ဒီတစ်ပတ်အတွက် ဟင်းအမယ် ပဲငံပြာရည်နဲ့ သံပုရာရည်နှပ် ကြက်ပေါင်ကြော်


ပဲငံပြာရည်၊ သံပုရာရည်နဲ့ နှပ်ထားတဲ့ ကြက်ပေါင်ကြော်လေးဟာ ရိုးရှင်းပေမယ့် တကယ် အရသာထူးတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ရလည်း လွယ်ကူပြီး အကုန်ကျသက်သာတဲ့ ချက်ပြုတ်နည်း တစ်ခုဖြစ်ပါတယ်။ ကြက်သားကြော် ကြိုက်နှစ်သက်သူတွေအတွက် ယင်းချက်ပြုတ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

· ကြက်ပေါင် ၁ ပေါင်

· ပဲငံပြာရည် ၁/၄ ခွက်

· သံပုရာရည် ထမင်းစားဇွန်း (၂) ဇွန်း

· ဆီ

လုပ်ပုံလုပ်နည်း

ကြက်သား၊ ပဲငံပြာရည်နဲ့ သံပုရာရည်ကို ပန်းကန်တစ်လုံးမှာ ရောပြီး ရေခဲသေတ္တာထဲ အနည်းဆုံး ၁ နာရီ နှပ်ထားရပါမယ်။

ဆီကို လက်ကိုင်တပ် ဒယ်တစ်လုံးနဲ့ သင့်ရုံသာ အပူပေးပါ။ ကြက်သားကို ရွှေနေညိုရောင်ရင့်ရင့်ဖြစ်သည်အထိ ဆီမြုပ်ကြော်ရပါမယ်။ ကျန်တာတွေလည်း ထိုနည်းအတိုင်း လုပ်ရပါမယ်။ ဆီတွေ စင်အောင် တစ်ရှူးနဲ့ စစ်ပေးရပါမယ်။

ထမင်းစားပန်းကန်သို့ ပြောင်းထည့်ကာ မိမိကြိုက်နှစ်သက်ရာ အရံဟင်းနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။ 

TrendMyanmar
Previous
Next Post »
Powered by Blogger.