လိင်နှစ်မျိုးစိတ်ဝင်စားသူ၊ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ နှစ်ဆများ


လိင်နှစ်မျိုးစိတ်ဝင်စားသူ အရေအတွက်မှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် နှစ်ဆများနေတယ်လို့ ဗြိတိန်နိုင်ငံ လိင်မှုပိုင်းခြားရေးမှာ ယနေ့ထုတ်ပြန်လာပါတယ်။

ဗြိတိန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၃ရာခိုင်နှုန်းဟာ ဆန့်ကျင်ဘက်လိင်တစ်မျိုးတည်းသာ စိတ်ဝင်စားသူတွေ ဖြစ်ကြပါတယ်။ အမျိုးသားချင်းစိတ်ဝင်စားသူ (သို့မဟုတ်) အမျိုးသမီးချင်းစိတ်ဝင်စားသူ အရေအတွက် ၁ ဒဿမ ၁ ရာခိုင်နှုန်းရှိပြီး ၀ ဒဿမ ၅ ရာခိုင်နှုန်းကတော့ လိင်နှစ်မျိုးစိတ်ဝင်စားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော် စာရင်းအင်းရုံးရဲ့ ထုတ်ပြန်ချက်မှာ အမျိုးသားနဲ့ အမျိုးသမီးအကြား ခြားနားချက်တွေကို ဖော်ပြထားပါတယ်။ နိုင်ငံသားတွေကို “လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှု” နဲ့ ပတ်သက်ပြီး မေးမြန်းကာ စစ်တမ်းကောက်ခဲ့တာပါ။ လူအများစုက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားသူတွေအဖြစ် ၀န်ခံထားကြပေမဲ့ ၄ရာခိုင်နှုန်းက ဖြေဖို့ငြင်းဆန်ခဲ့ပြီး ၁ ဒဿမ ၄ရာခိုင်နှုန်းကတော့ တုံ့ပြန်မှု တစ်စုံတရာမရှိခဲ့ပါဘူး။

အလုပ်အကိုင်နဲ့စဉ်လိုက်မယ်ဆိုရင်၊ အုပ်ချုပ်မှုပိုင်းလုပ်ဆောင်နေသူတွေနဲ့ ကျွမ်းကျင်အလုပ် လုပ်ကိုင်နေသူတွေဟာ လိင်တူစိတ်ဝင်စားသူ (ဒါမှမဟုတ်) လိင်နှစ်မျိုးစိတ်ဝင်စားသူ အရေအတွက်ဟာ အလယ်အလတ်လုပ်ငန်း လုပ်ကိုင်နေသူအရေအတွက်ထက် ပိုများနေတာကို တွေ့ရပါတယ်။

Skyler - သစ်ထူးလွင်
Ref:Daily Mail
Previous
Next Post »
Powered by Blogger.