မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံထားရသော လူငယ်ဟစ်ဟော့ပ်အဆိုတော်X Box (ခ) ရဲခေါင်ဖူးနှင့် သူငယ် ချင်းသုံးဦးကို ဗဟန်းမြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၄ ရက်က ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ချုပ်ရက်ရမန်နှစ်ရက်ထပ်တိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုတော် X Box (ခ) ရဲ ခေါင်ဖူးနှင့် သူငယ်ချင်းသုံးဦးကို သြဂုတ် ၁၈ ရက်တွင် မူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ချုပ်ရက်နှစ်ပတ် ရမန်တစ်ကြိမ်၊ စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အ ထိ ချုပ်ရက်နှစ်ပတ် ရမန်တစ် ကြိမ်၊ စုစုပေါင်း ၂၈ရက်ကို တရားရုံးက ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရမန်ရက်ပြည့် သည်အထိ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)တို့ဖြင့် တရားစွဲဆိုနိုင်ရန် ဥပဒေအကြံပြုချက် တောင်းခံထားဆဲဖြစ်ပြီး ရမန်ရက်၃၀ ပြည့်မည့် စက်တင်ဘာ ၁၆ရက်အထိ ချုပ်ရက်တိုးပေးခဲ့ခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားသူကြီးက ပြောသည်။
အဆိုတော် X Box (ခ) ရဲ ခေါင်ဖူးနှင့် သူငယ်ချင်းသုံးဦးကို သြဂုတ် ၁၈ ရက် နံနက် ၁နာရီခန့် က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့တို့ ပူးပေါင်း၍ ဗဟန်းမြို့နယ် ဗိုလ်ချို (၂)ရပ်ကွက်၊ နတ်မောက်လမ်း နှင့် ဖိုးစိန်လမ်းထောင့်၌ ယာဉ်များ တားဆီးစစ်ဆေးစဉ် အဆိုတော် X Box လိုက်ပါလာသည့် Honda Inside အနီရောင် ကိုယ်ပိုင်ယာဉ် ပေါ်တွင် ဆေးခြောက်ထုပ်ကို သိမ်းဆည်းမိခဲ့ခြင်းဖြစ်သည်။
X Box သည် Myanmar Music Award 2014 အတွက် တစ်နှစ်တာအကောင်းဆုံး RAP ဂီတကြယ်ပွင့်သစ်ဆုကို ‘‘အမြဲ တမ်းအသစ်’’သီချင်းဖြင့် ဆုရရှိ ထားသူဖြစ်ပြီး သူငယ်ချင်းလေး ဦးတွဲ အခွေတစ်ခွေအပါအ၀င် အခြားအတွဲခွေများတွင်လည်း ပါဝင်သီဆိုထားသည်။
7day daily
Sign up here with your email
ConversionConversion EmoticonEmoticon