ရဲကို အလုပ်ပေးခဲ့တဲ့မြင်း


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့စ်အိန် ဂျလိစ်မြို့မှာ မြင်းတစ်ကောင်ကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေအလုပ်ရှုပ် ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါသက်ဆိုင်ရာအာဏာ ပိုင်တွေကို အလုပ်ရှုပ်စေခဲ့တဲ့မြင်းဟာ တိရစ္ဆာန်မွေးမြူရေးခြံအတွင်းကနေ လွတ်မြောက်သွားခဲ့ပြီးနောက် လမ်းမ လယ်ပေါ်မှာ လှည့်လည်သွားလာနေတဲ့ အတွက် ကားလမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့ရ ပါတယ်။ ယင်းဖြစ်ရပ်ကိုကြုံတွေ့ခဲ့ရတဲ့ သူတွေက သက်ဆိုင်ရာရဲတပ်ဖွဲ့ကို ဖုန်း ဆက်အကြောင်းကြားခဲ့ပြီး မြင်းကိုလိုက် လံဖမ်းဆီးခဲ့ရလို့ အလုပ်ရှုပ်စေခဲ့တာပဲ ဖြစ်ပါတယ်။

ယခုမှာတော့လွတ်မြောက် လာတဲ့မြင်းကို တိရစ္ဆာန်ထိန်းသိမ်းတဲ့နေ ရာကို ပို့ပေးလိုက်ပြီလို့ ရဲအရာရှိတစ်ဦး က ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့မြင်းကို လိုက်လံဖမ်းဆီးနေတာကို ဒေသခံတွေ က ဓာတ်ပုံရိုက်ကာ တွစ်တာပေါ်တင်ခဲ့ တယ်လို့ သိရပါတယ်။

Yangon Media Group
Previous
Next Post »
Powered by Blogger.