မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိနေအိမ်အချို့ ဒုတိယအကြိမ်ရေဝင်နစ်မြုပ်နေသည်ကို တွေ့ရစဉ်။ Photo: ဒေါင်းဝင်း။ |
''ဝါခေါင်လဆန်းတုန်းကတစ် ကြိမ်ရွာထဲရေဝင်တယ်။ တစ်ရွာ လုံး ရေနစ်မြုပ်မှုရှိလို့ ရွာမှာရှိတဲ့နွားတွေ၊ ဝက်တွေ ကုန်းပေါ်ရွှေ့ထားရတယ်။ ဆိုင်ကယ်တွေနဲ့ ကားတွေကိုလဲ ဧရာ ဝတီမြစ်ကမ်းဘေးကားလမ်းပေါ် လမ်း လယ်ကျွန်းမှာထားရတယ်။ ပထမ အကြိမ်တုန်းက ရွာထဲရေဝင်နေတာ ငါးရက်လောက်ပဲကြာတယ်။ အခု တစ်ကြိမ် ဝါခေါင်လဆန်း ၁၂ရက် လောက်ကစဝင်တာ လပြည့်ကျော် ၈ရက်အထိ ရေရှိနေတုန်း ပဲ။ ရေဝင် ရက်ကြာတော့ ကျန်းမာရေးထိခိုက် မှာ စိုးရတယ်'' ဟု မန္တလေးမြို့အနီး အမရပူရမြို့နယ် ရှမ်းကလေးကျွန်း ကျေးရွာမှာ နေ အိမ်ရေနစ်မြုပ်ခံရ သဖြင့် ကမ်းနားလမ်းဘေး ယာယီ ရွှေ့ပြောင်းနေ ထိုင်သူတစ်ဦးကပြောသည်။
ဧရာဝတီမြစ်ရေမှာ ရှမ်းက လေးကျွန်းအပါအဝင် ကမ်းဘေး အနိမ့်ပိုင်းဒေသများ၌ နှစ်စဉ်ရေဝင် မှုရှိရာ မြစ်ရေအတက်နည်းချိန်တွင် ရွာအတွင်း တစ်ပေခန့်သာရေဝင်ပြီး နှစ်ရက်သုံးရက်အတွင်း ရေပြန် လည်ကျဆင်းသွားသည်။ ယခုနှစ် ကဲ့သို့ ရေအတက်ကြမ်းသည့်နှစ် တွင် ရွာအတွင်း နေအိမ်များမှာ လေးပေ၊ ငါးပေအထိ ဝင်ရောက်မှု ရှိရာ နေအိမ်အမြင့်ဆောက်လုပ် ထားသူများအဖို့ ရွာအတွင်းမှာ နေ ထိုင်၍ရနေသေးသော်လည်း မြေ စိုက်အိမ်ဖြင့် နေထိုင်သူများမှာ ရေ လွတ်ရာကုန်းသို့ ပြောင်းရွှေ့နေထိုင် ကြရသည်။
ယခုနှစ်တွင် ပထမအကြိမ် မြစ် ရေအဝင်ခံရစဉ်က သုံးပေမှ လေးပေ အထိ နေရာလိုက်၍ ရေဝင်ခံရမှုရှိ ခဲ့ပြီး ဒုတိယအကြိမ် ရေတက်ချိန်မှာ ပထမအကြိမ်ထက် ပိုမိုများပြားသဖြင့် နေအိမ်များတွင် အောက်ထပ်၌ နေ၍ မရသည်အထိရှိခဲ့သည်။ ရေဝင်နစ် မြုပ်ခံရသည့် ရပ်ကွက်၊ ကျေးရွာများ ၌ သောက်သုံးရေသန့်ရှင်းမှုမရှိသည့် အပြင် အိမ်သာကိစ္စပါ အခက်အခဲ ရှိကြောင်း၊ ရေနစ်မြုပ်ရာနေရာတွင် နေထိုင်ကြရ၍ သွားလာမှုခက်ခဲပြီး ကျန်းမာရေးထိခိုက်မှုများ တွေ့ကြုံ မည်ကို စိုးရိမ်နေကြရကြောင်း သိရ သည်။
Democracytoday
Sign up here with your email
ConversionConversion EmoticonEmoticon