ရေပေါ်ရွေ့လျားကရဝိက်ဟိုတယ် ပထမဆုံးအကြိမ်ခရီးစဉ် စတင်ပြေးဆွဲ

ရေပေါ်ကရဝိက်ဟိုတယ်အား တွေ့ရစဉ်။ ဓာတ်ပုံ-ဒေါင်းဝင်း
ဧရာဝတီမြစ် အတွင်း မန္တလေး- မင်းကွန်း- စစ်ကိုင်း အသွားအပြန်ရှုခင်းကြည့်အပန်း ဖြေခရီးစဉ်များအဖြစ် ရွေ့လျား ပြေးဆွဲပေးမည့် ရေပေါ်ကရဝိက် ဟိုတယ်သည် တည်ဆောက်မှုလုပ် ငန်းအားလုံးပြီးစီးပြီဖြစ်သဖြင့် ဧည့် သည် ၂ဝဝ အား တင်ဆောင်ကာ ဇွန် ၂၈ ရက် ညနေ ၄ နာရီက ပထမဆုံးအကြိမ် စတင်ပြေးဆွဲခဲ့ ကြောင်း သိရသည်။

''၂ဝ၁၃ခုနှစ်၊ မတ် ၃ ရက်က စတင်တည်ဆောက်ခဲ့တာပါ။ မြန်မာ နိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းပွဲတော် အမီပြေးဆွဲဖို့စီစဉ်ခဲ့ပေမယ့် မပြီး စီးခဲ့လို့ နောက်ထပ်အချိန်ယူပြီး တည် ဆောက်ရေးလုပ်ငန်းတွေ ဆောင် ရွက်ခဲ့ပါတယ်။ သုံးထပ်ရေပေါ်ရွေ့ လျားသင်္ဘောကြီးပါ။ ကျွမ်းကျင်အင် ဂျင်နီယာများနဲ့ ရေပေါ်မှာ အန္တ ရာယ်မရှိပြေးဆွဲနိုင်အောင် ပေါ့ပါး တဲ့ပစ္စည်းများ အသုံးပြုတည်ဆောက် ထားပါတယ်။ ဇူလိုင်လကစပြီး အပတ် စဉ်ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့များ မှာ ပြေးဆွဲပေးပါ့မယ်''ဟု ကရဝိက် ဟိုတယ်ဒါရိုက်တာဦးမျိုးနိုင်ဦးက ပြောသည်။

ရေပေါ်ရွေ့လျားကရဝိက်ဟို တယ်မှာ အလျား ပေ ၂၅ဝ၊ အနံ ၄၃ ပေရှိပြီး အထပ်သုံးထပ်ပါဝင် သည်။ ပထမ အထပ်တွင် အခန်း ၁၂ ခန်းပါဝင်ရာ Superior Room ခုနစ်ခန်း၊ Ayarwaddy Deluxe Room နှစ်ခန်း၊ Karaweik Suite Room သုံးခန်းတို့ကို ရေ၊ မီး၊ သန့် ရှင်းရေးအခန်းများ စုံလင်စွာဖြင့် ဖွဲ့စည်းထားသည်။ ကျန်အထပ်များ တွင် စားသောက်ခန်း၊ ဧည့်ကြိုခန်း နှင့်ဧည့်သည်များ ဧရာဝတီမြစ်ရှု ခင်းအလှကြည့်ရှုနိုင်ရန်ပါထည့် သွင်းဆောက်လုပ်ထားသည်။ စီး နင်းလိုက်ပါသူများအနေဖြင့် တရုတ် အစားအစာ၊ ဘီယာနှင့် အအေး မျိုးစုံ၊ အလွယ်တကူစားသောက်နိုင် သော အဆာပြေအစားအစာများပါ အချိန်မရွေးရရှိနိုင်ရန် ဖွင့်လှစ်ထား ပြီး သင်္ဘောပေါ်တွင် ဝိုင်ဖိုင်အသုံး ပြုနိုင်ရန်ပါ စီစဉ်ပေးထားသည်။

''မင်္ဂလာဆောင်များကို သုံးနာရီ ကျပ်ခြောက်သိန်းနဲ့ ဆိပ်ကမ်းနေရာ မှာပဲ အစားအသောက်မပါ လက်ခံ ဆောင်ရွက်ပေးပါတယ်။ မြစ်အ တွင်းသင်္ဘောစီးရင်း မင်္ဂလာဆောင် မယ်ဆိုရင်လဲ စီစဉ်ပေးပါမယ်။ သင်္ဘောကြီးခရီးစဉ်မရှိတဲ့ ရက်တွေ မှာ အဆာပြေအစားအစာနဲ့ အချို ရည်၊ ဘီယာများလာရောက်သုံး ဆောင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေလဲ တည်း ခိုနိုင်ပါပြီ။ ညပိုင်းမှာလဲ စင်တင် တေးဂီတ၊ မြန်မာ့ရုပ်သေး၊ မြန်မာ ခြင်းအလှခတ်များနဲ့ပါ ဖျော်ဖြေသွား မှာပါ''ဟု ကရဝိက်ဟိုတယ်အမှု ဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောသည်။
မြစ်အတွင်း ပြေးဆွဲမှုခရီးစဉ် တွင် လူတစ်ဦးလျှင် ကျပ် ၇ဝဝဝ သတ်မှတ်ထားရာ သင်္ဘောပေါ်တွင် အဆာပြေအစားအစာနှင့် အချိုရည် အခမဲ့ဧည့်ခံမည်ဖြစ်ပြီး ခရီးစဉ် တစ်ခုလုံးအတွက် လူဦးရေ ၂ဝဝ သာ လက်ခံမည်ဖြစ်သည်။

ခရီးစဉ်တစ်ကြောင်းလျှင် အ ချိန် နှစ်နာရီကြာမည်ဖြစ်ရာ စက် တင်ဘာလမှ ဧပြီလအထိ ညနေ ၄ နာရီမှ ၆ နာရီထိ လည်းကောင်း၊ မေလမှ အောက်တိုဘာလအထိ ညနေ ၃ နာရီမှ ၅ နာရီအထိလည်း ကောင်း၊ ဧရာဝတီမြစ်အတွင်း၌ အ သွားအပြန် ရှုခင်းကြည့်အပန်းဖြေ ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။

DW - DemocracyToday

Previous
Next Post »
Powered by Blogger.