၂၀၁၅ ခုနှစ် အာဆီယံ တပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၂၈ အထိ ကျင်းပနေပါတယ်။
ဒီပြိုင်ပွဲမှာ အာဆီယံဒေသတွင်း ၁၀ နိုင်ငံ တပ်မတော်က အမျိုးသား၊ အမျိုး စစ်သည်တော်တွေ ရိုင်ဖယ်၊ ကာဘိုင်၊ မက်ရှင်းဂန်း၊ ပစ္စတို စတဲ့ သေနတ်ပစ် စွမ်းရည်တွေကို ယှဉ်ပြိုင်ပါတယ်။
ဒီလိုယှဉ်ပြိုင်ရာမှာ တဦးချင်း ပြိုင်ပွဲတွေ ရှိသလို အဖွဲ့လိုက်လည်း ပါဝင်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ၁၉၉၁ ခုနှစ်က မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကာ စတင်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒီပြိုင်ပွဲကို ကျင်းပခဲ့ဖူးပါတယ်။
ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် AARM ဖေ့ဘွတ်ခ် / DVB
Sign up here with your email
ConversionConversion EmoticonEmoticon