ကလေး အတွက် ကျောင်းအထိတောင် ထမင်းလာချက်တဲ့ အကဲပို အမေ





တရုတ်ပြည် Wuhan city မှ မူလတန်းကျောင်း တစ်ခုမှာ ဖြစ်ပါတယ်။ ဒရိုင်ဘာ တစ်ဦး၊ ကလေး မိခင် တစ်ဦး တို့ဟာ ကျောင်း တံခါးပေါက် အနီးမှာ ကားကို ရပ်ထားပါတယ်။ ပြီးတော့ အမျိုးသမီးဟာ ဟင်းချက်တဲ့အိုးကို တည်ပြီးတော့ ဟင်းချက်နေပါတယ်။ နေ့လည် ထမင်းစားချိန် လွတ်တဲ့အခါ သူ့သားလေး ထမင်း၊ ဟင်း ပူပူနွေးနွေး စားရစေအောင်ဆိုပြီးတော့ ကျောင်းအနီးထိလာလို့ ချက်ပြုတ်ခြင်း ဖြစ်ပါတယ်။

တစ်နေကုန် စောင့်ပြီးတော့ ညနေကျတော့လည်း အတူပြန်ဖို့ စီစဉ်ထားရှာသတဲ့။ ဒါပေမယ့် သူမရဲ့ အစီအစဉ် မအောင်မြင်ပါဘူး။ ကျောင်းရှေ့မှာ အမြင်မတော်အောင် ချက်ပြုတ်နေတဲ့ ကလေးမိခင်ကို ရဲများနဲ့ ကျောင်းလုံခြုံရေးများဟာ ထွက်ခွာဖို့ ပြောဆို နှင်ထုတ်ခဲ့ရ ပါတယ်။

ယင်း အမျိုးသမီးဟာ ချမ်းသာသူ တစ်ဦး ဖြစ်ပြီး သူမရဲ့ ကလေးကို အင်မတန် အကဲပို ချစ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းအချစ်ဟာ သူ့ရဲ့ ကလေးဘဝကို ပိုလို့ ထိခိုက်စေတာကို သူမ မသိပါဘူး။ Over protecting ဟာ မှန်ကန်တဲ့ Parenting စနစ် မဟုတ်တာကြောင့် ကလေးငယ်ရဲ့ ငယ်ဘဝ အပြင် စိတ်ကိုပါ ပိုလို့ ထိခိုက်စေပါတယ်။ နောက်ဆိုရင် မိခင်မှ မရှိရင် ဘာမှ မလုပ်တတ်တော့အောင့် မှီခို ကြောက်ရွံ့လွန်းအားကြီးတဲ့ ကလေးငယ် ဖြစ်လာနိုင်ချေ များပါတယ်။

သူမရဲ့ လုပ်ရပ်ကို ဘေးပတ်ဝန်းကျင်က မြင်တွေ့သူများက ဓာတ်ပုံရိုက်လို့ ဆိုရှယ် မီဒီယာပေါ် တင်ခဲ့ရာ လူကဲ့ရဲ့ ပြောဆိုများတဲ့ သတင်းတစ်ခု ဖြစ်ခဲ့ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.