မန်ယူနည်းပြဟောင်း Ferguson နဲ့ ကွင်းလယ်ကစားသမားဟောင်း David Beckham တို့ဟာ UNICEF ရန်ပုံငွေပွဲမှာ ဂရိတ်ဗြိတိန်+အိုင်ယာလန်အသင်းမှာ ပြန်လည်လက်တွဲကြမှာဖြစ်ပါတယ်။
Ferguson ဟာ ဂရိတ်ဗြိတိန်+အိုင်ယာလန်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်မှာဖြစ်ပြီး David Beckham ကတော့ အသင်းခေါင်းဆောင်အနေနဲ့ ဦးဆောင်ကစားမယ်လို့သိရပါတယ်။ ဒီဆရာတပည့်နဲ့ ရန်ပုံငွေပွဲမှာ ယှဉ်ပြိုင်ရမယ့်အသင်းကတော့ Rest of the World XI အသင်းပဲဖြစ်ပါတယ်။
Rest of the World XI အသင်းကို နည်းပြအဖြစ် Carlo Ancelotti က တာဝန်ယူမှာဖြစ်ပြီး အသင်းခေါင်းဆောင်အနေနဲ့ ပြင်သစ်ဂန္တဝင် Zidane က ကစားသွားမယ်လို့သိရပါတယ်။
သူတို့ဟာ ဒီရန်ပုံငွေပွဲကို ချို့တဲ့ကလေးငယ်တွေအတွက် ရည်ရွယ်ပြီးကစားတယ်လို့သိရပါတယ်။
ဒါကြောင့် David Beckham က " ကျွန်တော်ဟာ ကလေးငယ်တွေကို မလုံခြုံမှုတွေကြားမှာ မကြီးပြင်းစေချင်ပါဘူး။ သူတို့လေးတွေကို ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဆိုးတွေကြားကနေ ကယ်တင်ချင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကနေရလာတဲ့အကျိုးအမြတ်တွေက သူတို့လေးတွေအတွက် အားဆေးတစ်ခွက်ဖြစ်ပါလိမ့်မယ်။ "
" ကျွန်တော်ကတော့ သူငယ်ချင်း Zizou (Zidane) တို့နဲ့ကစားရမယ့်အတွက် ဝမ်းမြောက်မိပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အသင်းဖော်တွေ မိတ်ဆွေတွေ စုံစုံညီညီပြန်တွေ့ရမှာမို့လို့ ပိုပြီးဝမ်းမြောက်တာပေါ့လို့ " ပြောသွားခဲ့ပါတယ်။
အဲ့ဒီရန်ပုံငွေပွဲကိုတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။
Paing A K - သစ်ထူးလွင်
Ref: Goal.com
Sign up here with your email
ConversionConversion EmoticonEmoticon