ကိုယ့်အိမ်မွေးတိရစ္ဆာန်နဲ့ ကိုယ့်ကြင်ယာဖက် တစ်ခုကို ရွေးခိုင်းရာမှာ ၁၄ ရာခိုင်နှုန်းက တိရစ္ဆာန်ကို ရွေးကြ


သင်ရောကိုယ့်ချစ်သူ၊ ကြင်ယာဖက်နဲ့ သင့်အိမ်မွေးတိရစ္ဆာန်ကို ရွေးခိုင်းမယ်ဆိုရင်၊ ဘယ်ဟာကို ရွေးဖြစ်မယ် ထင်သလဲ။ လူအများစုကတော့ ကိုယ့်ချစ်သူကို ရွေးကြပြီး အနည်းစုက ဒါက ကိုယ်သူနဲ့ တွဲနေတာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ ကိုယ့်အိမ်မွေး တိရစ္ဆာန်လေးကိုမွေးထားတာ ဘယ်လောက်ကြာပြီလဲဆိုတဲ့ အပေါ် မူတည်တယ်လို့ ဖွင့်ဟကြပါတယ်။

AP သတင်းဌာနနဲ့ Petside.com တို့ ကပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ ၁၄ ရာခိုင်နှုန်းကတော့ ကိုယ့်အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးနဲ့ ခွဲရမယ့်အစား လူသားချစ်သူကိုပဲ လမ်းခွဲဖြစ်လိမ့်မယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။ဒါဟာ တော်တော်အဓိပ္ပါယ်မရှိတဲ့ရွေးချယ်မှုလို့ သင် ထင်ပါလိမ့်မယ်။ လူပဲ ရွေးပေါ့။ ကိုယ့်ခွေးက ကိုယ့်ကို ညစာ အပြင်ထွက်ကျွေးမှာလည်းမဟုတ်၊ ကိုယ်အလုပ်မှာစိတ်ညစ်လာရင်နားထောင်ပေးမှာလည်းမဟုတ်၊ ကိုယ် ဟင်းချက်ရင်ကူညီမှာလည်းမဟုတ်၊ လူပဲရွေးမှာပေါ့လို့ တွေးမိပါလိမ့်မယ်။ ဒါပေမယ့် တိရစ္ဆာန်ကို ရွေးကြသူတွေမှာလည်း ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပါတယ်။

တကယ်လို့ သင်ဟာ လက်မထပ်ရသေးဘူးဆိုရင်၊ ချစ်သူတွေဟာ ကိုယ့်ဘ၀ထဲ ၀င်လိုက်၊ထွက်လိုက် နဲ့ မတည်မြဲပေမယ့် ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးကတော့ ကိုယ်နဲ့ အတူ သက်ဆုံးတိုင်နေသွားမှာလို့  ဆိုပါတယ်။အမျိုးသားတွေနဲ့ ယှဉ်ရင် အမျိုးသမီးတွေဟာ ဒီနှစ်ခုကို ရွေးချယ်ဖို့ ပိုမိုခက်ခဲကြသလို ခွေးမွေးထားသူ၊ ကြောင်မွေးထားသူတွေဟာလည်း သူတို့ ခွေးလေး၊ကြောင်လေးနဲ့ လက်တွဲဖော် တစ်ခုခုကို ရွေးရမယ် ဆိုရင် တော်တော်ခက်ခဲလေ့ရှိတာကို တွေ့ ရပါတယ်။

အသက် ၅၃ နှစ်အရွယ်၊ အိမ်ထောင်ကွဲဖူးတဲ့ အမျိုးသမီးကြီး တစ်ဦးက သူမခွေးကိုပဲ ဘယ်လိုဖြစ်ဖြစ်ရွေးမှာလို့ ဆိုပါတယ်။ နောက်ထပ် ခွေးလေးကို ကယ်တင်ပြီး ၇ နှစ် တိတိ တူတူနေထိုင်လာသူ အမျိုးသားတစ်ဦးကလည်း၊ သူ့ ခွေးဘီလူးလေးက သူ့ ကို စိတ်ညစ်အောင် တစ်ခါမှ မလုပ်ဖူးလို့ သူ့ ခွေးအစား သူ့ ချစ်သူကိုပဲ လမ်းခွဲမိမှာ မေးစရာမလိုဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့ အမြင်မှာတော့၊ ချစ်သူနဲ့ အချစ်တော်တိရစ္ဆာန်ကို ရွေးရာမှာ ဘာလို့ နှစ်ခုလုံး မရနိုင်လဲလို့ မေးစရာရှိပါတယ်။ တကယ်လို့ ကိုယ့်ကြင်ယာဖက်က ကြောင်နဲ့ ဓာတ်မတည့်မှုတာမျိုး ရှိမယ်၊ ကိုယ်ကလည်း သူ့ ကို မခွဲနိုင်ဘူးဆိုရင်၊ ကိုယ့်ကြောင်လေးကို အိမ်နီးနားချင်းတစ်ယောက် ဒါမှမဟုတ် ကိုယ် ခဏခဏ အလည်သွားနိုင်မယ့် လူတစ်ယောက်ယောက်ကို ပေးလိုက်တာက အဆင်ပြေပါလိမ့်မယ်။

ye wint - Trend Myanmar
Previous
Next Post »
Powered by Blogger.