( ၁) သောကက သင့်ကို မြေမမြှုပ်မီ သင်က သောကကို မြေမြှေုပ်ပစ်ပါ ။
(၂) ပြဿနာကို မိမိတစ်ဦးတည်းဖြစ်စေ ၊ သူငယ်ချင်းကောင်းတစ်ယောက်ယောက်၏ အကူအညီနှင့်ဖြစ်စေ ရင်ဆိုင် ဖြေရှင်းနိုင်သည့် သတ္တိ ကို မွေးပါ ။
( ၃) သင်တစ်ဦးတည်းမဟုတ် ၊ သင့်နောက်တွင် သတ္တိရှိသည်။
( ၄) ပြဿနာတစ်ခုမှ နောက်ထပ် ဆင့်ပွားပြဿနာတစ်ခုထပ်မံမပေါ်ပေါက်ပါစေနှင့် ။
( ၅) ပြဿနာတစ်ခု ပေါ်လာပါက ရန်သူများနှင့် အခြားသူများသင်၏ ပြဿနာတွင် ပါဝင်ပတ်သက်ခြင်း
မရှိပါစေနှင့် ။
(၆) သင်၏ ပြဿနာအခက်အခဲတစ်ခုကို စာရွက်ပေါ်တွင် အတိအကျ ချရေးပါ ။
(၇) ပြဿနာ၏ အကြောင်းရင်းများကို စီစစ်သုံသပ်၍ အဖြေရှာပါ ။
( ၈) ယင်းတို့ထဲမှာ အကောင်းဆုံးကို ရွေးထုတ်ပါ ။
( ၉) သင်၏ အဖြေကို သင်၏ အကောင်းဆုံး၊ အယုံကြည်ရဆုံး မိတ်ဆွေ ( သို့မဟုတ်) ဥပဒေအကျိုးဆောင်နှင့် တိုင်ပင်ပါ ။
( ၁၀) အကောင်းဆုံးအဖြေ ကို အချိန်မဆွဲပဲ အကောင်အထည် ဖော် အသုံးချပါ ။
Ref :ချစ်စံဝင်း ( မိုးထိအောင် လှေကားထောင် )
Credit-မြတ်နီလာ ။ ( မိုမိုလေး )

Sign up here with your email
ConversionConversion EmoticonEmoticon