ပုသိမ်ကအမျိုးသမီးကို ဓါးနဲ့ထိုးသတ်တဲ့ ဘုန်းကြီးက ဘာတွေ ပြောပြသလဲ















ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ရှိ မြို့မဈေးလည်ခေါင်မှာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ က နေ့လည် ၁၂ နာရီမှာ ဈေးထဲ ဈေးဝယ်နေတဲ့ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေး ရွာအုပ်စု ၊အောင် သာကျေးရွာ မှ အမျိုးသမီးငယ်တစ်ဦးကို သင်္ကန်းဝတ် ဘုန်းကြီးတစ်ယောက် ( ဘုန်းကြီး တစ်ပါးဟု မသုံးလိုပါ) က မသေမချင်း ဓါးနဲ့ထိုးခုတ်မွှေနှောက်ပြီး အသက်သေ မသေစောင့်ကြည့်တယ်၊ အမျိုး သမီး မသေဆုံးခင်မှာ ဘေးကရပ်ကြည့်နေတဲ့ လူထုက ၀င်ရောက် ကယ်တင်ဖို့ ကြိုးစားတာမှာ ဒီဘုန်းကြီးက ၀င်ရောက်ကယ် တင်ဖို့ကြိုးစား သူတွေကို ဓါးနဲ့ ဝှေ့ယမ်းခြိမ်းခြောက်ပြီး မကယ်နို င်အောင်ကြိုးပမ်းတယ်။


" မဥမ္မာရဲ့ ဘယ်ဘက်ရင်အုံကို ဒါး ၄ ချက်ထိုးပြီး လဲမကျခင် ၃ မိနစ်လောက် ဖက်ထား ပြီး မေးတာက (ဥမ္မာ နင်သေပြီလား) တဲ့။ ပတ်ဝန်းကျင်းက ဘုန်းကြီးကို ရိုက်ဖို့ လုပ်ေ တာ့ လူသေကို ချပြီး ဘေးလူတွေကို ဒါးနဲ့ လိုက်ထိုးတယ် ဘယ်လိုမှ မလွတ်နိုင်မှန်းသိေ တာ့ သေသူရဲ့ဘေးနားကို သွားပြီး သူ့လည်ကို သူလှီးလိုက်ပြီး သေသူ မဥမ္မာကို ဖက်ပြီးလှဲေ နလိုက်တယ်/ အခု ရဲထွက်ချက်မှာ အကြွေး ၇ သိန်း ပြန်မဆပ်လို့သတ်ရပါတယ်ဆိုတဲ့ လူသတ်မှု့က မျက်မြင်တွေ့တဲ့ အမြင်နဲ့ တော်တော်လွဲနေတယ် " အခင်းဖြစ်ရာ မှ မျက်မြင်တစ်ဦး က ပြောကြောင်း သိရသည်။

အသက်ထွက်သွားပြီ ဆိုတော့မှ သူကိုယ်တိုင် သူ့လည်ပင်းကို သူ့ဓါးနဲ့ လှီးဖြတ်ပြီး အမျိုးး သမီးရဲ့ အလောင်းပေါ်ကို လှဲချလိုက်သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူသတ်သမား ဘုန်းကြီးဟာလည်း အဲ့ဒီ အမျိုးသမီး မဥမ္မာ ဆိုသူ နေထိုင်တဲ့ရွာမျာပဲ ယခင်က ကျောင်းထိုင် လုပ်ခဲ့ဘူးကြောင်း ၊ လူမှုရေး ရှုပ်ထွေးမှုများကြောင့် ရွာမှနေပြီး ကျောင်းထိုင်အဖြစ်ကနေ နှင် ထုတ် ခဲ့တာကြောင့် ထိုင်းနိုင်ငံကို ထွက်ခွာသွားကြောင်း၊ အခင်းမဖြစ်ခင် နှစ်ပတ်လောက်ကမှ ထိုင်းနိုင်ငံ ကနေ ပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှာ ကနဦးေ တွ့ရှိတဲ့ ရဲရဲ့စစ်ချက်တွေအရ ပေါ်ပေါက်ခဲ့တယ်။ အမျိုးသမီးက သေဆုံးသွားေ ပ မယ်လို့ ဦးဝဏ္ဏိတ ဆိုတဲ့ ဒီဘုန်းကြီးကတော့ မသေခဲ့ပါ။

