နှစ်စဉ် နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ကျင်းပလေ့ရှိတဲ့ ကရင်ပြည်နယ်နေ့ကို ရွေးကောက်ပွဲကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့မှ ရွှေ့ဆိုင်းကျင်းပမယ်လို့ ကရင်ပြည်နယ် တာဝန်ရှိသူတွေက အသိပေး ကြေညာထားပါတယ်။
လာမယ့် နိုဝင်ဘာ ၇ ရက်နေ့ဟာ ကရင်ပြည်နယ်ရဲ့ နှစ် ၆၀ ပြည့် ကျင်းပပြုလုပ်ဖို့ရှိပြီး ကရင်အဖွဲ့အစည်းပေါင်းစုံက စည်စည်ကားကား ပူးပေါင်းကျင်းပကြဖို့ စီစဉ်ထားပါတယ်။
နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တာကြောင့် ၇ ရက်နေ့မှာ ဖွင့်ပွဲသာလုပ်ပြီး ပျောက်ပွဲရွှင်ပွဲကို ၁၀ ရက်နေ့ကျမှ ကျင်းပမှာဖြစ်တယ်လို့ ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
“ဖွင့်ပွဲအခမ်းအနားကတော့ ၇ ရက်နေ့မှာလုပ်မယ်။ ပျော်ပွဲရွှင်ပွဲကတော့ ၁၀ ရက်နေ့ကျမှ ပြန်စမယ်။ ရွေးကောက်ပွဲရှိလို့ ရွှေ့လုပ်တာပေါ့။ တရားဝင် ကြေညာထားပါတယ်။”
ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲတွေကို ၁၀ ရက်နေ့ကနေ ၁၂ နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်တယ်လို့ ကြေညာထားကြောင်းလည်း ပြောပါတယ်။
ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ် နိုဝင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ဘားအံမြို့ သီရိကွင်းမှာ ၃ ရက်တာ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာ ရက်ရွှေ့ဆိုင်းတာ ဖြစ်ပါတယ်။
သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးတဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၆ ခုနှစ်က စတင်ကာ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
နော်နိုရင်း - DVB
Sign up here with your email
ConversionConversion EmoticonEmoticon