သမ္မတ အဗ္ဗဒူလာယာမန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော စပိဘုတ်လှေတစ်စင်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုတစ်ရပ်အတွင်း မော်လ်ဒိုက် ဒုတိယသမ္မတ အာမက်အဒ်ဟိဘ်အား သံသယရှိသဖြင့် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်အစိုးရတာဝန်ရှိသူများက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားသည်။
သမ္မတသည် စက်တင်ဘာ ၂၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံသို့ ဟ့ာဂ်ျဘုရားဖူး ခရီးစဉ်သွားရောက်ပြီးနောက် Finifenmaa အမည်ရှိ စပိဘုတ်ဖြင့်ပြန်လာစဉ် မြို့တော် မာလီသို့ရောက်ခါနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သမ္မတ အဗ္ဗဒူလာယာမန်းမှာ အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း ၎င်း၏ဇနီးနှင့်လက်ထောက်နှစ်ဦးတို့မှာ ဒဏ်ရာရရှိခဲ့သည်။ စပိဘုတ်ပေါက်ကွဲမှုနှင့်ဆက်နွှယ်၍ ဒုသမ္မတအာမက်အား ဖမ်းဆီးထားပြီး ယခုအခါ ဒိုနီဟိုထိန်းသိမ်းရေးဌာနရှိ ရဲဘက်အချုပ်၌ ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့မှ မီဒီယာဆိုင်ရာတာဝန်ရှိသူတစ်ဦးကဆိုသည်။ ''လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းမှုနဲ့ သူ့ကိုဖမ်းဆီးထားတာပါ''ဟု ပြည်ထဲရေးဝန်ကြီး အူမာနာဆာက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး အရေးကြီးပုဂ္ဂိုလ်များအတွက် လုံခြုံရေးခြောက်လှန့်မှုတစ်ရပ် ဖြစ်ပွားနေစဉ် အောက်တိုဘာ ၁၄ ရက်တွင် သမ္မတ အဗ္ဗဒူလာယာမန်းက ကာကွယ်ရေးဝန်ကြီး မိုဆာအလီဂျာလယ်အား ထုတ်ပယ်ပြီးနောက် ဒုသမ္မတအာမက်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် အခြားစစ်ဘက်ဆိုင်ရာတာဝန်ရှိသူ နှစ်ဦးကို ချက်ချင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဒုသမ္မတအာမက်နှင့်အတူ မော်လ်ဒိုက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (MNDF)မှ တာဝန်ရှိသူသုံးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ဒုသမ္မတအာမက်မှာ တရုတ်နိုင်ငံ၌ကျင်းပသော ညီလာခံ တက်ရောက်ပြီးပြန်လာစဉ် လေဆိပ်၌အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ အာမက်သည် ပြည်ပတွင်နေထိုင်ရန် တိုင်းပြည်မှထွက်ခွာသွားခြင်းဖြစ်ကြောင်း ဒေသန္တရ မီဒီယာအချို့ကထင်ကြေးပေးခဲ့ကြသော်လည်း တိုင်းပြည်သို့ ပြန်လာမည်ဖြစ်ကြောင်း ၎င်းက တွစ်တာပို့စ်တွင် အောက်တိုဘာ ၂၂ ရက်က ရေးသားထားသည်။
မြို့တော်မေးလ်၌ လုံခြုံရေးတိုးမြှင့်ထားပြီး သတင်းထောက်များကို လေဆိပ်အတွင်း ဝင်ခွင့်မပြုကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။ စပိဘုတ်ပေါက်ကွဲမှုမှာ စက်ပိုင်းဆိုင်ရာချွတ်ယွင်းချက်ကြောင့်ဟု အစိုးရက ကနဦး ပြောကြားထားသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျနှင့် သီရိလင်္ကာနိုင်ငံများမှ စုံစမ်းစစ်ဆေးသူများက ၎င်းတွေ့ရှိချက်ကိုငြင်းပယ်သောကြောင့် သမ္မတ အဗ္ဗဒူလာ ယာမန်းအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ရပ်ဟု နောက်ပိုင်းတွင် ပြောကြားသည်။
ရိုက်တာ
Sign up here with your email
ConversionConversion EmoticonEmoticon