(ဓာတ်ပုံများ ကလေးငယ်နှင့် အသဲနုသူများကြည့်ရှုရန် မသင့်တော်ပါ)
ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာ မိဘတွေက ငွေကြေး မတတ်နိုင်လို့ မိမိတို့ရဲ့ရင်သွေး ကလေးငယ်တွေကို ဆေးမကုရ၊ ပညာသင်မပေးရနဲ့ ဆင်းရဲနွမ်းပါးမှု သံသရာ ချာလည်လိုက်ပြီး ရုန်းမထွက်နိုင်တဲ့ ကလေးငယ်တွေ များပြားစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက် ဒေသတွေ နေထိုင်နေကြပြီး ကျေးလက် ဒေသမှာ ကလေးတွေဟာ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာမသင်ရ၊ ဆေးမကုနိုင် ဖြစ်နေကြပါတယ်။
တစ်လ ၅၀၀၀ ကျပ် အလှူရှင်များ အဖွဲ့က မြောက်မြားစွာသော ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကူညီ ဖေးမနေတဲ့ အဖွဲ့လေး တဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ကို တည်ထောင်ထားတဲ့ အဓိက ရည်ရွယ်ချက်က ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ကူညီဖို့ ဖြစ်ပါတယ်။ သြဂုတ်လ ၁ ရက်နေ့မှာ စတင်တည် ထောင်လိုက်တဲ့ အဖွဲ့က ရေဘေး ကူညီရေး၊ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး တွေကို ၄ လအတွင်း အရှိန်အဟုန်နဲ့ ကူညီနေပါပြီ။ အဖွဲ့ရဲ့ အဓိက ငွေကြေးကို တစ်လလျှင် လူတစ်ဦး ၅၀၀၀ ကျပ် လှူဒါန်းမှုကနေ စုဆောင်း ရရှိပါတယ်။
အကျဉ်းချုပ် အနေနဲ့ တင်ပြရရင်တော့ ရေဘေး ကယ်ဆယ်ရေး ခရီးစဉ် ၄ ခု ၊ ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေး မကောင်းတဲ့ ကလေးငယ် ၁၀ ဦးကို ငွေကြေး ထောက်ပံ့ခြင်း (စုစုပေါင်းငွေကျပ် ၁၃၅ သိန်း)၊ ရန်ကုန် ကလေးဆေးရုံကြီးတွင် တစ်လ တစ်ကြိမ် နို့ဆန်ပြုတ် တိုက်ကျွေးခြင်း၊ သန်လျင် ဆုတောင်းပြည့် ပရဟိတ ကျောင်း၊ ဒဂုံ အရှေ့ရှိ မာဂဓိသာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ်များကို ပညာရေးနှင့် အာဟာရ ထောက်ပံ့ခြင်း၊ ဒဂုံ အရှေ့မြို့နယ်ရှိ နွမ်းပါး မိသားစု ၄၀၀ ကို ဆန်လှူခြင်းတို့ လုပ်ဆောင်ခဲ့ပါသည်။
ပညာရေး ထောက်ပံ့မှုအဖြစ် မကွေး ဆေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော “၀” တိုင်းရင်းသူ မအက်ရိုင်းရှူးနိုကပ်ကို လစဉ် ပညာသင်ထောက်ပံ့ကြေး ၁၅၀,၀၀၀ ထောက်ပံ့နေခြင်း၊ တက္ကသိုလ်ဝင်တန်း ကလေး ၅၀ ကျော်ကို စာအုပ်စာတမ်း ပံ့ပိုးခြင်း၊ ထောက်ပံ့ကြေး ပေးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။
တစ်လ ၅၀၀၀ ဆိုတဲ့ ငွေကြေးက သင့်အတွက် ဘာမှမဟုတ်ပေမယ့် မြောက်မြားစွာသော ဆင်းရဲ နွမ်းပါး ကလေးငယ်တွေကို ဖေးမနိုင်ပါတယ်။ အဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ “အားနည်းသူကူညီဖို့ တစ်လ ၅၀၀၀ လှူကြစို့” ဖြစ်ပါတယ်။
အလှူငွေ လှူဒါန်းချင်တာဖြစ်ဖြစ်၊ အဖွဲ့ရဲ့ အကြောင်း အသေးစိတ် သိချင်တာဖြစ်ဖြစ် ဖုန်းနံပါတ်-၀၉-၇၉၃ ၃၇၀ ၂၈၆ ၊ ၀၉-၃၁၀၆ ၁၉၆၇ ၊ ၀၉-၅၀၀၀၃၀၃ ၊ ၀၉-၂၆၀ ၀၂၅ ၈၅၁ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
ဧရာဝတီဘဏ်က တဆင့် လှူဒါန်းမယ်ဆိုရင်တော့
Bank Name - Ayeyarwady Bank (ATM) (Pansoedan Branch)
Account Name - Hline Thit Zin Wai
Account No – 0059119010014607
ကမ္ဘောဇဘဏ်က လှူဒါန်းချင်ရင်တော့
Bank Name - KBZ Bank
Account Name - Hline Thit Zin Wai
Account No – 045-302-04000720001
အဖွဲ့က ကူညီခဲ့တဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံနဲ့ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံတွေကို ပူးတွဲ ဖော်ပြ ပေးလိုက်ပါတယ်။
တစ်လ ၅၀၀၀ ကျပ် အလှူရှင်များအဖွဲ့ရဲ့ Facebook စာမျက်နှာကတော့https://www.facebook.com/fivethousandplus ဖြစ်ပါတယ်။
Sign up here with your email
ConversionConversion EmoticonEmoticon