ဆေးလိပ်နှင့်ဆေး ရွက်ကြီးထွက်ပစ္စည်းများထုပ်ပိုး ခြင်းနှင့် ကြော်ငြာခြင်းများတွင် ကျန်းမာရေးသတိပေးရုပ်ပုံနှင့်စာ သားတံဆိပ်များဖြင့် ထုတ်လုပ် ရောင်းချနိုင်ရန် ကျန်းမာရေးဝန် ကြီးဌာနက ယခုနှစ်အတွင်းအမိန့် ကြော်ငြာစာထုတ်ပြန်မည်ဟုသ တင်းရရှိသည်။
ဆေးလိပ်ထုပ်များ၏ အရှေ့ နှင့်အနောက်မျက်နှာပြင်ရှိ ၇၅ရာ ခိုင်နှုန်းတွင် ကျန်းမာရေးသတိပေး ရုပ်ပုံနှင့် စာသားများထည့်သွင်း ဖော်ပြနိုင်ရန် အမိန့်ကြော်ငြာစာ တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာသ ဘောတူစာချုပ်ပါအချက်များနှင့် အညီပြုစုရေးသားခဲ့ပြီးဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အ ခြေခံကျန်းမာရေးဌာနဒုတိယညွှန် ကြားရေးမှူးဒေါက်တာနန်းနိုင်နိုင် ရှိန်ကပြောသည်။
ယင်းစာချုပ်ကို ဥပဒေပညာ ရှင်များ၏ အကြံပြုချက်နှင့်အညီ အပြီးသတ်ပြင်ဆင်ရေးသားပြီး ယခုနှစ်အတွင်း ထုတ်ပြန်နိုင်မည်ဟုဆိုသည်။
‘‘နောက်ဆုံးအဆင့်တော့ ရောက်နေပြီ။ ကျန်းမာရေးဝန်ကြီး ဌာနကို တင်ပြပြီးပြီ။ ၀န်ကြီးဌာန က အတည်ပြုပြီဆိုလို့ရှိရင်တော့ ထုတ်ပြန်လို့ရပြီပေါ့။ တကယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အစိုး ရအဖွဲ့ကို ဆက်တင်ဖို့လိုမယ်ဆို ရင်တော့ ဆက်တင်ရဦးမှာပေါ့။ အဲဒါပြီးလို့ရှိရင်တော့ ထုတ်ပြန်နိုင် ပါပြီ’’ဟု ဒေါ်နန်းနိုင်နိုင်ရှိန်ကပြော သည်။
အမိန့်ကြေညာစာများထုတ် ပြန်ပြီးပါက ခြောက်လအတွင်းအ ကောင်အထည်ဖော်ဆောင်ရွက် ရန်ဆေးရွက်ကြီးစက်ရုံများတွင် ရုပ်ပုံများကို ကျန်းမာရေးဝန်ကြီး ဌာနက ဖြန့်ဝေပေးမည်ဟုဆို သည်။
အဆိုပါ ကျန်းမာရေးသတိ ပေးရုပ်ပုံများတွင် ဆေးရွက်ကြီး ကြောင့်အန္တရာယ်ဖြစ်စေသည့် ကင်ဆာပုံများ၊ ကလေးများတွင် ဖြစ်ပွားတတ်သည့်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ် နေပုံများပါဝင်မည်ဖြစ်ပြီးအခြား နိုင်ငံများက အသုံးပြုသည့်ရုပ်ပုံ များလည်း ပါဝင်မည်ဟုသိရ သည်။
‘‘ထုတ်ပြန်ပြီး ခြောက်လအ တွင်းမှာ အာဏာအသက်ဝင် တော့မှာဆိုတော့ ဒါတွေကိုပြင် ဆင်ဖို့ဆက်လုပ်ရမှာပေါ့။ ရုပ်ပုံ တွေကို ဥပဒေအရ ကျန်းမာရေး ၀န်ကြီးဌာနက သတ်မှတ်ပေးရ တာပါ’’ဟု ၎င်းက ပြောသည်။
ယခုအစီအစဉ်ကြောင့် ပြည် သူများအနေဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှု၏ နောက်ဆက်တွဲဖြစ်ပွားလာမည့် ကျန်းမာရေးအန္တရာယ်ကို သတိမူစေပြီး ကုန်ကျစရိတ်သက်သာသည့်အပြင် ထိရောက်သောပညာပေးနည်းတစ်ခုလည်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆မှစ၍ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက် သုံးစွဲမှုလျော့နည်းကျဆင်းစေရေး ဥပဒေထုတ်ပြန်၍ ထိန်းချုပ်ဆောင်ရွက်နေသော်လည်း ပညာပေးမှုနှင့် ဥပဒေချိုးဖောက်မှုများကို အပြစ်ပေးအရေးယူမှုများ အားနည်းနေသေးကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့က သုံးသပ်ပြောကြားထားသည်။
မြန်မာနိုင်ငံသည် ဆေးရွက် ကြီးထိန်းချုပ်ရေးအပြည်ပြည် ဆိုင်ရာသဘောတူစာချုပ်ကို ၂၀၀၃ အောက်တိုဘာတွင် သ ဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၄ ဧပြီတွင် အတည်ပြုခဲ့ ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာနက ထုတ်ပြန်သည့်စာ တမ်းများမှ သိရသည်။
7day daily
Sign up here with your email
ConversionConversion EmoticonEmoticon