်ချင်းတစ်ယောက်က suggest လုပ်တာရယ် ကျွန်တော့်ချစ်ချစ်ကလည်း ဒီဟိုတယ်အနေအထားလေးကြိုက်တယ်ဆိုတာနဲ့နည်းဖြစ်ပါတယ်။ Victoria cliff resort feb လောက်မှopening လုပ်မှာပါတဲ့။

Opening မလုပ်ခင်မို့ လောလောဆယ် 30% discount ရပါတယ်။ sea viewတစ်ခန်းကို 160000ks မှာ discount နဲ့မို့ 123000Ks နဲ့ရပါတယ်။ mountain view တွေက ကိုးသောင်းကျော်လောက်ရှိပါတယ်။ feb မတိုင်ခင်တော့ 30%ရနိုင်ပါသေးတယ်။

hotel ထဲက spa မှာ oil message ကအတော်ကိုကောင်းပါတယ်။ တစ်နာရီကို 13000ks ကျပ်ပေးရတယ်။ swimming pool က ပင်လယ်ကြီးကိုလှမ်းမြင်နေရတဲ့panorama swimming pool နဲ့ သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ swimming pool နှစ်ခုရှိပါတယ်။ ရကူးဝတ်စုံတွေကတော့နည်းနည်းဈေးကြီးတယ်။ တစ်စုံကို bath 750လောက်ကျတယ်။။ ဟိုတယ်တစ်ခုလုံးကတော့ နိုင်ငံခြားသားတွေချည်းပဲ။ ဂျပန် ကိုးရီယားနဲ့ အဖြူတွေလည်းရှိတယ်။အများစုကထိုင်းလူမျိုးတွေ။ receptionist တစ်ယောက်ပဲ English လိုကောင်းကောင်းပြောတတ်ပြီး waiter ကအစဟော်တယ်ဝန်ထမ်းအားလုံးက ထိုင်းစကားနဲ့ မြန်မာစကားကိုပဲပြောတတ်ကြပါတယ်။

ဟော်တယ်က 24 ဧကကျယ်ပြီး ဟော်တယ်တစ်ခုလုံး အုန်းပင်နဲ့အခြားအပင်ကြီးတွေအပြည့် တောအုပ်ကြီးလိုပဲ။ အခြားတဖက်မှာတော့ ရေလည်ကျွန်းကိုလှမ်းမြင်နေရတဲ့ကမ်းခြေရှိပါတယ်။ ကမ်းခြေနေရာကတော့ သဲပြင်သိပ်မရှိဘူး။ ဒီရေတောသောင်စပ်လိုမျိုးပါ။ ကျောက်တုံးအနည်းငယ်ရှိတယ်။ ကမ်းခြေဘက်ကိုသစ်သားတံတားတစ်စင်းထိုးပေးထားတာလည်းအရမ်းလှပါတယ်။

ဟော်တယ်တစ်ခုလုံးကို လိုက်ကြည့်ချင်ရင်သူတို့ဆီက traitor ကားလေးတွေနဲ့လိုက်ပို့ပေးပါတယ်။ အစားအသောက်တွေကတော့ European style များတယ်။

Victoria cliff resort ကနေ အခုနာမည်ကြီးနေတဲ့ snockling လုပ်ဖို့ရယ်အနီးအနားကကျွန်းတွေရဲ့အလှအပတွေလိုက်ကြည့်ဖို့ရယ်ညောင်ဦးဖီး ကျွန်းကို ပို့ပေးပါတယ်။

day Trip ကို bath 3900 ကျပါတယ်။။ bath ဈေးက 37ကျပ်နဲ့တွက်ပေးပါတယ်။ ဒါကြောင့်တစ်ယောက်ကို 144000Ks ကျတာပေါ့။ နေ့လည်စာရော သဲပြင်ပေါ်မှာ ဘာဘီကျူးရော ပါပါတယ်။ ဟိုတယ်မှာမတည်းတဲ့သူတွေလည်း လိုက်လို့ရပါတယ်

Egg Sue
Previous
Next Post »
Powered by Blogger.