တရုတ်ပြည်တွင် စာခိုးချလျှင် ထောင်ဒဏ် ၇ နှစ်


လာမယ့် နိုဝင်ဘာလ တစ်ရက်နေ့ကနေစလို့ တရုတ်ပြည်ရဲ့ ပြဌာန်း ဥပဒေထဲမှာ ဖြည့်ဆည်း ချက် တစ်ခုအနေနဲ့ စာခိုးချတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ထောင်ဒဏ်ဖြင့် အရေးယူခြင်း ဖြစ်ပါတယ်။

စာမေးပွဲ အကြီးအသေးပေါ် မူတည်ပြီးတော့ အပြစ်ကို ခွဲထားပါတယ်။ အကယ်၍ စာမေးပွဲကြီး မှာ ခိုးချတာ မိရင် ထောင်ဒဏ် ၇ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ အကယ်၍ စာမေးပွဲငယ်တွေမှာဆိုရင် ထောင်ဒဏ် ၃ နှစ်ဝန်းကျင်အထိ ကျခံရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်မရှိ တက္ကသိုလ်အချို့ဟာ စာခိုးချတဲ့ ပြဿနာ ကြုံတွေ့နေရပြီး ယင်းကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေနေခြင်း ဖြစ်ပါတယ်။ စာကို တောက်လျှောက်ကြိုးစားလာပေမယ့် စာမေးပွဲဖြေတဲ့အခါမှာ ခိုးချပြီး အောင်မြင်သွားတတ်သူများကြောင့် ကြိုးစားသူများကလည်း နစ်နာရကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ ခိုးချတဲ့ လုပ်ဆောင်ချက်ကို တားမြစ်ရန် အတွက် ယခုလို ဥပဒေ အသစ်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

ယင်း ဥပဒေက တရုတ်ပြည်မရှိ တက္ကသိုလ်ကျောင်း အားလုံးကို သက်ရောက်မှာ ဖြစ်ပြီး အထက်တန်းနဲ့ အခြား အတန်းငယ်များအပေါ်လည်း အခြား အရေးယူမှုများ ရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.