အိမ်ထောင်ရှင် လင်ယောက်ျားက အမေ့စကားကို နားထောင်သင့်လား??? ဇနီးမယားရဲ့ စကားကိုနားထောင်သင့်လား???
ဖတ်ကြည့်လိုက်ပါ… သဘာဝကျတယ်…
သင်က သင့်အမေပေါ် ရိုသေတာ သားသမီးရဲ့တာဝန်ကြောင့် ဖြစ်သင့်တယ်…
ဒါပေမယ့် သင်က သင့်ဇနီးအပေါ်ပိုချစ်မြတ်နိုးပေးသင့်တယ်…
အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ကြုံတွေ့ရတဲ့သူတွေ သေချာဖတ်ပြီး စဉ်းစားပြီးမှ ဆုံးဖြတ်ကြနော်…
① သင့်ကို သင့်အမေက ရင်နဲ့လွယ်ပြီးမွေးခဲ့ရတာ သူကသင့်အပေါ်ကောင်းတာက ဖြစ်သင့်ဖြစ်ထိုက်လို့… ဒါပေမယ့်သင့်ဇနီးက သင့်ယောက္ခကမွေးပေးထားတာ…
သူသင့်အပေါ်ကောင်းတာက ဖြစ်သင့်ဖြစ်ထိုက်လို့ဆိုတာ မဟုတ်တော့ဘူး…
② သင့်ကိုသင့်အမေမွေးဖွားခဲ့တုန်းက သူ့အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့ရတယ်… ဒါကသင့်အဖေကြောင့်ဖြစ်တာ သင့်အဖေက သူ့အပေါ်ကောင်းသင့်တယ်… သင့်ဇနီးက သင့်ကိုကလေးမွေးပေးရတာ ပင်ပန်းဆင်းရဲပြီး သေမလို ခံစားရတာက သင့်ကြောင့်ဖြစ်ရတာ… ဒါကြောင့် သင်ကသင့်ဇနီးအပေါ် ကောင်းတာကဖြစ်သင့်တယ်…
③ သင်ဘာပဲ လုပ်လုပ် သင့်အမေက သင့်အမေပဲ… ဒါပေမယ့် သင်က သင့်ဇနီးအပေါ် မကောင်းခဲ့ဘူးဆိုရင် သူက သူများဇနီးဖြစ်သွားနိုင်တယ်…
④ တကယ်လို့ သင်က အသက်(၁၀၀)ထိ အသက်ရှည်ခဲ့မယ်ဆိုရင် သင့်အမေက သင့်ကို အသက် ၀~၂၀ ထိ ပဲ သင့်ရဲ့ ဝတ်ဒုက္ခကို ခံခဲ့ရတယ်… ဒါကသင့်သက်တမ်းရဲ့ ၅ပုံ၁ပုံပဲရှိတယ်… တကယ်လို့ သင်က အသက်(၂၅)မှ အိမ်ထောင်ပြုခဲ့ရင် သေတဲ့အထိ သင့်ရဲ့ဝတ်တွေကို သင့်ဘဝရဲ့ ၅ပုံ၎ပုံအထိ လုပ်ကိုင်ပေးရတယ်…
⑤ သင့်အမေက သင့်ကိုတကယ်ချစ်ရင် သင့်ကို သာယာပျော်ရွှင်မှုတွေ ပေးသင့်တယ်… သင်က သင့်ရင်သွေးကို တကယ်ချစ်ရင် သူတို့အတွက် အကြီးမားဆုံးပေးဆပ်မှုက သူ့မိခင်ကို သစ္စာရှိရှိချစ်တာပဲ…
⑥ ဇနီးက သင့်ရဲ့ကျန်တဲ့သက်တမ်းမှာ သင့်ကိုပြုစုရမယ့်သူ… သင့်အမေက သူ့ကိုကျေးဇူးတင်သင့်တယ်… သင့်အမေရဲ့ ကျန်နေတဲ့သက်တမ်းမှာ သူ့ကို သင်ရယ်သင့်ဇနီးက ပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်… ဒါကြောင့် သင်ကသင့်ဇနီးကို ကျေးဇူးတင်သင့်တယ်…
⑦ သင့်ဇနီးက သင့်ရဲ့စကားတစ်ခွန်းကြောင့် သူ့မိသားစုကို စွန့်ခွာပြီး သင့်မိသားစုထဲဝင်လာတာ… သင့်မိဘကို ကိုယ်မိဘလိုသဘောထားတယ်… သင့်မိဘက သူ့ကိုဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုခဲ့ဖူးလို့လား… စားဝတ်နေရေးအားလုံး သင့်မိဘတွေနဲ့ ဘာမှမသက်ဆိုင်ခဲ့ဘူးထင်တယ်... ဒါပေမယ့် သင့်အတွက်နဲ့ သင့်အိမ်မှာ ကျွန်လိုအလုပ်လုပ်ပေးခဲ့ရတယ်… သင် သင့်ဇနီးကို မချစ်ဘဲနေသင့်သလား???
⑧ ဇနီးက ကိုယ့်အိမ်မှာဆို ကိုယ့်အဖေအမေရဲ့ အလိုလိုက်ခြင်းကိုခံရတယ်… သင့်အိမ်ရောက်ပြီးမှ သင့်မိဘတွေရဲ့ မျက်နှာကြည့်ပြီး နေရထိုင်ရတယ်…
သင် ဘာမှမဆိုင်သလိုနေသင့်သလား???
ကယ် သဘောတူတဲ့သူတွေ share လိုက်ကြရအောင်… ဒါမှ ယောကျာ်းတွေက သူ့မိန်းမကို ဘယ်လိုချစ်သင့်လည်းဆိုတာ သိလိမ့်မယ်…
အလှအပခံစားတတ်သူများနှင့် မြန်မာ့အလှ
Sign up here with your email
ConversionConversion EmoticonEmoticon