တိုက်တန်းနစ်ပေါ်ကဘီစကစ် ပေါင် ၁၅၀၀၀ နဲ့ လေလံအောင်


တိုက်တန်းတစ်သင်္ဘောနစ်မြုပ်တုန်းက အဲဒီသင်္ဘောပေါ်က အသက်ကယ်လှေရဲ့ အရေးပေါ်အိတ်အတွင်းပါရှိတဲ့ Spillers and Bakers "Pilot"ဆိုတဲ့ ဘီစကစ်တစ်ချပ်ကို အမှတ်တရအဖြစ် ကယ်ဆယ်ရေးမှာပါဝင်သူတစ်ယောက်က သိမ်းဆည်းခဲ့ပါတယ်။

တိုက်တန်းနစ်နဲ့အတူ နစ်မြုပ်လုနီးဖြစ်ခဲ့တဲ့ ဒီဘီစကစ်တစ်ချပ်ဟာ အခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးဘီစကစ် ဖြစ်သွားခဲ့ပါတယ်။

ဒီဘီစကစ်ကို Henry Aldridge & Son ဆိုတဲ့ လေလံတင်သူတွေက ခန့်မှန်းဈေးထက် ပေါင် ၅၀၀၀ ပိုပေးပြီး ပေါင် ၁၅၀၀၀ နဲ့ လေလံအောင်သွားတဲ့ ဂရိက ပစ္စည်းစုဆောင်းသူတစ်ဦးကို ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒီဘီစကစ်ကို သိမ်းဆည်းထားခဲ့သူကတော့ တိုက်တန်းနစ်သင်္ဘောကနေ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ခဲ့တဲ့ ကာပါသီယာသင်္ဘောက ခရီးသည်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဖန်းဝစ်ခ်ပဲဖြစ်ပါတယ်။

သူဟာ ဒီဘီစကစ်ကို စာအိတ်တစ်အိတ်ထဲမှာထည့်ပြီး "၁၉၁၂ ဧပြီလ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်စဉ်က Pilot ဘီစကစ်"လို့ ရေးသားသိမ်းဆည်းခဲ့တာပါ။

ညီမင်းဟန်(ဆန္ဒကူး)
Previous
Next Post »
Powered by Blogger.