ကမ္ဘာ့ပထမ ဆုံး WiFi ကွန်ရက် နဲ့ ဓါတ်မတည့်ပဲ ယားယံမှုတွေဖြစ်တဲ့ အမျိုးသမီး


Terminator စတိုင်လ် မျိုးနဲ့ စစ်ပွဲတွေထက်စာရင်တော့ လူသားတွေနဲ့ စက်ပစ္စည်းတွေကြားက စစ်ပွဲဟာ ဓါတ်မတည့်ပဲ ယားယံမှု (Allergy) တွေလည်း ဖြစ်လာနိုင်ပါတယ်။

ပြင်သစ် အမျိုးသမီး တစ်ဦး ဟာ တရားရုံး ကြားနာမှု တစ်ခုမှာ အနိုင်ရခဲ့ပါတယ်။ ထို ကြားနာမှု အရတော့ အစိုးရ ဟာ သူမကို တစ်လလျှင် ယူရိုငွေ ၈၀၀ ပေးဆောင်ရမှာ ဖြစ်ပြီး ၃ နှစိတိတိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ ? အကြောင်းအရင်းကတော့ Martine Richard လို့ခေါ်တဲ့ ထို အမျိုးသမီးဟာ WiFi တွေနဲ့ ဓါတ်မတည့်ပဲ ယားယံ မှု တွေ ဖြစ်လို့ပါ။

Richard ရဲ့ အဆိုအရတော့ သူမဟာ သူမ ရဲ့ အလုပ်ကနေ ထွက်ဖို့အတွက် ဖြစ်လာစေခဲ့ပြီး အင်တာနက် ကွန်နက်ရှင် မရှိတဲ့ လယ်ကွင်းတစ်ခုမှာ သွားနေခဲ့ရတယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ WiFi ကွန်ရက်ကြောင့် ခေါင်းကိုက်ခြင်း ၊ ပျို့ချင် အန်ချင် ဖြစ်ခြင်း နဲ့ မူးဝေခြင်းတို့ကို ခံစားနေရတာကြောင့် လို့ သိရပါတယ်။

သိပ္ပံပညာ အရတော့ WiFi Allergy ဆိုတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ နဲ့ ပတ်သက်ရင် အထိမခံ နိုင်တာမျိုး(EHS) ဟာ တည်ရှိခြင်းမှိပါဘူး။ ဒါကြောင့် Richard ဆိုတဲ့ ပြင်သစ် အမျိုးသမီး ဟာ ဒီ ဝေဒနာ ကို ပထမဆုံး ခံရတဲ့ အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ထို အခြေအနေနဲ့ ပတ်သက်ပြီးပြောပြခဲ့တာကတော့ "တစ်ဦးတစ်ယောက်ချင်းစီက လျှပ်စစ် သံလိုက် လှိုင်း အထိ မခံနိုင်တာတွေဟာ လျှပ်စစ်သံလိုက်လှိုင်း ရဲ့ ကြိမ်နှုန်းကို တိတိ ကျကျရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပါဘူး။ ကောင်းစွာထိန်းချုပ်နိုင်ပြီး ထပ်ခါထပ်ခါ လေ့လာခဲ့တဲ့ လေ့လာမှု တွေအရတော့ ထို ရောဂါတွေဟာ လျှပ်စစ် သံလိုက်လှိုင်း ရဲ့ ကြိမ်နှုန်း နဲ့ ဆက်စပ်နေခြင်း မရှိပါဘူး" လို့ သုံးသပ်ပေးခဲ့ပါတယ်။

Mario
Previous
Next Post »

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.