ဘားအံမြို့ပေါ်ရှိရေဘေးကယ်ဆယ်ရေးစခန်း ၈ခုအားမြို့မဂျာမေ့အ်ဗလီရှေ့ဆောင်မှလှူဒါန်း











ဘားအံမြို့ပေါ်ရှိရေဘေးကယ်ဆယ်ရေးစခန်း ၈ခုအားမြို့မဂျာမေ့အ်ဗလီရှေ့ဆောင်ဆရာမှဦးဆောင်၍ဆန်အိတ်စုစုပေါင်း ၇၅ အိတ်နှင့်မားမားခေါက်ဆွဲ ၁၄၄ ဖာအားသွားရောက်လူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဘားအံ မရ်ကဇ်ဂျာမေ့အ်ဗလီ(ဈေးကြီးဗလီ)ကအီမာမ်ဆပ်နဲ့ သဗ်လီးဂ်ရူရာများဦးဆောင်ပြီး
ရေဘေးအတွက် လှူနေတဲ့ပုံတွေပါ။ မှတ်တမ်းအဖြစ် Album လေးလုပ်ပြီး တင်ပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင်များနဲ့ တခြား non-Muslim တွေထဲမှာ မုတ်ဆိတ်+ဦးထုပ်+၀တ်ရုံဖြူအရှည် ဆိုရင် နည်းနည်း ဆိုက်ကို ရှိတတ်ကြပါတယ်။ အမှန်တော့ မသမာသူတွေ ၀ါဒဖြန့်ထားတာကြောင့် အထင်လွဲနေကြတာပါ။ လူယုတ်မာတွေက ဒီဝတ်စုံကို အကာအကွယ်ယူပြီး ယုတ်မာတဲ့လုပ်ရပ်တွေ လုပ်ဘူးထားလို့ အထင်လွဲနေကြတာပါ။ ဘာသာတရားတိုင်းမှာ လူကောင်းနဲ့ လူဆိုးရှိတယ်ဆိုတာ သဘောပေါက်မှာပါ။ အခု ဒါနပြုနေတဲ့လူတွေရဲ့ မျက်နှာတွေ အမူအရာတွေ အပြုံးတွေကိုကြည့်ပါ။ သူတို့ရဲ့ လှိုက်လှဲမှု၊ ကြင်နာမှု၊ အာဃာတမဲ့မှုတွေကိုကြည့်ပါ။ မေတ္တာကို ဘယ်လိုရှေးရှုနေသလဲဆိုတာမြင်အောင်ကြည့်ပါ။ သံသယတွေပျောက်ပါစေသား။

ဒီလိုအချိန်ဟာ သံသယရှိနေတဲ့ ဘာသာတရားနှစ်ခုအကြား ချစ်ကြည်ရေးတည်ဆောက်ဖို့အတွက် အကောင်းဆုံး အချိန်ပါ။ ကိုယ်တွေဘက်က ဘာအညှိုး ဘာအာဃာတမှမထားပဲနဲ့ စေတနာသန့်သန့်နဲ့ လှူဒါန်းရင် အမုန်းတရားတွေ သံသယတွေကို ချေဖျက်ဖို့ ကြိုးစားကြပါစို့။ Peaceful Co-existance ကို အတူတကွ ပြန်လည်တည်ဆောက်ကြပါစို့။

ပုံများကို Minn Khant နဲ့ ကို Min Thet Naing တို့ ဆီက ယူပါတယ်။

Twal Har 
Previous
Next Post »
Powered by Blogger.