တရုတ်နိုင်ငံမှ လူသားမီးပွိုင့် (သတင်းဓာတ်ပုံ)





တရုတ်နိုင်ငံ၊ ဟဘေးပြည်နယ်၊ ရှီကျားချောင်မြို့က လမ်းမကြီးတခုမှာ အောက်တိုဘာ ၂၆ ရက်နေ့က ရိုးရိုးသာမန်မီးပွိုင့်တွေနဲ့မတူဘဲ လူ ၂ ဦးပါဝင်တဲ့ မီးပွိုင့်လမ်းရှင်းစနစ်ကြောင့် လမ်းသွားလမ်းလာတွေ အံ့အားသင့်ခဲ့ကြပါတယ်။

အဲဒီလမ်းရှင်းမီးပွိုင့်ကို ကတ်ထူစက္ကူပုံးကြီးတခုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အပြင်ဘက်မှာတော့ တကယ့်မီးပွိုင့်အတိုင်း အနီရောင်နဲ့ အစိမ်းရောင် နှစ်ဘက်စလုံး ဆေးခြယ်ထားတာ ဖြစ်ပါတယ်။

ကတ်ထူပုံးထဲမှာ လူ ၂ ဦး ၀င်ရပ်နေပြီး သူတို့ဟာ တခြားလမ်းရှင်းမီးပွိုင့်တွေအတိုင်း စက္ကန့် ၉၀ ကို တကြိမ်လှည့်ပေးပြီး အချက်ပြရတာဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေရာမှာ မီးပွိုင့်ပျက်နေခဲ့တာ တလကျော်လောက်ရှိနေပြီး ယာဉ်မတော်တဆမှုတွေလည်း ဖြစ်ခဲ့ပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်ပြီး ပြင်ဆင်ပေးတာမျိုး မရှိခဲ့တဲ့အတွက် ခုလိုလုပ်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ သူတို့ ၂ ဦးက ဟဘေး လူငယ်နေ့စဉ်သတင်းကို ပြောပါတယ်။

သူတို့ဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ အဲဒီစနစ်ကို စတင် အကောင်အထည် ဖော်ခဲ့ကြပြီး ယာဉ်မောင်းအများစုက ပူးပေါင်းကူညီခဲ့ကြတယ်လို့ သူတို့ ၂ ဦးထဲမှ ၁ ဦးဖြစ်တဲ့ လုရီချန်းက ပြောပါတယ်။

ရှီကျားချောင်မြို့၊ အစိုးရအဖွဲ့ဟာ အဲဒီအခြေအနေကို ကြားသိခဲ့ပြီးနောက်မှာတော့ ပျက်နေတဲ့ မီးပွိုင့်ကို ပြန်လည်ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ – စီစီတီဗွီ / DVB
Previous
Next Post »
Powered by Blogger.