လည်ပင်းကို သူ့ဖာသာသူလှီးဖြတ်ခဲ့တဲ့ ဒဏ်ရာကို ၁၈ချက်ချူပ်ခဲ့အပြီးမှာတော့ သူဟာ အသက်သေဆုံးမယ့် ဘေးက လွတ်မြောက်ခဲ့တယ်။ စကားမပြောနိုင်လို့ သူဘာ့ကြောင့် လူတ် ရသလဲ ဆိုတဲ့ ထွက်ချက်ကို ဂျပ်စက္ကူချပ်တွေပေါ်မှာ ဆော့ဖ်ပင်နဲ့ ရေးခိုင်းပြီး ထွက်ချက်ရယူခဲ့ တယ်။ ပုံမှာဖော်ပြထားတဲ့ သူ့ရဲ့ သံဃာမှတ်ပုံတင် အရ သူဟာ ရခိုင်လူမျိုး ဘုန်းကြီး တစ်ဦး ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး သူ့ထွက်ဆိုချက် စာတွေအရ သေဆုံးသူ မဥမ္မာ ဆိုသူ အမျိုး သမီးဟာ သူ့ကို ချစ်ကြောင်း ပေးထားတဲ့စာ သူ့အိပ်ထဲမှာ ရှိကြောင်းတွေ ၊ မင်္ဂလာေ တာ့ ဆောင်ဘူးတယ်ရှိအောင် ဆောင်ကြည့်ချင်မိတယ် ဆိုတာ ဘာဘာညာညာတွေ တွေ့ရတာကြောင့် ဒီဘုန်းကြီးဟာ အသတ်ခံရသူ အမျိုးသမီးနဲ့ ထဲထဲဝင်ဝင် လူမှုရေး ရှုပ်ထွေးမှု ရှိခဲ့ကြောင်း တွက်ဆနိုင်ပါတယ်။

ဒါကတော့ ဖြစ်စဉ်ပေါ့ဗျာ။ ဒါကို သူတို့ဖာသာသူတို့ လူမှုရေးတွေ ရှုပ်ထွေးပြီး ဒိန်းတလိန်းနတ် ဖမ်းစားပြီး မရှုနိုင်မကယ်နိုင်ဖြစ်ပြီး သတ်ဖြတ်တာတွေအထိဖြစ်ခဲ့တဲ့ ဟာကို ဖြစ်ပြီးတာနဲ့ ချိန် ကိုက်ပဲ မြန်မာအမျိုးသမီးနဲ့ မြန်မာသံဃာတော်ကို အစ္စလာမ်ကုလားက ရက်ရက်စက်စက် သတ်ပါတယ် ဆိုပြီး သွေးသံရဲရဲ ပုံတွေတင်၊ပြီး အွန်လိုင်းပေါ် ချိန်ကိုက်ကို ဖွကြတော့တာပဲ။ ဖွထားတဲ့ အကောင့်တွေ လိုက်ကြည့်လိုက်တော့ ရခိုင်လူမျိုးတွေ၊ ၉၆၉ မဘသ ဆိုတဲ့ မျိုးချစ် ဆိုသူတွေရဲ့ လုပ်ကြံအကောင့်တွေချည်းဖြစ်နေတာတွေ့ရတယ်။ ဒိကြားထဲ နာမည်ကြီး မုသားဖြင့် လုပ်ကြံရေးဝါဒီ ၀ီရသူတောင် တစ်နေရာမှာ တွေ့လိုက်ရသေး။

ဆိုလိုချင်တာက လူသတ်ကောင်ဘုန်းကြီးက ရခိုင်လူမျိုးဗျာ၊ ဗုဒ္ဓဘာသာဗျာ၊ သင်္ကန်းလည်း စည်းထားသေး၊ အထောက်အထားတွေလည်း အပြည့်ရှိသေးဗျာ။ အသတ်ခံရတာကလည်း မြန်မာ ဗုဒ္ဓဘာသာဗျာ။ ဒီမှာ ကုလားနဲ့ ဘာဆိုင်လို့တုန်း။းဒါကို လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေ မဖြစ်ဖြစ်အောင် ဖွနေတာက ရခိုင်အကောင့်တွေ မဘသ ဆိုသူတွေ။ ဒီလူတွေ တဆိတ်လွန် လွန်း ပြီလို့တော့ ထင်ပါတယ်။ လက်ရှိအစိုးရဟာ မိမိကိုယ်ကို လူကောင်းတွေလို့ ခံယူရင် လူတွေအမြင်မှာ လူကောင်းတွေပါလို့ ပြသချင်တယ်ဆိုရင် ဒီလို ယုတ်မာလုပ်ကြံနေသူတွေကို အရးယူပေးပါလို့ ပြောပါရစေ။ အင်မတန် အောက်တန်းကျလွန်းလို့ပါ။

ရောဘတ်အယ်လ်ဟို့စ်
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

Photo credits : Ko Ko Maung , Zaw Naing Tun Thein, Wunna & လှစိုး ။
Previous
Next Post »
Powered by Blogger.