တရုတ်ပြည် Hubei ပြည်နယ် Wuhan city မှာ ဖြစ်ပါတယ်။ သတို့သမီး ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီး ၇ ဦးဟာ ဆိုရင် လမ်းတွေပေါ်မှာ လျှောက်သွားပြီး မာကဲတင်း ပရိုမိုးရှင်း ဆင်းနေပါတယ်။
သူမတို့ရဲ့ လက်မောင်းမှာ QR Code နံပါတ်များ ပတ်ထားပြီး လက်ထဲမှာလည်း ကိုင်ထားပါတယ်။ လမ်းပေါ်မှာ သွားလာနေကြတဲ့ အမျိုးသားများကို အဓိက ပစ်မှတ်ထားလို့ QR Code ကို ဖုန်းနဲ့ ဖတ်ကြဖို့ ပြောဆိုပါတယ်။ အမျိုးသားများ အနေနဲ့လည်း သတို့သမီး အဝတ်နဲ့ လှပဂေးများရဲ့ ပြောဆိုမှုကို မငြင်းဆန် ဝံ့ကြ ပါဘူး။ ဖုန်းကိုယ်စီနဲ့ QR Code ကို ဖတ်ကြပါတယ်။ QR Code ဖတ်တော့ ကုမ္ဗဏီ တစ်ခုရဲ့ ဝဘ်ဆိုဒ်ကို ရောက်ပြီး အနည်းဆုံးကတော့ ယင်း ဝဘ်ဆိုဒ်ကို လည်ပတ် ကြည့်ရှုသူ တစ်ဦး တိုးသွား ပါတယ်။ ဒါ့အပြင် ဝဘ်ဆိုဒ် အသုံးပြုမှု အတွက်လည်း မေးမြန်းလာမှုတွေကို ရှင်းပြပေးပါတယ်။ နောက်ထပ် အခွင့်အရေး အနေနဲ့ ကတော့ သတို့သမီး အဝတ် ဝတ်ဆင်ထားကြတဲ့ သူတို့နဲ့ ညစာ အတူ စားခွင့် ရှိပါတယ်။ ယင်းကို Dinner Date လို့ခေါ် ပါတယ်။ Date လုပ်ခွင့် ရတယ်ဆိုတော့ ဒါဟာ ချစ်သူ ရည်းစား ဖြစ်ဖို့ အတွက် ပထမဆုံး ကြိုးစားမှု ခြေလှမ်း တစ်ခုပဲ ဖြစ်ပါတယ်။ အမျိုးသားများကို အခွင့်အရေး ပေးခြင်း ဖြစ်ပါတယ်။
ယင်း နည်းလမ်းဖြင့် ကြော်ငြာ campaign ဆင်းတဲ့အခါ လူသိများလာပြီး သူတို့ရဲ့ ထူးခြား ဆန်းသစ်မှုကို အံ့သြမင်သက်ခဲ့ကြ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
Sign up here with your email
ConversionConversion EmoticonEmoticon