လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ ပလတ်စတစ်အသုံးပြုမှုဟာ ယခင်ထက် အဆ ၂၀ ထိတိုးလာခဲ့ပြီး နောက်နှစ် ၂၀ အတွင်းမှာ ယခုထက် ၂ ဆတိုးလာ ဖွယ်ရှိကြောင်း၊ စွန့်ပစ်ပလတ်စတစ် ၃ပုံ ၁ပုံခန့် ဟာလည်း စနစ်တကျ သိမ်းဆည်းမခံရပဲ အမှိုက်အဖြစ် နေရာအနှံ့ပြန့်နေကြောင်း CNN Money သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်းမှာ ပလတ်စတစ်တန်ချိန်ပေါင်း ၈ သန်းခန့် သမုဒ္ဒရာ ထဲရောက်ရှိနေပြီး နှစ်ပေါင်းရာချီ အောင်မပျက်မစီးပဲမျောပါနေကြရာ ယခုအခါ တန်ချိန်ပေါင်း ၁၆၅ သန်းထိရှိနေပြီလို့ သိရပါတယ်။ တစ်ကမ္ဘာလုံးက စွန့်ပစ်တဲ့အမှိုက်တွေကို ပျမ်းမျှတွက်လိုက်တဲ့အခါ တစ်မိနစ်လျှင် အမှိုက်ကား တစ်စီးစာခန့်ဖြစ်နေပြီး ၂၀၅၀ ရောက်တဲ့အခါ တစ်မိနစ်လျှင် လေးစီးစာဖြစ်သွားနိုင်တယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ အယ်လန်မက်ခ်အာသာဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သမုဒ္ဒရာတွင်း ငါးတွေနဲ့ ပလတ်စတစ်တွေ အတူရှိနေတာကို အချိုးချကြည့်တဲ့အခါ ၂၀၅၀ မှာ ပလတ်စတစ်က ငါးထက်ပိုများလာဖွယ် ရှိတယ်လို့ ဆိုပါတယ်။(ယခုအချိုးမှာ ပလတ်စတစ် ၁ဆ ငါး ၅ ဆဖြစ်ပါတယ်)။
ပလတ်စတစ်ပြဿနာဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာလည်းဖြစ် တဲ့အပြင် စီးပွားရေးအရ ဆုံးရှုံး နစ်နာမှုကိုလည်းဖြစ်စေပါတယ်။ ပလတ်စတစ်ကို အလွယ်သုံး အလွယ်စွန့်ပစ်တာကြောင့် နှစ်စဉ် ကန်ဒေါ်လာ ၈၀ ဘီလီယံကနေ ၁၂၀ ဘီလီယံထိ ဖြုန်းတီးမှုဖြစ်နေကြောင်း ၀ါရှင်တန်ပို့စ်နဲ့ ဂါးဒီးယန်း သတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။ အကောင်းဆုံးပြဿနာဖြေရှင်းနည်းကတော့ သုံးပြီးပလတ်စတစ်ကို ပြန်လည်အသုံးပြုခြင်း၊အမှိုက်ပုံး၊ ရေပုံး၊ ခြင်းတောင်းများအဖြစ် ပြုပြင်ပြောင်းလဲအသုံးပြုခြင်းနဲ့ ပြိုကွဲပျက်စီးလွယ်တဲ့ပလတ်စတစ်အမျိုးအစားကိုအသုံးပြုခြင်း တို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။
Photo Ref: takepart, bodyunburdened,goodgirlgogreen, theguardian
Ref: www.usatoday.com
ရိုးရာလေး
Sign up here with your email
ConversionConversion EmoticonEmoticon