မန္တလေးကျောက်စိမ်းဈေးကွက်တွင် နိုင်ငံခြားဝယ်လက်မရှိသောကြောင့် ပြည် တွင်းကုန်သည်အချင်းချင်းသာ ရောင်းဝယ်နေကြရ

ကျောက်စိမ်းရောင်းချနေသူတစ်ဦး။ Photo: ခွန်စိုင်းအောင်။
မန္တလေး မြို့၊ မဟာအောင်မြေကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်းသို့ နိုင်ငံ ခြားသားဝယ်လက်များ လာရောက်မှု မရှိသောကြောင့် ဈေးကွက်အေးနေ ပြီး ပြည်တွင်းကုန်သည်အချင်းချင်း သာ ရောင်းဝယ်နေကြရကြောင်း သိရ သည်။

စခန်းအတွင်းရှိ လက်ကောက် ဝိုင်း၊ ပုတီးဝိုင်း၊ အပွင့်ဝိုင်း၊ ပန်းပုဝိုင်း၊ လွှာချပ်ဝိုင်း၊ ဖြတ်သားဝိုင်း၊ အရည်ဝိုင်း၊ အချပ်ဝိုင်း၊ အသားဝိုင်း၊ ဂွင်ကျောက် ဝိုင်း၊ ဆင်ထည်ဝိုင်းနှင့် မိုးကုတ်နီပြာ ဝိုင်းတို့အားလုံးတွင် ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့်သာ ပြည်တွင်း ကုန်သည်အချင်းချင်းရောင်းဝယ်နေ ကြပြီး အပွင့်ဝိုင်းတွင် ဈေးနှုန်းသင့် တင့်မှုရှိသောကျောက် များနှင့်အောက် ကျောက် များ အရောင်းအဝယ်ဖြစ် နေကြောင်း၊ နိုင်ငံတကာခရီးသွား ရာသီအစတွင် နိုင်ငံခြားသားဝယ်လက် များ ရောက်ရှိလာမည်ဖြစ်ရာ လတ်တ လောတွင် တရုတ်ဝယ်လက်များ လည်းမရှိသဖြင့် အရောင်းအဝယ် ကြီးမား စွာမဖြစ်ကြောင်း မဟာအောင် မြေကျောက်မျက်ရတနာရောင်း ဝယ် ရေးစခန်းအတွင်းမှ ဝါရင့်ကျောက် စိမ်းကုန်သည်တစ်ဦးက ပြောကြား သည်။

''တရုတ်ငွေဈေးကကျနေတာ ဆိုတော့ အခုအခြေအနေမှာ ကျောက် ရောင်း မယ်ဆိုလဲ ဝယ်တဲ့တရုတ် ဝယ်လက်တွေအတွက် တန်ပေမယ့် ရောင်း တဲ့ပြည်တွင်းကုန်သည်တွေ အတွက်ကတော့ ရှုံးနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ဝယ်လက်တွေကဝိုင်း ထဲကို လာရောက်မှုမရှိသလောက် နည်းပါးနေတာကြောင့် ပြည်တွင်းကုန်သည်တွေအချင်းချင်းသာ ကြိုက် ရောင်းကြိုက်ဝယ်စနစ်နဲ့ ရောင်းဝယ် နေကြတာဖြစ်ပါတယ်။

''လက်ကောက်ဝိုင်းမှာဆိုရင် ကွင်းချောမရောင်းရတဲ့အပြင် ကွင်း ကြမ်းကိုတောင် ဝယ်သူမရှိသလို ပုတီးဝိုင်းဆိုရင်လဲ ဝယ်လက်လုံးဝ မရှိတဲ့အနေအထားမျိုးပါ။ ကွင်းကြမ်းလုပ်မယ့်သွေးခုံ၊ ဖြတ်ခုံဝိုင်း သမားတွေအတွက်က လွှာချပ်ကုန်ကြမ်းက ဈေးကွက်ထဲကိုမရောက် တာကြောင့် တချို့ခုံပိုင်ရှင်တွေဆိုရင် ဆိုင်တောင် ပိတ်ထားရပါတယ်။ လာမယ့်အောက်တိုဘာလနဲ့ နိုဝင်ဘာလလောက်ဆိုရင် တော့ နိုင်ငံခြားသားဝယ်လက်တွေနဲ့ အတူ တရုတ်ကုန်သည်တွေပြန် လည် ဝင်ရောက်လာနိုင်တာကြောင့် အဲဒီ အချိန်ရောက်မှ မန္တလေးကျောက် စိမ်း ဈေးကွက် ပြန်လည်သွက်လက်လာနိုင်ပါတယ်''ဟု ယင်းကထပ်မံပြော သည်။

လက်ရှိတွင် မန္တလေးမြို့ရှိ ကျောက်စိမ်းကုန်သည်အများစုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စက် တင်ဘာ၂ဝရက်အထိကျင်းပမည့် နန်နင်းကျောက်မျက်ရတနာပြပွဲသို့ သွားရောက်ရောင်းချလျက်ရှိပြီး မြန် မာ့ကျောက်စိမ်းနှင့်ပတ္တမြားတို့မှာ ကမ္ဘာပေါ်တွင် ကျော်ကြားမှု ရှိသော ကြောင့် ပြည်ပပြပွဲများသို့ တိုက်ရိုက်သွားရောက်ရောင်းချ ရာ၌ ဈေးကောင်း ပိုမိုရရှိကြောင်းသိရသည်။

‎Democracytoday‬
Previous
Next Post »
Powered by Blogger.