ဘဝလမ်း မသေချာတော့တဲ့ ချစ်စရာ ကလေးငယ်လေး











အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ ဇနီးမောင်နှံဟာ မွေးဖွားရန် အပတ် ၃၀ အလိုမှာ ဗိုက်ထဲက ရင်သွေးငယ်ဟာ ဘယ်လိုဖြစ်မလဲဆိုတာကို အန်ထရာဆောင်းရိုက်ပြီး လေ့လာကြည့်ပါတယ်။

ဝမ်းနည်းစိတ်မကောင်းဖြစ်စွာပဲ သတင်းနှစ်ခုကို ကြားသိရပါတယ်။ ပထမ တစ်ခုက မျက်နှာပြားပြား၊ မျက်လုံးပိတ်ပိတ် ဦးနှောက်မမှန်ပဲ မွေးဖွားလာမယ့် ဒေါင်းရောဂါ ခေါ် Down Syndrome ရှိနေပြီး နောက်တစ်ခုက ဦးနှောက်ထဲမှာ ခွဲစိတ် ကုသရန် မဖြစ်နိုင်တဲ့ ကင်ဆာ အကြိတ် တစ်ခုပါ ကံဆိုးခြင်း ဆု အဖြစ် ပါဝင်လာခြင်းပါပဲ။ ကြားကြားခြင်း မယုံနိုင်အောင် ဖြစ်သွားတဲ့ မိခင်နဲ့ ဖခင်တို့ဟာ ရင်ကွဲလု မတက် ခံစားရ ပါတယ်။ ဒါဟာ ပထမဆုံး ကလေးတော့ မဟုတ်ပါဘူး။ နှစ်နှစ်အရွယ် သမီးငယ်လေးအတွက် ညီမလေး ဖြစ်လာမယ့် ကလေးလေး ဖြစ်ပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာပဲ မွေးဖွားရန် အချိန်သိပ် မတန်ခင် မွေးဖွား ပါတယ်။

တောက်လျှောက် ဝမ်းနည်း ကြေကွဲလာတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ ခံစားချက်နဲ့ ဝေဒနာတို့ဟာ ကလေးကို မြင်တဲ့အချိန်မှာ အနည်းငယ် သက်သာရာ ရသွားပါတယ်။ အနည်းဆုံးတော့ ကလေးငယ်လေး လူ့လောကကို ရောက်လာပြီလေ။ ဥာဏ်ရည်နွမ်းပါးတဲ့ ကလေးကို ခေါ်ဆိုလေ့ရှိတဲ့ Down ရောဂါ ရှိရင် ကလေးတွေဟာ ဘဝမှာ ဒုက္ခိတ တစ်ယောက်လိုပဲ အသက်ရှင်ရ ပါတယ်။ အလုပ်လည်း မလုပ်နိုင်ပါ။ တစ်သက်လုံး ကလေးလေးလို နေထိုင်သွားရတဲ့ သူတို့ ဘဝဟာ ရင်နှစ်ဝမ်းနည်းစရာ ကောင်းပါတယ်။

မိဘအချို့သာ ကလေးအဲ့လိုရောဂါပါရှိပြီး ကုမရတဲ့ ကင်ဆာပါ ပါရင် ပစ်ပယ်ဖို့ ကြိုးစားပေမယ့် Erika နဲ့ Stephen Jones တို့ကတော့ ကလေးကို ချစ်သထက် ပိုချစ်ပါတယ်။ ကလေးငယ်လေးရဲ့ ချစ်စရာ ပုံစံလေးကို 8.8 photography မှ ရိုက်ကူးဖော်ပြပေးခဲ့ပြီး မိဘမေတ္တာရော၊ ကလေးငယ်တိုင်းရဲ့ ချစ်စရာ အသွင်အပြင်ကိုရော ထင်ပေါ်စေခဲ့ ပါတယ်။

ရိုးရာလေး
Previous
Next Post »
Powered by Blogger.