ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ဆုံးကိုင်တွယ်ပြီးတဲ့နောက်မှာ ဘောလုံးလောကမှ ခေတ္တအနားယူနေတဲ့ နာမည်ကျော်နည်းပြAncellotiဟာ နောက်နှစ်အတွင်းမှာ ဘောလုံးလောကအတွင်းကို ပြန်လည်ဝင်ရောက်တော့မယ်လို့ ပြောလိုက်တာပါ။
Ancelloti ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ရမယ်လို့ နာမည်ထွက်နေတဲ့ အချိန်မှာ အခုလိုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
အသက် ၅၆နှစ်အရွယ် နည်းပြဟာ ၂၀၁၄-၂၀၁၅ ရာသီမှာ ရီးရဲလ်အသင်းကို ဖလားလက်မဲ့ဖြစ်စေခဲ့တာကြောင့် နည်းပြရာထူးကနေထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဘောလုံးလောက က သြဇာကြီးမားသူတွေနဲ့ တွေ့ဆုံပွဲမှာ ယခုလို ဖြေဆိုခဲ့တာပါ။
" ကျွန်တော် အခုလောလောဆယ်မှာ အားရပါးရ အနားယူနေပါအုံးမယ်။ အလုပ်တွေ ပြန်မလုပ်ချင်သေးဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခံယူချက်ကတော့ နည်းပြကောင်းတစ်ယောက်အနေနဲ့ ဆက်ရှိနေချင်သေးတယ်။ အခုလောလောဆယ်တော့ အနားယူရအုံးမယ်လေ ဒါမှနောက်ရာသီသစ်အတွက် အသင့်ဖြစ်နေလိမ့်မယ် " လို့ ပြောသွားခဲ့တာပါ။
Ancelloti ဟာ အခုလိုပြောကြားလိုက်တာကြောင့် လီဗာပူးလ်အသင်းနဲ့ သတင်းတွေ နှုတ်ပိတ်သွားခဲ့ပြီး လီဗာပူးလ်နည်းပြသစ် အနေနဲ့ ဒေါ့မွန်နည်းပြဟောင်း Jurgen Klopp ကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။
Paing A K - သစ်ထူးလွင်
Ref : Goal.com
Sign up here with your email
ConversionConversion EmoticonEmoticon