မိန်းကလေးတွေဟာ နားလည်ရခက်တယ်လို့ ပြောကြပါတယ်။
နားလည်ရခက်တာကို နားလည်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအကြောင်းကို ပြောပြမယ်နော်။
★ အပျိုဖော်ဝင်ချိန်တွင် စိတ်လှုပ်ရှားတတ်ပါတယ်။
အချိန်တိုင်း ရည်းစားထားချင်တယ်လို့ စိတ်ဝင်စားတယ်လို့ ပါးစပ်ကထုတ်မပြောပင်မဲ့လည်း စိတ်ထဲမှာ တွေးနေမိမှာပါ။ ဒီလိုဖြစ်တာဟာ မိန်းကလေးတွေ အပျိုဖော်ဝင်စမှာ ဖြစ်စမြဲကိစ္စတစ်ခုပါ။ ဘာကြောင့်လည်းဆိုရင် လူ့ဦးနှောက်ထဲမှာ ကိုယ့်ရဲ့မိသားစုဘဝကို တည်ဆောက်ဖို့ရန်
ဘဝလက်တွဲဖော်က လိုအပ်တယ်ဆိုတာကို ပြောနေတာကြောင့် ဖြစ်ပါတယ်။ ကိုယ့်ရဲ့မျိုးဆက်သစ်ကို လူ့လောကကြီးထဲမှာ ထားခဲ့ရန် စဉ်းစားသောကြောင့် ကိုယ်နဲ့လိုက်ဖက်မယ့် သူကို ရှာဖွေနေတာဖြစ်ပါတယ်။
★ ရာသီချိန်မှာ ဦးနှောက်တွင်းမှာ ခဏခဏပြောင်းလဲနေတယ်။
ငယ်ရွယ်တဲ့မိန်းကလေးတွေရဲ့ ဦးနှောက်ထဲမှာ လတိုင်း ဟော်မုန်း ၃ မျိုးက လစဉ်ပြောင်းလဲလျက်ရှိပါတယ်။ ပြောင်းလဲနေတဲ့ ဟော်မုန်းဓါတ်တွေကတော့ အဲစ်တိုဂန်း၊ ပုရိုဂဲ့စုတဲ့ရုံး၊ တဲ့စ်စုတဲ့ရုံး တို့ဖြစ်ပါတယ်။ ယုံမယ်လို့တော့ မထင်ပါဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်ဟာ နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတတ်တယ်ဆိုရင်လည်း မမှားပါ။
★ ကိုယ်ဝန်ဆောင်၊ မီးဖွားချိန်ကနေစပြီး ကလေးကသာလျှင် အရေးကြီးဆုံးပါ။
မိန်းကလေးတွေဟာ ကလေးရပြီဆိုရင်ပြောင်းလဲသွားတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါဟာ မမှားပါ။ ကိုယ်ဝန်ဆောင်၊ မီးဖွားချိန်၊ ပြုစုပျိုးထောင်နေချိန်မှာ မိန်းကလေးတွေရဲ့ ဦးနှောက်ဟာ ပြောင်းလဲမှုတွေရှိပြီး ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ကလေး သာလျှင်ဖြစ်ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းဗိုက်ထဲမှာရှိ ကလေးနဲ့အချင်းကနေထွက်လာတဲ့ ဟော်မုန်းဓါတ်တွေကြောင့် အတွေးအခေါ်တွေလည်း ပြောင်းလဲသွားပါလိမ့်မယ်။ ကလေးကို မွေးဖွားပြီး ၆ လအတွင်းမှာ ကလေးကို အလေးပေး ကြည့်ရှု့ဖို့ရန် ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေဟာ ဒီအချိန်တွေမှာ ပင်ပန်းနေပြီး ကလေးနားကနေခွာနေချိန်မှာလည်း စိတ်ထဲမှာ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ မိသားစုနဲ့လည်း ကသိကအောက်တွေ ဖြစ်တတ်ပါတယ်။
★ ကလေးတွေကြီးသော ဒုတိယ ဘဝက စပြီ။
ကလေးတွေကြီးပြီးချိန်ရောက်တော့လည်း သွေးဆုံးချိန်ရောက်ပြီး ဟော်မုန်းဓါတ်တွေ ပြောင်းလဲမှုတွေကြောင့် ကျန်းမာရေး ချို့ယွင်းမှုတွေရှိတတ်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်တွင်းမှာ ကလေးတွေထက်ကို ကိုယ့်အတွက်ကို အချိန်ပေးရန် ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ့်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို လုပ်ရန်ဆန္ဒတွေ ဖြစ်လာမှာပါ။
ဒီစာလေးကနေ မိန်းကလေးတွေရဲ့ စိတ်အကြောင်းကို နည်းနည်းနားလည်နိုင်မယ်လို့ ရည်ရွယ်ပါတယ်။
ChelmoTeam
Sign up here with your email
ConversionConversion EmoticonEmoticon