ဇူလိုင်လ၂၀မှစ၍ ရှားတောမြောက်ပိုင်းမှ စပါးသီးနှံဖျက်သည့် ကြွက်များသည် မြောက်ပိုင်းသာမက ရှားတောမြို့နယ် တခုလုံးနီးပါးရှိ စိုက်ပျိုးခင်းထဲသို့ ဝင်ရောက်ဖျက်ဆီးနေကြောင်း ရှားတောမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောသည်။
̏ အခုက မြောက်ပိုင်းမကတော့ဘူး၊ ရှားတောတမြို့နယ်လုံး ကူးစက်သောင်းကျန်းကုန်ပြီ ̋ ဟု ဦးဌေးရယ်က ပြောကြားခဲ့သည်။
ယခင်လအတွင်းက ရှားတောမြို့နယ် မြောက်ပိုင်း အုပ်စုတွင်းရှိ တောင်သူများ၏ စိုက်ပျိုးထားသော သီးနှံများကို ကြွက်များက ဝင်ရောက်ဖျက်ဆီးခဲ့ရာ များစွာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြရသည်။ ယခု အခါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ကြောင်း သိရသည်။
̏ ကျနော် တောင်ယာထဲသွားမို့ လမ်းပေါ်မှာ ဖြတ်လျှောက်လာတာ အကောင်တော်တော်ကြီးတယ် ၂၅ကျပ်သား (အစိတ်သား) လောက်ရှိမယ်ထင်တယ် သူ့ကိုတအားစိတ်တိုလို့ သူ့ကိုသတ်လိုက်တယ်။ ” ဟု ဒေါလဲဒူကျေးရွာမှ စိုက်ပျိုးတောင်သူ ဦးသန်းဝင်း ကပြောသည်။
မြောက်ပိုင်းအုပ်စုတွင် ကြွက်များ ဝင်ရောက်ကိုက်ဖြတ်သော နေရာများတွင် စပါးပင်များ၊ ပြောင်းပင်များသည် အမြစ်ပါ ကိုက်ဖြတ်ကြသောကြောင့် ဒေသခံများ ဆုံးရှုံးနှစ်နာမှုများကြုံတွေ့နေကြရသည်။
၎င်းကြွက်များကို နှိမ်နင်းရန်အတွက် ရှားတောမြို့မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဌဦးအေးမောင် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနွံတို့ က လွှတ်တော်ဘတ်ဂျက်မှ ကြွက်နှိမ်ဆေးများကို ကျေးရွာဒေသခံများအတွက် တစ်အိမ်ထောင် တစ်ထုတ်စီ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်ကလည်း ရှားတောဘက်နှင့် ဟိုယာဒေသတို့ဘက်မှာ ကြွက်နှိမ်ဆေးများ ပေးဝေလျှက်ရှိကြောင်း သိရသည်။ ဟိုယာဒေသဘက်တွင်မူ တောထဲချုံထူသော နေရာတွင်ခိုအောင်းနေကြောင်း သိရသည်။
̏ ပြီးတော့ ကြွက်ဆေးပေါ့နော်။ ဒါတွေပေးထားတယ်။ ကြွက်ကလည်း ဘယ်ကနေလာတယ် ဆိုတာ လည်း အတိကျ မသိဘူးလေ။ ခုလိုသီးနှံဖျက်တာပေါ့ ။ ဖျက်တဲ့ ခါကျတော့ လမ်းလွဲအောင်လုပ်ပေးရတယ်လေး ̋ ဟု ဝန်ကြီးဦးပိုးရယ် ရန်အောင်ကပြောခဲ့သည်။
ဟိုယာဒေသတွင်လည်း မိုးခေါင်၍တောင်သူများ စပါးစိုက်ပျိုးမှုမအောင်မြင်သည့်အပြင် ကြွက်များထပ်မံ ဖျက်ဆီးမည်ကိုလည်း စိုးရိမ်နေကြရသည်။
မူအက်စတာ - ကန္တာရ၀တီတိုင်း(မ်)
Sign up here with your email
ConversionConversion EmoticonEmoticon