အင်ဒိုနီးရှားတောမီး လောင်ကျွမ်းမှုကြောင့် လူ ၁ဝ ဦးထပ်မံသေဆုံး စုစုပေါင်း သေဆုံးသူ ၁၇ ဦးအထိရှိ


အင်ဒိုနီးရှားနိုင်ငံ ၌ ဖြစ်ပွားလျက် ရှိသည့် တောမီးနှင့် စိုက်ပျိုးမြေများ လောင်ကျွမ်းမှုကြောင့် ၁ဝ ဦးထပ်မံ သေဆုံးခဲ့ပြီး ယခုအခါ သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူက အောက်တိုဘာ ၂၄ ရက်တွင် ပြောကြား ထားသည်။

ပြီးခဲ့သည့်လက စတင် လောင်ကျွမ်းခဲ့သည့် အဆိုပါတောမီး သည် ယခုလ အကုန်ထိတိုင် ဆက်လက် လောင်ကျွမ်း နေမည်ဖြစ်ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ၏ ပြောရေးဆိုခွင့် ရှိသူ ဆူတိုပိုပါဝိုနူဂရိုဟို က ပြောကြား ထားသည်။

အဆိုပါ သေဆုံးသူ ၁ဝ ဦးသည် ဆူမားတြားကျွန်း နှင့်ဘော်နီယိုကျွန်း တို့မှဖြစ်ကြောင်း ဆူတိုပို က ဆင်ဟွာ သတင်းဌာနသို့ တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အခြား သေဆုံးသူ ခုနစ်ဦးသည် ယခုလ အစောပိုင်းက ဂျာဗားပြည်နယ် လောဝူ တောင်ပေါ်၌ သွားလာနေစဉ် တောမီး လောင်ကျွမ်းမှုများ အကြား ပိတ်မိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ထားသည်။

အင်ဒိုနီးရှား နိုင်ငံသည် နိုင်ငံခြား အကူအညီများ ရယူကာ စစ်ဘက် တပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် အခြားအင်အား စုစုပေါင်း ၂၂ဝဝဝ ကျော်ကို ဖြန့်ချပြီး နိုင်ငံ အနောက်ပိုင်း ၌ ဖြစ်ပွားနေသော တောမီးအား နိုင်ငံ အရှေ့ပိုင်းသို့ ကူးစက် လောင်ကျွမ်းမှု မရှိစေရန် ကြိုးပမ်းလျက် ရှိသည်။ ထို့ပြင် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို သည် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာများကို မီးငြှိမ်းသတ်ရန် အတွက် တပ်ဖွဲ့ဝင် များကို ပိုမိုစေလွှတ် သွားရန် ညွှန်ကြား ထားကြောင်း သိရသည်။

PyiChitThar
Previous
Next Post »
Powered by Blogger.