ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာ၌ လူသတ်မှု့ဖြစ်


၂၀၁၅ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်း နယ်မြေရဲစခန်းတွင် ရဲအုပ်စောသိန်း တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် တောကြောင်ပေါက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း မှ တောကြောင်ပေါက်ရွာ အဝင် တာရိုးဘေးရှိ ရေကန်အနီးတွင် ဓါးဒဏ်ရာဖြင့် လူသေအလောင်းတစ်လောင်းတွေ့ရှိ ကြောင်းသတင်းပို့သဖြင့် ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန် ဦးစီး၍ နတ်သံကွင်းနယ်မြေ စခန်းမှူး ရဲအုပ်ကျော်ဇင်သန့် နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ မှ သက်သေ ဒေါင်းမိုအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း နတ်သံကွင်းဒေသအုပ်ချုပ်ရေးမှူးဦးစိုးလွင် နှင့် ရပ်မိရပ်ဖများ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ တောကြောင်ပေါက်ရွာအဝင် ရေကန်ဘေး တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်း နှင့် အနီး တွင် အရိုးအသွား (၁၂)လက်မခန့်ရှိ ဓါးဦးချွန် တစ်ချောင်းတွေ့ရှိ ပြီး လူသတ်တရားခံအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့် ၏ စီမံကွတ်ကဲမှု့ဖြင့် နယ်မြေရဲကင်းများအား ပိတ်စို့ကာ တရားခံ၏ ထွက်ပေါက်များအား သတင်းကွန်ယက်ဖြန့်ကျက်ကာ အခင်းဖြစ်သည့်အချိန်ခန့် လှုပ်ရှားမှုများအား လေ့လာစုံစမ်း ၍ ရဲကင်း လှည့်ကင်းများအား စနှစ်တကျ စီမံခန့်ခွဲကာ တရားခံအမြန်ဆုံးဖမ်းမိရေး ညွန်ကြားခဲ့သည်။

နတ်သံကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှူးရဲအုပ်ကျော်ဇင်သန့်မှ အခင်းဖြစ်ရပ်အား မှတ်တမ်းဓါတ်ပုံရိုက်ခြင်း သက်သေခံဓါးအား သိမ်းဆည်းခြင်း မြေပုံကြမ်းရေးဆွဲခြင်း သက်သေများအား စစ်ဆေးခြင်းစသည့် ရဲလုပ်ငန်းအပြည့်အစုံဆောင်ရွက်ကာ အလောင်းအား နတ်သံကွင်းတိုက်နဟ်ဆေးရုံသို့ပို့ဆောင် ဆေးစစ်ချက်ရယူပြီး တရားခံအားဖမ်းဆီးနိုင်ရေးအချိန်နှင့်တစ်ပြေးညီ စုံစမ်းစစ်ဆေး ခဲ့ရာ တရားခံဟုယူဆရသူ ဝေသူအောင်အား ယင်းနေ့ နေ့လည်(၁၁) နာရီခန့်မှာ တောကြောင်ပေါက်ရွာ ၎င်း၏ နေအိမ်မှာပင် ဖမ်းဆီးရမိ စစ်ဆေးခဲ့ပြီး တရားခံမှ ၎င်းသတ်ခဲ့ကြောင်းဝန်ခံဖြောင့်ချက်ပေးခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ (၂၅) ရက်နေ့ ည(၇) နာရီအချိန်ခန့် ဒေါင်းမိုအုပ်စု တောကြောင်ပေါက်ကျေးရွာအဝင် အလယ်ရွာ နှင့် ရွာမကြီးအကြား တာရိုးဘေး ရေကန်အနီးတွင် ဦးသန်းဝင်း အသက်(၅၁) နှစ် (ဘ) ဦးစောသာပိုးတိုး ကရင်/ဗုဒ္ဓ တောကြောင်ပေါက်အလယ်ရွာနေ သူမှာ ဝေသူအောင်(ခ)ကုလား (ဘ) ဦးတင်ဦး တောကြောင်ပေါက်ရွာမကြီး နေသူ နှင့် တစ်ယောက်တစ်ခွန်း စကားများ ဆဲဆိုရာ မှ နှစ်ဦးလုံးထွေးသတ်ပုတ်စဉ် ဦးသန်းဝင်း မှအသင့်ယူဆောင်လာသော အရိုးအသွား (၁၂) လက်မ ခန်ရှိ ဓါးဦးချွန် အားထုတ်၍ လုံးထွေးစဉ် ဝေသူအောင် မှ ၎င်း၏ ဓါးအား လုယူပြီး ဒေါသအလျောက် ဦးသန်းဝင်း၏ ရင်ဘတ် ဝမ်းဘိုက် ကြောကုန်း တို့အား (၆) ချက်ခန့် ထိုးသွင်း ခဲ့သဖြင့် ဦးသန်းဝင်း မှာ နေရာမှာပင် ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် တာဝန်မှူးရဲအုပ်စောသိန်းမှ တရားခံ ဝေသူအောင်အား အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်ကြားသဖြင့် နတ်သံကွင်းနယ်မြေစခန်းမှူး ရဲအုပ်ကျော်ဇင်သန့် မှ အမှုစစ်အဖြစ်လက်ခံ၍ တရားခံ ဝေသူအောင်အား နတ်သံကွင်းနယ်မြေရဲစခန်း (ပ) ၆၂ / ၂၀၁၅ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာအဖွဲ့)
Thit Htoo Lwin
Previous
Next Post »
Powered by Blogger.