ပစ္စည်းဝယ်ယူရာတွင် ငွေပေးချေမှု စနစ်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ် ပေးထားသော်လည်း ရှေးရိုးအစဉ်အလာကို ဖက်တွယ်ထားသူများ ရှိနေဆဲ ဖြစ်သည်။ အွန်လိုင်းက ငွေလွှဲခြင်း၊ အေတီအမ်စက်များမှ ငွေထုတ်ခြင်းစသည့် ပုံစံမျိုးစုံဖြင့် ငွေပေးချေမှု မြန်ဆန်ရန် ပြုလုပ်ပေးထားလေ့ ရှိသည်။ သို့သော် တရုတ်နိုင်ငံသားတစ်ဦးသည် စုဆောင်းထားသည့် ငွေကြေးများဖြင့် တိုက်ခန်းတစ်ခန်း လာရောက် ၀ယ်ယူရာ၌ အံ့အားသင့်စရာ အခြေအနေကို ပြုလုပ်သွားခဲ့သည်။ အဆိုပါ အမျိုးသားသည် ဒေါ်လာ (၆၂၆၈၀)နှင့် ညီမျှသည့် ယွမ်ငွေ (၄၀၀၀၀၀) ကို ယူဆောင်ပြီး ကုမ္ပဏီကို လာရောက် ငွေပေးချေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအမျိုးသား သယ်ဆောင်လာသည့် ငွေကြေးသည် ဗင်ကားနှင့်ပင် မဆံ့ခဲ့ပေ။
ယွမ် (၄၀၀၀၀၀) သည် များဟြးသည့်ပမာဏ မဟုတ်ပေ။ သို့သော် အဆိုပါ အမျိုးသား ယူဆောင်လာသည့် ငွေကြေးများသည် အသေးသုံး ငွေစက္ကူများနှင့် ငွေအကြွေစေ့များ ဖြစ်နေသည်။ ယွမ်တန်ဖိုး တစ်ယွမ်နှင့် ယွမ်ဝက်သာ တန်ဖိုးရှိသည့် ငွေစက္ကူနှင့် အကြွေများဖြင့် တိုက်ခန်းကို လာရောက် ၀ယ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် အရောင်းကုမ္ပဏီအတွက် အလုပ်ရှုပ်ခဲ့သည်။ ငွေများကို ရေတွက်ရန် ဘဏ်ကို အကူအညီတောင်းခဲ့ရသည်။ ၀န်ထမ်းသုံးဦးက ငွေများကို ရေတွက်ရာတွင် တစ်နေ့တည်း မပြီးသောကြောင့် သုံးရက် အချိန်ယူရမည်ဟု သိရသည်။ တိုက်ခန်းကို လာရောက်ဝယ်ယူသော အမျိုးသားသည် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်နေသောကြောင့် အသေးသုံး ငွေစက္ကူများစွာ ရှိနေခြင်းဖြစ်သည်။ ထို့ပြင် စုဆောင်းထားသည့် ငွေကြေးများကို ဘဏ်တွင် အပ်နှံခြင်း မရှိသောကြောင့် တိုက်ခန်းတစ်ခန်း ၀ယ်ယူရာတွင် ငွေကို သုံးရက် ရေယူခဲ့ရသည့်အထိ ဖြစ်ခဲ့သည်။
တရုတ်နိုင်ငံသားများသည် စုဆောင်းထားသော ငွေကြေးများကို ဘဏ်တွင် အပ်နှံသည့် အလေ့အထ မရှိသောကြောင့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ငွေကြေးကို ကိုယ်နှင့်မကွာ နေအိမ်တွင် ထားရှိခြင်းကြောင့် သဘာဝအန္တရာယ် ကြုံတွေ့တက်သည့် အခါမျိုးတွင် ဆုံးရှုံးမှု ကြီးမားလေ့ရှိကြောင်း သိရသည်။
messenger news journal
Sign up here with your email
ConversionConversion EmoticonEmoticon