အကြမ်းဖက်မှု သံသယဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူဖမ်း


စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဘင်္ဂဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူ လုံခြုံရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံမှာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ စီစဉ်ရာမှာ ပါဝင်နေတဲ့အတွက် ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ စင်ကာပူ ချာနယ်နယူးအေးရှားသတင်းက ရေးပါတယ်။

ဒီ ၂၇ ဦးလုံးဟာ စင်ကာပူ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေတာဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ပြည်ထဲရေးက ဇန်န၀ါရီ ၂၀ မှာ ထုတ်ပြန်ပါတယ်။

စင်ကာပူကနေ တရားမ၀င်ထွက်ခွာဖို့ ကြိုးစားတဲ့အတွက် ထောင်ဒဏ်ကျခံပြီးရင်တော့ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည် လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ၂၆ ဦးက အယ်လ်ကိုင်းဒါး အစ္စလာမ္မစ်နိုင်ငံတော်တွေနဲ့ ဆက်စပ်ထောက်ခံတဲ့ အဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့လည်း ပြည်ထဲရေးက ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

ကျန် ၁ ဦးကတော့ ဒီအဖွဲ့က မဟုတ်ပေမယ့် အစွန်းရောက် ဟောပြောတာကို ထောက်ခံတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.