မြန်မာနိုင်ငံရှိ လူဦးရေ ငါးသန်းခန့်တွင် B ပိုး၊ C ပိုး ရှိနေကြောင်း မြန်မာနိုင်ငံ အသည်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်ခင်ပြုံးကြည်က ပြောသည်။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဦးဆောင်၍ အသည်းရောဂါ စီမံကိန်းကို လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံတွင် B ပိုး၊ C ပိုး ဖြစ်ပွားသူဦးရေ သိရှိနိုင်ရန် တိုင်းနှင့်ပြည်နယ် (၁၄)ခုရှိ (၁၈)နေရာတွင် သွေးစစ်မှုများ ပြုလုပ်နေရာ ပျှမ်းမျှအားဖြင့် B ပိုး ဖြစ်သူမှာ (၈)ရာခိုင်းနှုန်းမှ (၁၀) ရာခိုင်နှုန်း ရှိပြီး၊ C ပိုး ဖြစ်ပွားသူမှာ (၃) ရာခိုင်နှုန်း ရှိကြောင်း ၎င်းထံမှ သိရသည်။
“B ပိုးနဲ့ C ပိုးက ပျမ်းမျှအားဖြင့် လူငါးသန်းလောက် ရှိနေတယ်။ ငါးသန်းမှာက လူတိုင်းမှာ ရောဂါမဖြစ်သေးဘူး၊ ပိုးတော့ ရှိတယ်။ ေ
ရောဂါမဖြစ်သေးတဲ့ သူလည်း ရှိတယ်။ ပိုးရှိပြီး ရောဂါမဖြစ်သေးတဲ့ သူတွေကျတော့ ပိုးဆိုရင် ချက်ချင်း အရေးပေါ်ကုဖို့ မလိုဘဲနဲ့ ခဏတော့ စောင့်လို့ရတယ်။ B ပိုးကိုတော့ ပြန်စစ်ကြည့်ပြီးမှ ပိုးအရမ်းများနေတယ်ဆိုရင် B ပိုးကတော့ သောက်ဆေးရှိတယ်”ဟု ၎င်းင်းကပြောသည်။
B ပိုး၊ C ပိုး ကြောင့် အသည်းခြောက် ရောဂါ ဖြစ်ပွားနေသူများအား ကျန်းမာရေး ၀န်ကြီးဌာနမှ အခမဲ့ ကုသပေးမည် ဖြစ်ပြီး C ပိုးနှင့် HIV ဖြစ်သူများ၊ B ပိုး၊ C ပိုး တွဲဖြစ်သူများကိုပါ ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“B ပိုး၊ C ပိုး မကူးအောင် သွေးကနေကူးတယ်ဆိုရင် သွေးသွင်းတဲ့အခါမှာ စစ်ပြီးတော့ သွင်းရမယ်။ ဆေးထိုးအပ် သန့်ရှင်းရမယ်။
မိသားစုထဲမှာ B ပိုးရှိလို့ရှိရင် ကာကွယ်ဆေး ထိုးထားရမယ်။ B ပိုး ကာကွယ်ဆေး သုံးလုံးပြည့်အောင် ထိုးရတယ်။ B ပိုး၊ C ပိုး မကူးအောင် လက်သည်းညှပ် တူတူ မသုံးရဘူး၊ သွားတိုက်တံ တူတူမသုံးရဘူး၊ B ပိုး၊ C ပိုး ရှိနေတယ်ဆိုတာ ကြည်ရုံနဲ့ မသိနိုင်ဘူး”ဟု ၎င်းကပြောသည်။
C ပိုးမှာ ပိုးစ၀င်သည့် အချိန်မှစ၍ (၁၀)နှစ်မှ နှစ်(၂၀) အတွင်းမှ သာရောဂါ လက္ခဏာ ပြကြောင်းသိရှိရပြီး၊ တချို့တွင် ရေဖျဉ်းစွဲခြင်း၊ သွေးအန်၊ အသည်းခြောက်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်မှသာ ပိုးရှိမှန်း သိရှိကြောင်း သိရသည်။
The Messenger
Sign up here with your email
ConversionConversion EmoticonEmoticon