ဆွာမြို့လယ်၌ ဆိုင်ကယ်နှင့် ၂၂ ဘီးကုန်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်သမားသေဆုံး


ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ဆွာမြို့လယ်၌ အောက်တို ဘာ ၂၂ ရက် နံနက် ၉ နာရီခွဲက ၂၂ ဘီးကုန်တင်ယာဉ်နှင့် ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ မြောက်မှ တောင်သို့ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ဦးဝင်းမြင့် (၅၁ နှစ်)၊ မြိုင်သာယာ ကျေးရွာ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 3G/------ ၂၂ ဘီးယာဉ်သည် ဆွာမြို့လယ် မိုင်တိုင် ၂ဝ၁ နှင့် ၂ဝ၂ ကြား အရောက်၌ ရှေ့မျက်နှာချင်းဆိုင် ဘက်မှ ဉာဏ်ဖုန်းမြင့်(၃၁ နှစ်)ပိတောက်မြိုင်ရပ်ကွက် ဆွာမြို့နေသူ မောင်းနှင်လာသည့် ၉ယ/------ လော့ဂျာယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် မောင်းသူဉာဏ်ဖုန်းမြင့်တွင် ဒဏ်ရာ များရရှိကာ နေရာ၌ပင်သေဆုံး သွားခဲ့၍ ဆွာနယ်မြေရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိ ရသည်။

ကိုလွင်(ဆွာ) - Myanmaalinn
Previous
Next Post »
Powered by Blogger.