အဲဗာတန် အသင်းဟာ အသင်းရဲ့ နောက်ခံလူ John Stones ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေအပေါ် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ Roberto Martinez ရဲ့ "ပိုက်ဆံက အရာရာတိုင်းကို မ၀ယ်နိုင်ဘူး" ဆိုတဲ့ စကား နဲ့ ပယ်ဖျက်လိုက်ပါတယ်။
Martinez ဘက်က အခိုင်မာဆိုခဲ့တာကတော့ John Stones က အသင်းမှ ထွက်ခွာခွင့်ကို စာရေးပြီးတောင်းဆိုခဲ့ပေမယ့်လည်း အသင်းအနေနဲ့ John Stones ကို ချဲလ်ဆီး အသင်းကို ရောင်းချမှာ မဟုတ်ဘူးဆိုတာပါပဲ။
"ကျွန်တော်တို့ ဒါကို မနက်ပိုင်းမှာ ကတည်းက ငြင်းဆိုခဲ့ပါတယ်။ ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် ၊ အဓိက အချက်ကတော့ ဘောလုံးမှာ ပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ် တစ်ခါတစ်လေမှာ ပိုက်ဆံဟာ အရာရာတိုင်းဝယ်ယူနိုင်မှာ မဟုတ်ပါဘူး" လို့ Martinez က ဆိုပါတယ်။
အင်္ဂလန် လက်ရွေးစင်ကစားသမား John Stones ဟာ အသင်းရဲ့ အနာဂါတ် အတွက်လည်း အရေးပါတဲ့ ကဏ္ဍ တစ်ခုဖြစ်နေတဲ့အတွက် အဲဗာတန် အသင်းဟာ John Stones ရှိမှပဲ အကောင်းဆုံး ဖြစ်အောင် ကစားနိုင်လိမ့်မယ်လို့ Martinez က ဆိုပါတယ်။
Martinez ကို Sky Sport သတင်းဌာန က အင်္ဂလန် လက်ရွေးစင် ကစားသမား John Stones ကို ရောင်းဖို့ အစီအစဉ် ရှိပါသေးသလား လို့ မေးမြန်းတဲ့ အခါမှာတော့ John Stones က လုံးဝ မရှိပါဘူး လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။
Mario - သစ်ထူးလွင်
Ref : Mirror
Sign up here with your email
ConversionConversion EmoticonEmoticon